အစိုးရသစ်လက်ထက်တွင် ရှမ်းမြောက်၌ လက်နက်ကိုင်အချင်းချင်း နယ်မြေလုပွဲများ ပိုမိုပြင်းထန်လာနိုင်

551

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၂၄
လာမည့်အစိုးရသစ်လက်ထက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တပ်မတော်နှင့်လက်နက်ကိုင် အဖွဲ့တို့အကြား ထိတွေ့မှုနည်းသွားမည်ဖြစ်သော်လည်း လက်နက်ကိုင်အဖွဲ့အချင်းချင်းကြား နယ်မြေ လုပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ရှမ်းမြောက်အရေးကျွမ်းကျင်သူတစ်ဦးထံ NP News က ဆက် သွယ်မေးမြန်းထားသည့်အချက်အလက် များအရသိရသည်။
လက်ရှိနိုင်ငံရေးအခြေအနေအရ မန္တလေး - လားရှိုးလမ်းပိုင်းတွင် တပ်မတော်နှင့် ထိတွေ့မှုများ နည်းပါးသွားနိုင်သော်လည်း သိန္နီဒေသကဲ့သို့ ပြန်လည်ရရှိခြင်းမရှိသေးသည့်နယ်မြေများအပေါ် တပ်မ တော်၏ဆုံးဖြတ်ချက်မှာ ခန့်မှန်းရခက်ခဲနေဆဲဖြစ်ကြောင်းသိရသည်။
သို့သော် အစိုးရသစ်လက်ထက်တွင် တပ်မတော်နှင့်ထိပ်တိုက်တွေ့ဆုံမှုထက် ဒေသတွင်း လက် နက်ကိုင်အချင်းချင်းကြား ပဋိပက္ခများက ပိုမိုကြီးထွားလာနိုင်ကြောင်း ၎င်းကဆိုသည်။ “လာမည့်အစိုးရ လက်ထက်မှာတော့ ထိပ်တိုက်တွေ့စရာတော့ တအားနည်းပါတယ်။ အခုလို ဒေသတွင်း အချင်းချင်း နယ် မြေပရိပက္ခတွေ နယ်မြေ အငြင်းပွားမှုပြဿနာတွေပေါ့။ ဒါတွေက ဆက်ပြီး ကြီးထွားနိုင်တယ်။ ပထမ ဆုံးကျွန်တော်တို့အမြင်ကတော့ စစ်ရဲ့အကျိုးသက်ရောက်မှုကတော့ ရှိလာနိုင်သေးတယ်လို့မြင်တယ် ပေါ့လေ။ တပ်နဲ့ကတော့ လက်ရှိ မန္တလေး-လားရှိုးလမ်းပိုင်းကတော့ ဖြစ်စရာမရှိဘူးပေါ့။ သိန္နီအပိုင်းမှာ တော့ ပြန်မရသေးတဲ့အတွက် တပ်မတော်အနေနဲ့ ဘယ်လို့ဆုံးဖြတ်ဆောင်ရွက်မလဲဆိုတာတော့ ကျွန် တော်တို့အနေတဲ့ မှန်းရခက်တယ်”ဟု ၎င်းကပြောသည်။
သို့သော် လက်ရှိတွင် TNLA နှင့် MNDAA တို့၏ပွတ်တိုက်မှုများမှ သတ္တုတူးဖော်ရေးနှင့် ပတ် သက်သည့်ကိစ္စများ၊ ၎င်းတို့ထိန်းချုပ်ဒေသများတွင် ဆက်ဆံရေးရုံးများအပြန်အလှန်ဖျက်ဆီးခြင်းမှ ယင်း(၂)ဖွဲ့၏ဆက်ဆံရေးမှာလည်း ဆက်လက်တင်းမာလာနိုင်ကြောင်း ၎င်းကဆိုသည်။
“လက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ ပဋိပက္ခတွေရှိလာနိုင်တယ်။ ကျွန်တော်တို့ စီးပွားရေးနဲ့ပတ် သက်တဲ့ ဥပမာ သတ္တုတူးဖော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ။ ဆက်ဆံရေးရုံးတွေဝင်စီးပြီး ဖျက်ဆီးတာမျိုး တွေ။ ဒါတွေကတော့ တစ်စတစ်စနဲ့မြင့်လာတယ်ပေါ့။ ဒီအပေါ်မှာတော့ ကျွန်တော်တို့တွေ စိုးရိမ်မှုက တော့ ရှိတာပေါ့”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၇) ရက်ကလည်း သိန္နီမြို့နယ် မိုင်းပါးကျေးရွာတွင် TNLA အဖွဲ့ဝင် (၅၀) ခန့်ကို MNDAA က အင်အားသုံး ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လားရှိုးမြို့နယ် အီနိုင်းကျေးရွာဘက်သို့ ကားတင် ပို့ဆောင်ခဲ့ကြောင်းသိရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၆) ရက်ကလည်း ကွတ်ခိုင်မြို့ ဈေးအနီးရှိ MNDAA ၏ အုပ် ချုပ်ရေးရုံးသို့ TNLA အဖွဲ့များ ရောက်ရှိလာကာ ကိုးကန့်အလံဖြုတ်သိမ်းခြင်းနှင့် အစောင့်များကို နှင် ထုတ်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ပစ်ခတ်မှုများလည်းဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ကွတ်ခိုင်မြို့ကို TNLA နှင့် MNDAA တို့က ခွဲဝေကိုင်တွယ်အုပ်ချုပ်လိုနေပြီး ယင်း အဖွဲ့(၂)ဖွဲ့အနေဖြင့် ၎င်းတို့စိုးမိုးထားသည့်နယ်မြေများတွင်သာ အတည်တကျ အခြေစိုက် အုပ်ချုပ်လို သည့်သဘောထားများကိုလည်းမြင်တွေ့နေရကြောင်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
“ဥပမာအနေနဲ့ကတော့ ကွတ်ခိုင်မြို့ပေါ့။ ကွတ်ခိုင်မြို့ကို TNLA ရော MNDAA တို့ကပါ ဝေခြမ်း ရေးပေါ့။ ခွဲဝေပြီးအုပ်ချုပ်ချင်တယ်။ လက်ရှိမြောက်ပိုင်းအဖွဲ့တွေက လက်ရှိနေရပ်မှာပဲနေပြီးတော့ အုပ် ချုပ်ချင်တဲ့သဘောပေါ့။ ပြည်သူတွေကလည်း ငြိမ်းချမ်းချင်တယ်ပေါ့။ ဒီလိုသဘောမျိုးကို တွေ့ရတယ် ပေါ့။ အခုနောက်ပိုင်း MNDAA ဆိုရင် အစိုးရနဲ့တွေ့ဆုံဆွေးနွေးမှုတွေ တွေ့ရတယ်ပေါ့။ SSPP နဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေရှိတယ်။ ဒီပေါ်မှာ သူတို့ရဲ့ပြောကြားချက်တွေအရတော့ ပြည်ထောင်စုကနေ ခွဲမထွက်ဘဲ အုပ်ချုပ်ချင်တယ်ပေါ့။ ဒီလိုမျိုးလေးတွေတော့တွေ့ရတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါအခြေအနေများကြား ဒေသခံများအနေဖြင့် ငြိမ်းချမ်းရေးကိုသာ ပြန်လည်ယူဆောင်လို နေကြပြီး ပြည်မမှမူဆယ်အထိ ယခင်ကဲ့သို့ အစိုးရပြန်လည်အုပ်ချုပ်ရေးကို မျှော်လင့်ကြကြောင်း ၎င်း ကဆိုသည်။
“ကျွန်တော်တို့ဒေသခံတွေကတော့ နံပါတ်(၁) ငြိမ်းချမ်းရေးပေါ့နော်။ ငြိမ်းချမ်းရင် မူဆယ်အထိ နမ့်ခမ်းအပါအဝင် ကျွန်တော်တို့ အစိုးရအာဏာစက်သက်ရောက်ပြီးတော့ ဥပဒေစိုးမိုးတဲ့နေရာအဖြစ် ပြန်မြင်ချင်တယ်ပေါ့။ ဒါမှလည်း ကျွန်တော်တို့ဒေသခံပြည်သူတွေက လုပ်ကိုင်စားသောက်ရာမှာ လွယ် ကူမှာကိုး။ အခုလက်ရှိအနေအထားမှာက အခွန်က နမ့်ခမ်းဆိုရင် TNLA က မီတာခ တွေတိုးသွားတယ် ပေါ့။ ဒါမျိုးတွေကများလာတဲ့အခါမှာ လူထုက ရှာဖွေစားသောက်ရာမှာ ခက်ခဲတယ်။ စစ်ဖြစ်ရာမှာ နီးစပ် ရာဖြစ်တဲ့ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ တောင်ကြီးစသဖြင့်ပေါ့။ အဲဒီဒေသကိုရွှေ့ ပြီးလုပ်ကိုင်စားသောက် ရတာရှိတယ်ပေါ့။ အဲဒါလေးတွေကိုတော့ ကျွန်တော်တို့ ဂရုစိုက်စရာလေးတွေ၊ သတိပြုစရာလေးတွေ ဖြစ်လာတယ်ပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ ပြည်သူလူထုကတော့ ငြိမ်းချမ်းရေးကို လိုချင်တယ်။ ငြိမ်း ချမ်းမှပဲ Socio-economic Development ဖြစ်မှာပေါ့။ ငြိမ်းချမ်းမှုမရှိဘဲနဲ့တော့ ဘာမှလုပ်လို့မရဘူးလို့ ကျွန်တော်တို့ကတော့ ဒီလိုပဲ မြင်ပါတယ်”ဟု ၎င်းကပြောသည်။

Zawgyi Version:
အစိုးရသစ္လက္ထက္တြင္ ရွမ္းေျမာက္၌ လက္နက္ကိုင္အခ်င္းခ်င္း နယ္ေျမလုပြဲမ်ား ပိုမိုျပင္းထန္လာႏိုင္
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၂၄
လာမည့္အစိုးရသစ္လက္ထက္တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၌ တပ္မေတာ္ႏွင့္လက္နက္ကိုင္ အဖြဲ႕တို႔အၾကား ထိေတြ႕မႈနည္းသြားမည္ျဖစ္ေသာ္လည္း လက္နက္ကိုင္အဖြဲ႕အခ်င္းခ်င္းၾကား နယ္ေျမ လုပြဲမ်ား ပိုမိုျပင္းထန္လာႏိုင္ေၾကာင္း ရွမ္းေျမာက္အေရးကြၽမ္းက်င္သူတစ္ဦးထံ NP News က ဆက္ သြယ္ေမးျမန္းထားသည့္အခ်က္အလက္ မ်ားအရသိရသည္။
လက္ရွိႏိုင္ငံေရးအေျခအေနအရ မႏၲေလး - လားရႈိးလမ္းပိုင္းတြင္ တပ္မေတာ္ႏွင့္ ထိေတြ႕မႈမ်ား နည္းပါးသြားႏိုင္ေသာ္လည္း သိႏၷီေဒသကဲ့သို႔ ျပန္လည္ရရွိျခင္းမရွိေသးသည့္နယ္ေျမမ်ားအေပၚ တပ္မ ေတာ္၏ဆုံးျဖတ္ခ်က္မွာ ခန႔္မွန္းရခက္ခဲေနဆဲျဖစ္ေၾကာင္းသိရသည္။
သို႔ေသာ္ အစိုးရသစ္လက္ထက္တြင္ တပ္မေတာ္ႏွင့္ထိပ္တိုက္ေတြ႕ဆုံမႈထက္ ေဒသတြင္း လက္ နက္ကိုင္အခ်င္းခ်င္းၾကား ပဋိပကၡမ်ားက ပိုမိုႀကီးထြားလာႏိုင္ေၾကာင္း ၎ကဆိုသည္။ “လာမည့္အစိုးရ လက္ထက္မွာေတာ့ ထိပ္တိုက္ေတြ႕စရာေတာ့ တအားနည္းပါတယ္။ အခုလို ေဒသတြင္း အခ်င္းခ်င္း နယ္ ေျမပရိပကၡေတြ နယ္ေျမ အျငင္းပြားမႈျပႆနာေတြေပါ့။ ဒါေတြက ဆက္ၿပီး ႀကီးထြားႏိုင္တယ္။ ပထမ ဆုံးကြၽန္ေတာ္တို႔အျမင္ကေတာ့ စစ္ရဲ႕အက်ိဳးသက္ေရာက္မႈကေတာ့ ရွိလာႏိုင္ေသးတယ္လို႔ျမင္တယ္ ေပါ့ေလ။ တပ္နဲ႔ကေတာ့ လက္ရွိ မႏၲေလး-လားရႈိးလမ္းပိုင္းကေတာ့ ျဖစ္စရာမရွိဘူးေပါ့။ သိႏၷီအပိုင္းမွာ ေတာ့ ျပန္မရေသးတဲ့အတြက္ တပ္မေတာ္အေနနဲ႔ ဘယ္လို႔ဆုံးျဖတ္ေဆာင္႐ြက္မလဲဆိုတာေတာ့ ကြၽန္ ေတာ္တို႔အေနတဲ့ မွန္းရခက္တယ္”ဟု ၎ကေျပာသည္။
သို႔ေသာ္ လက္ရွိတြင္ TNLA ႏွင့္ MNDAA တို႔၏ပြတ္တိုက္မႈမ်ားမွ သတၱဳတူးေဖာ္ေရးႏွင့္ ပတ္ သက္သည့္ကိစၥမ်ား၊ ၎တို႔ထိန္းခ်ဳပ္ေဒသမ်ားတြင္ ဆက္ဆံေရး႐ုံးမ်ားအျပန္အလွန္ဖ်က္ဆီးျခင္းမွ ယင္း(၂)ဖြဲ႕၏ဆက္ဆံေရးမွာလည္း ဆက္လက္တင္းမာလာႏိုင္ေၾကာင္း ၎ကဆိုသည္။
“လက္နက္ကိုင္အခ်င္းခ်င္းျဖစ္တဲ့ ပဋိပကၡေတြရွိလာႏိုင္တယ္။ ကြၽန္ေတာ္တို႔ စီးပြားေရးနဲ႔ပတ္ သက္တဲ့ ဥပမာ သတၱဳတူးေဖာ္ေရးနဲ႔ပတ္သက္တဲ့ကိစၥေတြ။ ဆက္ဆံေရး႐ုံးေတြဝင္စီးၿပီး ဖ်က္ဆီးတာမ်ိဳး ေတြ။ ဒါေတြကေတာ့ တစ္စတစ္စနဲ႔ျမင့္လာတယ္ေပါ့။ ဒီအေပၚမွာေတာ့ ကြၽန္ေတာ္တို႔ေတြ စိုးရိမ္မႈက ေတာ့ ရွိတာေပါ့”ဟု ၎ကေျပာသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ (၁၇) ရက္ကလည္း သိႏၷီၿမိဳ႕နယ္ မိုင္းပါးေက်း႐ြာတြင္ TNLA အဖြဲ႕ဝင္ (၅၀) ခန႔္ကို MNDAA က အင္အားသုံး ဝင္ေရာက္ဖမ္းဆီးခဲ့ၿပီး လားရႈိးၿမိဳ႕နယ္ အီႏိုင္းေက်း႐ြာဘက္သို႔ ကားတင္ ပို႔ေဆာင္ခဲ့ေၾကာင္းသိရသည္။
အလားတူ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ (၁၆) ရက္ကလည္း ကြတ္ခိုင္ၿမိဳ႕ ေဈးအနီးရွိ MNDAA ၏ အုပ္ ခ်ဳပ္ေရး႐ုံးသို႔ TNLA အဖြဲ႕မ်ား ေရာက္ရွိလာကာ ကိုးကန႔္အလံျဖဳတ္သိမ္းျခင္းႏွင့္ အေစာင့္မ်ားကို ႏွင္ ထုတ္ျခင္းမ်ားျဖစ္ေပၚခဲ့ၿပီး ပစ္ခတ္မႈမ်ားလည္းျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ ကြတ္ခိုင္ၿမိဳ႕ကို TNLA ႏွင့္ MNDAA တို႔က ခြဲေဝကိုင္တြယ္အုပ္ခ်ဳပ္လိုေနၿပီး ယင္း အဖြဲ႕(၂)ဖြဲ႕အေနျဖင့္ ၎တို႔စိုးမိုးထားသည့္နယ္ေျမမ်ားတြင္သာ အတည္တက် အေျခစိုက္ အုပ္ခ်ဳပ္လို သည့္သေဘာထားမ်ားကိုလည္းျမင္ေတြ႕ေနရေၾကာင္း အထက္ပါသတင္းရင္းျမစ္ကဆိုသည္။
“ဥပမာအေနနဲ႔ကေတာ့ ကြတ္ခိုင္ၿမိဳ႕ေပါ့။ ကြတ္ခိုင္ၿမိဳ႕ကို TNLA ေရာ MNDAA တို႔ကပါ ေဝျခမ္း ေရးေပါ့။ ခြဲေဝၿပီးအုပ္ခ်ဳပ္ခ်င္တယ္။ လက္ရွိေျမာက္ပိုင္းအဖြဲ႕ေတြက လက္ရွိေနရပ္မွာပဲေနၿပီးေတာ့ အုပ္ ခ်ဳပ္ခ်င္တဲ့သေဘာေပါ့။ ျပည္သူေတြကလည္း ၿငိမ္းခ်မ္းခ်င္တယ္ေပါ့။ ဒီလိုသေဘာမ်ိဳးကို ေတြ႕ရတယ္ ေပါ့။ အခုေနာက္ပိုင္း MNDAA ဆိုရင္ အစိုးရနဲ႔ေတြ႕ဆုံေဆြးေႏြးမႈေတြ ေတြ႕ရတယ္ေပါ့။ SSPP နဲ႔လည္း ေတြ႕ဆုံေဆြးေႏြးမႈေတြရွိတယ္။ ဒီေပၚမွာ သူတို႔ရဲ႕ေျပာၾကားခ်က္ေတြအရေတာ့ ျပည္ေထာင္စုကေန ခြဲမထြက္ဘဲ အုပ္ခ်ဳပ္ခ်င္တယ္ေပါ့။ ဒီလိုမ်ိဳးေလးေတြေတာ့ေတြ႕ရတယ္”ဟု ၎က ေျပာသည္။
အဆိုပါအေျခအေနမ်ားၾကား ေဒသခံမ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးကိုသာ ျပန္လည္ယူေဆာင္လို ေနၾကၿပီး ျပည္မမွမူဆယ္အထိ ယခင္ကဲ့သို႔ အစိုးရျပန္လည္အုပ္ခ်ဳပ္ေရးကို ေမွ်ာ္လင့္ၾကေၾကာင္း ၎ ကဆိုသည္။
“ကြၽန္ေတာ္တို႔ေဒသခံေတြကေတာ့ နံပါတ္(၁) ၿငိမ္းခ်မ္းေရးေပါ့ေနာ္။ ၿငိမ္းခ်မ္းရင္ မူဆယ္အထိ နမ့္ခမ္းအပါအဝင္ ကြၽန္ေတာ္တို႔ အစိုးရအာဏာစက္သက္ေရာက္ၿပီးေတာ့ ဥပေဒစိုးမိုးတဲ့ေနရာအျဖစ္ ျပန္ျမင္ခ်င္တယ္ေပါ့။ ဒါမွလည္း ကြၽန္ေတာ္တို႔ေဒသခံျပည္သူေတြက လုပ္ကိုင္စားေသာက္ရာမွာ လြယ္ ကူမွာကိုး။ အခုလက္ရွိအေနအထားမွာက အခြန္က နမ့္ခမ္းဆိုရင္ TNLA က မီတာခ ေတြတိုးသြားတယ္ ေပါ့။ ဒါမ်ိဳးေတြကမ်ားလာတဲ့အခါမွာ လူထုက ရွာေဖြစားေသာက္ရာမွာ ခက္ခဲတယ္။ စစ္ျဖစ္ရာမွာ နီးစပ္ ရာျဖစ္တဲ့ ေက်ာက္မဲ၊ သီေပါ၊ လားရႈိး၊ ေတာင္ႀကီးစသျဖင့္ေပါ့။ အဲဒီေဒသကိုေ႐ႊ႕ ၿပီးလုပ္ကိုင္စားေသာက္ ရတာရွိတယ္ေပါ့။ အဲဒါေလးေတြကိုေတာ့ ကြၽန္ေတာ္တို႔ ဂ႐ုစိုက္စရာေလးေတြ၊ သတိျပဳစရာေလးေတြ ျဖစ္လာတယ္ေပါ့။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ ျပည္သူလူထုကေတာ့ ၿငိမ္းခ်မ္းေရးကို လိုခ်င္တယ္။ ၿငိမ္း ခ်မ္းမွပဲ Socio-economic Development ျဖစ္မွာေပါ့။ ၿငိမ္းခ်မ္းမႈမရွိဘဲနဲ႔ေတာ့ ဘာမွလုပ္လို႔မရဘူးလို႔ ကြၽန္ေတာ္တို႔ကေတာ့ ဒီလိုပဲ ျမင္ပါတယ္”ဟု ၎ကေျပာသည္။