အီရန် နှင့် တင်းမာမှု အမြင့်ဆုံးရှိနေချိန်တွင်အမေရိကန် ဖျက်သင်္ဘော အစ္စရေးဆိပ်ကမ်းသို့ ဆိုက်ရောက်

 344

ဂျန်ဇက်(NP News)-ဖေဖော်ဝါရီ ၂၆
အမေရိကန်နှင့် အီရန်ကြားစစ်ရေးတင်းမာမှုများ အမြင့်ဆုံးအမှတ်သို့ ရောက်ရှိနေချိန်တွင် အမေရိကန်ရေတပ်၏ ခေတ်မီ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောကြီးတစ်စင်းသည် အစ္စရေးနိုင်ငံရှိ ဆိပ်ကမ်းတစ်ခုသို့ ဝင်ရောက်ဆိုက်ကပ်လာခဲ့သည်။အဆိုပါ သဘော်ရောက်ရှိလာမူသည် သမ္မတ ဒေါ်နယ်ထရမ့်၏ နောက်ဆက်တွဲ ဆုံးဖြတ်ချက်များကို စောင့်ဆိုင်းနေချိန်အတွင်းအမေရိကန်၏ အသင့်ပြင်ထားမှုကို မဟာဗျူဟာမြောက် ပြသလိုက်ခြင်းဖြစ်သည်။အမေရိကန် ၅ ခုမြောက် ရေတပ်အုပ်စုမှ အဆင့်မြင့် Arleigh Burke အမျိုးအစား ဖျက်သင်္ဘောဖြစ်သော USS Delbert D. Black သည် အစ္စရေးနိုင်ငံတောင်ပိုင်း ပင်လယ်နီကမ်းခြေရှိ အီလတ် (Eilat) ဆိပ်ကမ်း သို့ ဝင်ရောက်ဆိုက်ကပ်လာခဲ့ခြင်း ဖြစ်ကြောင်း သတင်းများကဖော်ပြထားသည်။အဆိုပါစစ်သင်္ဘောတွင် ရန်သူ့လေယာဉ်များနှင့် ဒုံးကျည်များကို အဆင့်မြင့် ခြေရာခံပစ်ချနိုင်သည့် Aegis စစ်ဆင်ရေးစနစ် တပ်ဆင်ထားပြီး၊ တာဝေးပစ် Tomahawk ခရုစ်ဒုံးကျည်များကိုပါ ပစ်လွှတ်နိုင်စွမ်းရှိကြောင်းသိရသည်။
အီရန် နှင့် တင်းမာမူများရှိနေချိန်တွင် လက်ရှိတွင် အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသသို့ USS Abraham Lincoln လေယာဉ်တင်သင်္ဘော အပါအဝင် ဖျက်သင်္ဘောများနှင့် တိုက်လေယာဉ်များကို အလုံးအရင်းဖြင့် စေလွှတ်ထားပြီး စစ်ရေးဖိအား ပေးထားကြောင်း သိရသည်။

Zawgyi Version:
အီရန္ ႏွင့္ တင္းမာမႈ အျမင့္ဆုံးရွိေနခ်ိန္တြင္အေမရိကန္ ဖ်က္သေဘၤာ အစၥေရးဆိပ္ကမ္းသို႔ ဆိုက္ေရာက္
ဂ်န္ဇက္(NP News)-ေဖေဖာ္ဝါရီ ၂၆
အေမရိကန္ႏွင့္ အီရန္ၾကားစစ္ေရးတင္းမာမႈမ်ား အျမင့္ဆုံးအမွတ္သို႔ ေရာက္ရွိေနခ်ိန္တြင္ အေမရိကန္ေရတပ္၏ ေခတ္မီ ပဲ့ထိန္းဒုံးက်ည္တပ္ ဖ်က္သေဘၤာႀကီးတစ္စင္းသည္ အစၥေရးႏိုင္ငံရွိ ဆိပ္ကမ္းတစ္ခုသို႔ ဝင္ေရာက္ဆိုက္ကပ္လာခဲ့သည္။အဆိုပါ သေဘာ္ေရာက္ရွိလာမူသည္ သမၼတ ေဒၚနယ္ထရမ့္၏ ေနာက္ဆက္တြဲ ဆုံးျဖတ္ခ်က္မ်ားကို ေစာင့္ဆိုင္းေနခ်ိန္အတြင္းအေမရိကန္၏ အသင့္ျပင္ထားမႈကို မဟာဗ်ဴဟာေျမာက္ ျပသလိုက္ျခင္းျဖစ္သည္။အေမရိကန္ ၅ ခုေျမာက္ ေရတပ္အုပ္စုမွ အဆင့္ျမင့္ Arleigh Burke အမ်ိဳးအစား ဖ်က္သေဘၤာျဖစ္ေသာ USS Delbert D. Black သည္ အစၥေရးႏိုင္ငံေတာင္ပိုင္း ပင္လယ္နီကမ္းေျခရွိ အီလတ္ (Eilat) ဆိပ္ကမ္း သို႔ ဝင္ေရာက္ဆိုက္ကပ္လာခဲ့ျခင္း ျဖစ္ေၾကာင္း သတင္းမ်ားကေဖာ္ျပထားသည္။အဆိုပါစစ္သေဘၤာတြင္ ရန္သူ႔ေလယာဥ္မ်ားႏွင့္ ဒုံးက်ည္မ်ားကို အဆင့္ျမင့္ ေျခရာခံပစ္ခ်ႏိုင္သည့္ Aegis စစ္ဆင္ေရးစနစ္ တပ္ဆင္ထားၿပီး၊ တာေဝးပစ္ Tomahawk ခ႐ုစ္ဒုံးက်ည္မ်ားကိုပါ ပစ္လႊတ္ႏိုင္စြမ္းရွိေၾကာင္းသိရသည္။
အီရန္ ႏွင့္ တင္းမာမူမ်ားရွိေနခ်ိန္တြင္ လက္ရွိတြင္ အေမရိကန္သည္ အေရွ႕အလယ္ပိုင္းေဒသသို႔ USS Abraham Lincoln ေလယာဥ္တင္သေဘၤာ အပါအဝင္ ဖ်က္သေဘၤာမ်ားႏွင့္ တိုက္ေလယာဥ္မ်ားကို အလုံးအရင္းျဖင့္ ေစလႊတ္ထားၿပီး စစ္ေရးဖိအား ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.