ရုရှားရေနံကို ဝယ်ယူခြင်းဖြင့် ပိတ်ဆို့အရေးယူမှုများကို တရုတ်က ခုခံလိမ့်မည်ဟု အမေရိကန်ပြော

 79

Pika (NP News) - သြဂုတ် ၄

အမေရိကန်၏အခွန်စည်းကြပ်မှုခြိမ်းခြောက်မှုများရှိနေသော်လည်း ရုရှားရေနံကို ဆက်လက် ဝယ်ယူရန် တရုတ်နိုင်ငံက ကတိပြုထားဆဲဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ် ဆန့်ကပြောကြားခဲ့သည်။ ပြီးခဲ့သည့်ဇူလိုင်လ(၂၉) ရက်က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် လုပ်ဆောင်ခဲ့ သည့် အမေရိကန်-တရုတ်ကုန်သွယ်ရေးဆွေးနွေး ပွဲများအပြီး နှစ်ရက်အကြာတွင် စကော့ဘတ်ဆန့်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲအပြီးတွင် တရုတ်နိုင်ငံက ၎င်း၏ စွမ်းအင်အချုပ်အခြာအာဏာကို ကာကွယ် မည်ဟု အလေးအနက်ပြောကြားခဲ့ကြောင်း စကော့ဘတ်ဆန့်က ပြောကြားခဲ့သည်။ ထို့ပြင် ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်ပြီး လာမည့်ဆယ်ရက် အတွင်း သဘောတူညီချက်မရရှိခဲ့ဘူးဆိုပါက ရုရှား၏ပို့ကုန် ဝယ်ယူသည့်နိုင်ငံများအပေါ် (၁၀ဝ) ရာခိုင်နှုန်းအခွန်စည်းကြပ်မှုများအပါအဝင် ပိတ်ဆို့ အရေးယူမှု အသစ်များကို ချမှတ်သွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်ရက်ပိုင်းတွင် ခြိမ်းခြောက် ပြော ဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်၏ခြိမ်းခြောက်မှုများကို ရုရှားအစိုးရတာဝန်ရှိသူများက ပြစ်တင်ဝေဖန်ခဲ့ပြီး အဆိုပါ ခြိမ်းခြောက်မှုများသည် ယူကရိန်းတွင် ငြိမ်းချမ်းရေးရရှိရန်ကြိုးပမ်းမှုများကို ထိခိုက်ပျက်ပြား စေကြောင်း အခိုင်အမာပြောဆိုခဲ့သည်။ ထို့ပြင် ရုရှား၏ပို့ကုန်များကို ဝယ်ယူသည့်နိုင်ငံများအနေဖြင့် အခွန် (၅၀ဝ)ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမှု များကိုရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေသင့်ကြောင်း စကော့ဘတ်ဆန့်ကပြောကြားခဲ့သည်။ စကော့ဘတ် ဆန့်က “ရုရှားရေနံတွေကို ဝယ်ယူတဲ့ဘယ်နိုင်ငံ မဆို အခွန်(၅၀ဝ)ရာခိုင်နှုန်းကောက်ခံမှုအတွက် အဆင်သင့်ဖြစ်နေသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version:
႐ုရွားေရနံကို ဝယ္ယူျခင္းျဖင့္ ပိတ္ဆို႔အေရးယူမႈမ်ားကို တ႐ုတ္က ခုခံလိမ့္မည္ဟု အေမရိကန္ေျပာ
Pika (NP News) - ၾသဂုတ္ ၄
အေမရိကန္၏အခြန္စည္းၾကပ္မႈၿခိမ္းေျခာက္မႈမ်ားရွိေနေသာ္လည္း ႐ုရွားေရနံကို ဆက္လက္ ဝယ္ယူရန္ တ႐ုတ္ႏိုင္ငံက ကတိျပဳထားဆဲျဖစ္ေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီး စေကာ့ဘတ္ ဆန႔္ကေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ဇူလိုင္လ(၂၉) ရက္က ဆြီဒင္ႏိုင္ငံ စေတာ့ဟုမ္းၿမိဳ႕တြင္ လုပ္ေဆာင္ခဲ့ သည့္ အေမရိကန္-တ႐ုတ္ကုန္သြယ္ေရးေဆြးေႏြး ပြဲမ်ားအၿပီး ႏွစ္ရက္အၾကာတြင္ စေကာ့ဘတ္ဆန႔္က ယင္းကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါေဆြးေႏြးပြဲအၿပီးတြင္ တ႐ုတ္ႏိုင္ငံက ၎၏ စြမ္းအင္အခ်ဳပ္အျခာအာဏာကို ကာကြယ္ မည္ဟု အေလးအနက္ေျပာၾကားခဲ့ေၾကာင္း စေကာ့ဘတ္ဆန႔္က ေျပာၾကားခဲ့သည္။ ထို႔ျပင္ ယူကရိန္း ပဋိပကၡႏွင့္ပတ္သက္ၿပီး လာမည့္ဆယ္ရက္ အတြင္း သေဘာတူညီခ်က္မရရွိခဲ့ဘူးဆိုပါက ႐ုရွား၏ပို႔ကုန္ ဝယ္ယူသည့္ႏိုင္ငံမ်ားအေပၚ (၁၀ဝ) ရာခိုင္ႏႈန္းအခြန္စည္းၾကပ္မႈမ်ားအပါအဝင္ ပိတ္ဆို႔ အေရးယူမႈ အသစ္မ်ားကို ခ်မွတ္သြားမည္ျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ၿခိမ္းေျခာက္ ေျပာ ဆိုခဲ့သည္။
ေဒၚနယ္ထရမ့္၏ၿခိမ္းေျခာက္မႈမ်ားကို ႐ုရွားအစိုးရတာဝန္ရွိသူမ်ားက ျပစ္တင္ေဝဖန္ခဲ့ၿပီး အဆိုပါ ၿခိမ္းေျခာက္မႈမ်ားသည္ ယူကရိန္းတြင္ ၿငိမ္းခ်မ္းေရးရရွိရန္ႀကိဳးပမ္းမႈမ်ားကို ထိခိုက္ပ်က္ျပား ေစေၾကာင္း အခိုင္အမာေျပာဆိုခဲ့သည္။ ထို႔ျပင္ ႐ုရွား၏ပို႔ကုန္မ်ားကို ဝယ္ယူသည့္ႏိုင္ငံမ်ားအေနျဖင့္ အခြန္ (၅၀ဝ)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ေကာက္ခံမႈ မ်ားကိုရင္ဆိုင္ရန္ အဆင္သင့္ျဖစ္ေနသင့္ေၾကာင္း စေကာ့ဘတ္ဆန႔္ကေျပာၾကားခဲ့သည္။ စေကာ့ဘတ္ ဆန႔္က “႐ုရွားေရနံေတြကို ဝယ္ယူတဲ့ဘယ္ႏိုင္ငံ မဆို အခြန္(၅၀ဝ)ရာခိုင္ႏႈန္းေကာက္ခံမႈအတြက္ အဆင္သင့္ျဖစ္ေနသင့္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.