(၁၁) ရက်အတွင်း တပ်မတော်ထံ အလင်းဝင်လာသူ TNLA ၊ DPLA နှင့် MDY-PDF အဖွဲ့ဝင် (၉၇) ဦးအထိ ရှိလာ

 3915

ချယ်ရီ (NP News) - ဇူလိုင် ၂၈
ဇူလိုင်လ (၁၇) ရက်မှ (၂၇) ရက်အထိ (၁၁) ရက်အတွင်း TNLA ၊ DPLA နှင့် MDY-PDF အဖွဲ့ဝင် (၉၇) ဦးသည် လက်နက်ခဲယမ်းများနှင့် အတူ တပ်မတော်ထံ ထပ်မံအလင်းဝင်ရောက်လာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစ်စိုက် အလေးထား ဆောင်ရွက်လျက်ရှိပြီး လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံ တပ်စခန်းများ နှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထိုသို့ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်မှုများရှိရာ ဇူလိုင် (၁၇)ရက်နေ့မှ ယမန်နေ့ (ဇူလိုင်လ ၂၇ ရက်)အထိ TNLA အဖွဲ့ဝင် (၄) ဦး ၊ DPLA အဖွဲ့ဝင် (၄၁)ဦး နှင့် MDY-PDF အဖွဲ့ဝင် (၅၂)ဦး၊ စုစုပေါင်း (၉၇) ဦးတို့သည် လက်နက်မျိုးစုံ (၁၃) လက်၊ ကျည်မျိုးစုံ (၁,၅၁၅) တောင့်၊ ကျည်အိမ် (၁၂)ခုနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ရာ ၎င်းတို့ကို တာဝန်ရှိသူများက ပြန်လည်လက်ခံပြီး ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကာ မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည်လွှဲပြောင်းအပ်နှံ ပေးလျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် ယူဆောင်လာသော လက်နက်၊ ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Versiion:
(၁၁) ရက္အတြင္း တပ္မေတာ္ထံ အလင္းဝင္လာသူ TNLA ၊ DPLA ႏွင့္ MDY-PDF အဖြဲ႕ဝင္ (၉၇) ဦးအထိ ရွိလာ
ခ်ယ္ရီ (NP News) - ဇူလိုင္ ၂၈
ဇူလိုင္လ (၁၇) ရက္မွ (၂၇) ရက္အထိ (၁၁) ရက္အတြင္း TNLA ၊ DPLA ႏွင့္ MDY-PDF အဖြဲ႕ဝင္ (၉၇) ဦးသည္ လက္နက္ခဲယမ္းမ်ားႏွင့္ အတူ တပ္မေတာ္ထံ ထပ္မံအလင္းဝင္ေရာက္လာေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးကို အစဥ္တစ္စိုက္ အေလးထား ေဆာင္႐ြက္လ်က္ရွိၿပီး လက္နက္ကိုင္ အၾကမ္းဖက္အဖြဲ႕ဝင္မ်ားအေနျဖင့္လည္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားအေပၚ နားလည္သေဘာေပါက္လာၾကကာ နီးစပ္ရာနယ္ေျမခံ တပ္စခန္းမ်ား ႏွင့္ လုံၿခဳံေရးရဲကင္းမ်ားတြင္ လာေရာက္သတင္းပို႔၍ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထိုသို႔ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္မႈမ်ားရွိရာ ဇူလိုင္ (၁၇)ရက္ေန႔မွ ယမန္ေန႔ (ဇူလိုင္လ ၂၇ ရက္)အထိ TNLA အဖြဲ႕ဝင္ (၄) ဦး ၊ DPLA အဖြဲ႕ဝင္ (၄၁)ဦး ႏွင့္ MDY-PDF အဖြဲ႕ဝင္ (၅၂)ဦး၊ စုစုေပါင္း (၉၇) ဦးတို႔သည္ လက္နက္မ်ိဳးစုံ (၁၃) လက္၊ က်ည္မ်ိဳးစုံ (၁,၅၁၅) ေတာင့္၊ က်ည္အိမ္ (၁၂)ခုႏွင့္အတူ ျပန္လည္ဝင္ေရာက္လာခဲ့ရာ ၎တို႔ကို တာဝန္ရွိသူမ်ားက ျပန္လည္လက္ခံၿပီး ဝန္ခံကတိလက္မွတ္ ေရးထိုးေစကာ လိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ား ေဆာင္႐ြက္ေပးခဲ့ကာ မိဘအုပ္ထိန္းသူမ်ားထံ စနစ္တက်ျပန္လည္လႊဲေျပာင္းအပ္ႏွံ ေပးလ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ရန္ ဆႏၵရွိသူမ်ား က်န္ရွိေနေသးေၾကာင္းသိရွိရၿပီး ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လိုသူမ်ားအေနျဖင့္ နီးစပ္ရာခ႐ိုင္၊ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ တပ္စခန္းမ်ားႏွင့္ ရဲစခန္းမ်ားသို႔ အျမန္ဆက္သြယ္ သတင္းေပးပို႔လာပါက ႀကိဳဆိုလက္ခံေပးသြားမည္ျဖစ္ေၾကာင္းႏွင့္ ယူေဆာင္လာေသာ လက္နက္၊ ခဲယမ္းမ်ားအတြက္ ဆုေၾကးေငြမ်ားအား ထိုက္တန္စြာ ေပးအပ္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Picture

Tha Lwin

30/07/2025 12:25

ဝမ်းမြောက်ဝမ်းသာကြိုဆိုလျှက်ပါ

Related news

© 2021. All rights reserved.