အငြင်းပွားကျွန်းအနီးကိုရောက်လာတဲ့ အမေရိကန်ဖျက်သင်္ဘောကို တရုတ်စစ်တပ်မောင်းထုတ်

4144
Pika(NP News)
တောင်တရုတ်ပင်လယ်အတွင်းက အငြင်းပွား Scarborough Shoalကျွန်းအနီးကို ဝင်ရောက်လာတဲ့ အမေရိကန်ဖျက်သင်္ဘောကို စောင့်ကြည့်ပြီး မောင်းထုတ်ခဲ့တယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါပေမယ့်လည်း ၎င်းတို့ရဲ့လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီတယ်လို့လည်း အမေရိကန်ရေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ USS Higginsဖျက်သင်္ဘောဟာ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်တွေမရှိဘဲ ရေပိုင်နက်အတွင်းကို ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။တရုတ်စစ်တပ်က”အမေရိကန်ဖျက်သင်္ဘောရဲ့လုပ်ရပ်ဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်ပြီး တောင်တရုတ်ပင်လယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီမစ်ရှင်နဲ့ပတ်သက်ပြီး တရုတ်ရဲ့ထုတ်ပြန်ချက်ဟာ မှားယွင်းကြောင်းနဲ့ USS Higginsဖျက်သင်္ဘောဟာ နိုင်ငံတကာဥပဒေနဲ့အညီ Scarborough Shoalကျွန်းအနီးမှာ လွတ်လပ်စွာသွားလာခွင့်ရှိတယ်လို့ အမေရိကန်ရေတပ်က တုံ့ပြန်ပြောကြားခဲ့ပါတယ်။
Zawgyi Version:
အျငင္းပြားကြၽန္းအနီးကိုေရာက္လာတဲ့ အေမရိကန္ဖ်က္သေဘၤာကို တ႐ုတ္စစ္တပ္ေမာင္းထုတ္
Pika(NP News)
ေတာင္တ႐ုတ္ပင္လယ္အတြင္းက အျငင္းပြား Scarborough Shoalကြၽန္းအနီးကို ဝင္ေရာက္လာတဲ့ အေမရိကန္ဖ်က္သေဘၤာကို ေစာင့္ၾကည့္ၿပီး ေမာင္းထုတ္ခဲ့တယ္လို႔ တ႐ုတ္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါေပမယ့္လည္း ၎တို႔ရဲ႕လုပ္ရပ္ဟာ ႏိုင္ငံတကာဥပေဒနဲ႔ ကိုက္ညီတယ္လို႔လည္း အေမရိကန္ေရတပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ USS Higginsဖ်က္သေဘၤာဟာ တ႐ုတ္အစိုးရရဲ႕ ခြင့္ျပဳခ်က္ေတြမရွိဘဲ ေရပိုင္နက္အတြင္းကို ဝင္ေရာက္ခဲ့တာျဖစ္တယ္လို႔ တ႐ုတ္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။တ႐ုတ္စစ္တပ္က”အေမရိကန္ဖ်က္သေဘၤာရဲ႕လုပ္ရပ္ဟာ တ႐ုတ္ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ လုံၿခဳံေရးကို ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္ၿပီး ေတာင္တ႐ုတ္ပင္လယ္မွာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ျပင္းျပင္းထန္ထန္ ထိခိုက္ေစပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။အဲ့ဒီမစ္ရွင္နဲ႔ပတ္သက္ၿပီး တ႐ုတ္ရဲ႕ထုတ္ျပန္ခ်က္ဟာ မွားယြင္းေၾကာင္းနဲ႔ USS Higginsဖ်က္သေဘၤာဟာ ႏိုင္ငံတကာဥပေဒနဲ႔အညီ Scarborough Shoalကြၽန္းအနီးမွာ လြတ္လပ္စြာသြားလာခြင့္ရွိတယ္လို႔ အေမရိကန္ေရတပ္က တုံ႔ျပန္ေျပာၾကားခဲ့ပါတယ္။