ဖြေရှင်းချက်မရှိဘဲ ပြီးဆုံးသွားခဲ့တဲ့ အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ

176

Pika(NP News)-အောက်တိုဘာ ၃၀
အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ကြား ရေရှည်အပစ်အခတ်ရပ်စဲရေးအတွက် အစ္စတန်ဘူလ်မြို့မှာလုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲတွေဟာ ဖြေရှင်းချက်မရှိဘဲ ပြီးဆုံးသွားခဲ့တယ်လို့ အဲ့ဒီကိစ္စနဲ့ရင်းနှီးတဲ့သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့ပါတယ်။ယခုလအတွင်း လူအသေအပျောက်များတဲ့ နယ်စပ်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်းမှာ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ ကြိုးပမ်းမှုတွေဟာ သိသာထင်ရှားတဲ့ရလဒ်တွေမရှိဘဲ အဆုံးသတ်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အစ္စတန်ဘူလ်မြို့မှာ အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်တို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေကြား လုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲဟာ (၂၀၂၁)ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အဖွဲ့ အာဏာရလာချိန်ကနေစတင်ပြီး ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်အစိုးရတို့ကြား အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့လုပ်ဆောင်ခဲ့တဲ့ နောက်ဆုံးအကြိမ်ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၉)ရက်နေ့မှာ ကာတာနိုင်ငံ ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့က သဘောတူညီခဲ့ပေမယ့်လည်း အစ္စတန်ဘူလ်မြို့မှာ ဒုတိယအကြိမ်မြောက်လုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲတွေအတွင်း နှစ်ဖက်ကြားသဘောတူညီချက်ရရှိခဲ့တာမျိုးမရှိခဲ့ဘူးလို့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။အာဖဂန်နစ္စတန်အစိုးရဟာ ပါကစ္စတန်အစိုးရကို ရန်လိုနေတဲ့ ပါကစ္စတန်တာလီဘန်အဖွဲ့ကို ထိန်းချုပ်ဖို့အတွက် ကတိဝတ်ပြုဖို့ လိုလားတာမျိုးမရှိဘူးလို့လည်း ပါကစ္စတန်လုံခြုံရေးသတင်းရင်းမြစ်တစ်ခု ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေျဖရွင္းခ်က္မရွိဘဲ ၿပီးဆုံးသြားခဲ့တဲ့ အာဖဂန္နစၥတန္နဲ႔ပါကစၥတန္တို႔ရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ
Pika(NP News)-ေအာက္တိုဘာ ၃၀
အာဖဂန္နစၥတန္နဲ႔ ပါကစၥတန္တို႔ၾကား ေရရွည္အပစ္အခတ္ရပ္စဲေရးအတြက္ အစၥတန္ဘူလ္ၿမိဳ႕မွာလုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲေတြဟာ ေျဖရွင္းခ်က္မရွိဘဲ ၿပီးဆုံးသြားခဲ့တယ္လို႔ အဲ့ဒီကိစၥနဲ႔ရင္းႏွီးတဲ့သတင္းရင္းျမစ္ႏွစ္ခုက ေျပာၾကားခဲ့ပါတယ္။ယခုလအတြင္း လူအေသအေပ်ာက္မ်ားတဲ့ နယ္စပ္တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီးေနာက္ ေဒသတြင္းမွာ ၿငိမ္းခ်မ္းေရးရရွိႏိုင္ဖို႔ ႀကိဳးပမ္းမႈေတြဟာ သိသာထင္ရွားတဲ့ရလဒ္ေတြမရွိဘဲ အဆုံးသတ္သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အစၥတန္ဘူလ္ၿမိဳ႕မွာ အာဖဂန္နစၥတန္နဲ႔ပါကစၥတန္တို႔ရဲ႕ ကိုယ္စားလွယ္အဖြဲ႕ေတြၾကား လုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲဟာ (၂၀၂၁)ခုႏွစ္မွာ အာဖဂန္နစၥတန္ႏိုင္ငံမွာ တာလီဘန္အဖြဲ႕ အာဏာရလာခ်ိန္ကေနစတင္ၿပီး ပါကစၥတန္နဲ႔အာဖဂန္နစၥတန္အစိုးရတို႔ၾကား အၾကမ္းဖက္မႈေတြကို ကာကြယ္ဖို႔လုပ္ေဆာင္ခဲ့တဲ့ ေနာက္ဆုံးအႀကိမ္ႀကိဳးပမ္းမႈတစ္ခုလည္း ျဖစ္ပါတယ္။ၿပီးခဲ့တဲ့ ေအာက္တိုဘာလ(၁၉)ရက္ေန႔မွာ ကာတာႏိုင္ငံ ၾကားဝင္ေစ့စပ္ေပးခဲ့တဲ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို အာဖဂန္နစၥတန္နဲ႔ ပါကစၥတန္တို႔က သေဘာတူညီခဲ့ေပမယ့္လည္း အစၥတန္ဘူလ္ၿမိဳ႕မွာ ဒုတိယအႀကိမ္ေျမာက္လုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲေတြအတြင္း ႏွစ္ဖက္ၾကားသေဘာတူညီခ်က္ရရွိခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။အာဖဂန္နစၥတန္အစိုးရဟာ ပါကစၥတန္အစိုးရကို ရန္လိုေနတဲ့ ပါကစၥတန္တာလီဘန္အဖြဲ႕ကို ထိန္းခ်ဳပ္ဖို႔အတြက္ ကတိဝတ္ျပဳဖို႔ လိုလားတာမ်ိဳးမရွိဘူးလို႔လည္း ပါကစၥတန္လုံၿခဳံေရးသတင္းရင္းျမစ္တစ္ခု ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။