ခရိုင်းမီးယားရှိ ရုရှား၏ ဒေါ်လာ (၁) ဘီလီယံတန် လေကြောင်းကာကွယ်ရေးစနစ်များ ချေမှုန်းခံရ

813

ဂျန်ဇက်(NP News)-ဖေဖော်ဝါရီ ၂၆
ရုရှားတပ်ဖွဲ့များသိမ်းပိုက်ထားသည့် ခရိုင်းမီးယားကျွန်းဆွယ်ရှိ ရုရှား၏ အဆင့်မြင့် လေကြောင်းကာကွယ်ရေး စခန်းတစ်ခုကို ယူကရိန်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ကဖေဖော်ဝါရီ ၂၅ ရက်) တွင် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။အဆိုပါတိုက်ခိုက်မှုအတွင်း ရုရှား၏ ခန့်မှန်းခြေ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ လေကြောင်းရန်ကာကွယ်ရေး စနစ်ဖြစ်သောS-400 'စနစ်နှင့် ၎င်းအား အနီးကပ် လုံခြုံရေးယူပေးရသည့် Pantsir-S1 စနစ်တို့ ပျက်စီးသွားခဲ့ကြောင်း သတင်းများက ဆိုသည်။မိုင် ၂၅၀ ခန့် အကွာအဝေးရှိ လေယာဉ်များ၊ ခရုဇ်ဒုံးကျည်များနှင့် ပဲ့ထိန်းဒုံးကျည်များကို ပစ်ချနိုင်စွမ်းရှိသော ရုရှား၏ အဆင့်မြင့်ဆုံး မြေပြင်မှဝေဟင်ပစ် S-400 စနစ်၏ ရေဒါစခန်းနှင့် ဒုံးကျည်ပစ်စင်များ ဖျက်ဆီးခံလိုက်ရခြင်းသည် ရုရှားအတွက် ကြီးမားသော စစ်ရေးဆုံးရှုံးမှုတစ်ရပ် ဖြစ်သည်။ ထို့အပြင် S-400 စနစ်အား ဒရုန်းများနှင့် အနိမ့်ပျံဒုံးကျည်များရန်မှ ကာကွယ်ရန် တာဝန်ယူထားသော အကွာအဝေး ကီလိုမီတာ ၂၀ (၁၂ မိုင်) အတွင်း ပစ်ခတ်နိုင်သည့် Pantsir-S1 စနစ်ပါ တစ်ပါတည်း ဖျက်ဆီးခံခဲ့ရကြောင်း ယူကရိန်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ က အတည်ပြုသည်။တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လက်နက်အမျိုးအစားကို ယူကရိန်းစစ်တပ်က တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်းခရိုင်းမီးယားစစ်ဆင်ရေးတွင် အမေရိကန်ထုတ်ATACMS ကိုအသုံးပြုခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။

Zawgyi Version:
ခ႐ိုင္းမီးယားရွိ ႐ုရွား၏ ေဒၚလာ (၁) ဘီလီယံတန္ ေလေၾကာင္းကာကြယ္ေရးစနစ္မ်ား ေခ်မႈန္းခံရ
ဂ်န္ဇက္(NP News)-ေဖေဖာ္ဝါရီ ၂၆
႐ုရွားတပ္ဖြဲ႕မ်ားသိမ္းပိုက္ထားသည့္ ခ႐ိုင္းမီးယားကြၽန္းဆြယ္ရွိ ႐ုရွား၏ အဆင့္ျမင့္ ေလေၾကာင္းကာကြယ္ေရး စခန္းတစ္ခုကို ယူကရိန္းအထူးစစ္ဆင္ေရးတပ္ဖြဲ႕ကေဖေဖာ္ဝါရီ ၂၅ ရက္) တြင္ တိုက္ခိုက္ေခ်မႈန္းႏိုင္ခဲ့ေၾကာင္း သိရသည္။အဆိုပါတိုက္ခိုက္မႈအတြင္း ႐ုရွား၏ ခန႔္မွန္းေျခ ကန္ေဒၚလာ ၁ ဘီလီယံတန္ေၾကးရွိ ေလေၾကာင္းရန္ကာကြယ္ေရး စနစ္ျဖစ္ေသာS-400 'စနစ္ႏွင့္ ၎အား အနီးကပ္ လုံၿခဳံေရးယူေပးရသည့္ Pantsir-S1 စနစ္တို႔ ပ်က္စီးသြားခဲ့ေၾကာင္း သတင္းမ်ားက ဆိုသည္။မိုင္ ၂၅၀ ခန႔္ အကြာအေဝးရွိ ေလယာဥ္မ်ား၊ ခ႐ုဇ္ဒုံးက်ည္မ်ားႏွင့္ ပဲ့ထိန္းဒုံးက်ည္မ်ားကို ပစ္ခ်ႏိုင္စြမ္းရွိေသာ ႐ုရွား၏ အဆင့္ျမင့္ဆုံး ေျမျပင္မွေဝဟင္ပစ္ S-400 စနစ္၏ ေရဒါစခန္းႏွင့္ ဒုံးက်ည္ပစ္စင္မ်ား ဖ်က္ဆီးခံလိုက္ရျခင္းသည္ ႐ုရွားအတြက္ ႀကီးမားေသာ စစ္ေရးဆုံးရႈံးမႈတစ္ရပ္ ျဖစ္သည္။ ထို႔အျပင္ S-400 စနစ္အား ဒ႐ုန္းမ်ားႏွင့္ အနိမ့္ပ်ံဒုံးက်ည္မ်ားရန္မွ ကာကြယ္ရန္ တာဝန္ယူထားေသာ အကြာအေဝး ကီလိုမီတာ ၂၀ (၁၂ မိုင္) အတြင္း ပစ္ခတ္ႏိုင္သည့္ Pantsir-S1 စနစ္ပါ တစ္ပါတည္း ဖ်က္ဆီးခံခဲ့ရေၾကာင္း ယူကရိန္း အထူးစစ္ဆင္ေရးတပ္ဖြဲ႕ က အတည္ျပဳသည္။တိုက္ခိုက္မႈတြင္ အသုံးျပဳခဲ့သည့္ လက္နက္အမ်ိဳးအစားကို ယူကရိန္းစစ္တပ္က တရားဝင္ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးေသာ္လည္းခ႐ိုင္းမီးယားစစ္ဆင္ေရးတြင္ အေမရိကန္ထုတ္ATACMS ကိုအသုံးျပဳခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္း သုံးသပ္ထားသည္။