ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြား အပြန်အလှန်ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားလာ

 369

Pika (NP News)-ဖေဖော်ဝါရီ ၂၆
ထိုင်းနယ်စပ်တစ်လျှောက်မှာ ကမ္ဘောဒီးယားတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါ့ပြင် ကမ္ဘောဒီးယားက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့လည်း ထိုင်းစစ်တပ်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း ကမ္ဘောဒီးယားဘက်ကတော့ ၎င်းတို့ကဘယ်လိုလက်နက်မျိုးကိုမှ အသုံးပြုခဲ့တာမျိုး မရှိခဲ့ဘူးလို့ ပြန်လည်တုံံ့ပြန်ပြောဆိုခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြား နယ်စပ်တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး လူပေါင်းများစွာသေဆုံးခဲ့ပြီးတော့ လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပေမယ့်လည်း နယ်စပ်မှာ တင်းမာမှုတွေရှိနေဆဲဖြစ်ကာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ အပြန်အလှန်စွပ်စွဲပြောဆိုမှုတွေ ရှိနေဆဲလည်းဖြစ်ပါတယ်။နယ်စပ်ပြည်နယ် Sisaketမှာ ထိုင်းစစ်တပ်က ကင်းလှည့်မှုတွေလုပ်ဆောင်နေစဉ်အချိန်အတွင်း ကမ္ဘောဒီးယားတပ်ဖွဲ့တွေက (၄၀)မမလက်ပစ်ဗုံးတစ်လုံးပစ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ထိုင်းစစ်တပ်က ပြောကြားခဲ့ပါတယ်။ဒါပေမယ့်လည်း ထိုင်းအစိုးရရဲ့ပြောဆိုချက်တွေက မှားယွင်းကြောင်းနဲ့ လူထုရဲ့ထင်မြင်ယူဆချက်တွေကို လှည့်စားဖို့သက်သက် ရည်ရွယ်ပြီးလုပ်နေတာဖြစ်တယ်လို့ ကမ္ဘောဒီးယားပြန်ကြားရေးဝန်ကြီး Neth Pheaktra က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ထိုင္းနဲ႔ကေမာၻဒီးယားတို႔ၾကား အျပန္အလွန္ပစ္ခတ္မႈေတြ ျပန္လည္ျဖစ္ပြားလာ
Pika (NP News)-ေဖေဖာ္ဝါရီ ၂၆
ထိုင္းနယ္စပ္တစ္ေလွ်ာက္မွာ ကေမာၻဒီးယားတပ္ဖြဲ႕ေတြနဲ႔ အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တယ္လို႔ ထိုင္းစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ကေမာၻဒီးယားက အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့တယ္လို႔လည္း ထိုင္းစစ္တပ္က စြပ္စြဲေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း ကေမာၻဒီးယားဘက္ကေတာ့ ၎တို႔ကဘယ္လိုလက္နက္မ်ိဳးကိုမွ အသုံးျပဳခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ ျပန္လည္တုံံ့ျပန္ေျပာဆိုခဲ့ပါတယ္။ထိုင္းနဲ႔ကေမာၻဒီးယားတို႔ၾကား နယ္စပ္တိုက္ပြဲေတြဟာ ၿပီးခဲ့တဲ့ႏွစ္ေႏွာင္းပိုင္းမွာျဖစ္ပြားခဲ့တာျဖစ္ၿပီး လူေပါင္းမ်ားစြာေသဆုံးခဲ့ၿပီးေတာ့ လူတစ္သန္းေက်ာ္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရတယ္လို႔လည္း သိရပါတယ္။ထိုင္းနဲ႔ကေမာၻဒီးယားတို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလေႏွာင္းပိုင္းမွာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ေပမယ့္လည္း နယ္စပ္မွာ တင္းမာမႈေတြရွိေနဆဲျဖစ္ကာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ အျပန္အလွန္စြပ္စြဲေျပာဆိုမႈေတြ ရွိေနဆဲလည္းျဖစ္ပါတယ္။နယ္စပ္ျပည္နယ္ Sisaketမွာ ထိုင္းစစ္တပ္က ကင္းလွည့္မႈေတြလုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း ကေမာၻဒီးယားတပ္ဖြဲ႕ေတြက (၄၀)မမလက္ပစ္ဗုံးတစ္လုံးပစ္ခဲ့တာေၾကာင့္ အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ထိုင္းစစ္တပ္က ေျပာၾကားခဲ့ပါတယ္။ဒါေပမယ့္လည္း ထိုင္းအစိုးရရဲ႕ေျပာဆိုခ်က္ေတြက မွားယြင္းေၾကာင္းနဲ႔ လူထုရဲ႕ထင္ျမင္ယူဆခ်က္ေတြကို လွည့္စားဖို႔သက္သက္ ရည္႐ြယ္ၿပီးလုပ္ေနတာျဖစ္တယ္လို႔ ကေမာၻဒီးယားျပန္ၾကားေရးဝန္ႀကီး Neth Pheaktra က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.