ဆွေးနွေးပွဲပျက်ခဲ့လျှင် အီရန်ကို အစ္စရေးတိုက်ရန် အမေရိကန်သမ္မတ ခွင့်ပြုထားဟုဆို

 361

ဂျန်ဇက်(NP News) ဖေဖေါ်ဝါရီ -၁၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအား အီရန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်ရန် "မီးစိမ်းပြ လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဝါရှင်တန်၌ ပြုလုပ်ခဲ့သော ထရမ့်နှင့် နေတန်ယာဟုတို့၏ တွေ့ဆုံမှုတွင် အဆိုပါသဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်ဟု သတင်းထွက်နေသည်။
သို့သော်လည်း အဆိုပါခွင့်ပြုချက်သည် အချက်တစ်ချက်အပေါ်တွင် မူတည်နေပြီးလက်ရှိပြုလုပ်နေသော သံတမန်ရေးရာ ဆွေးနွေးပွဲများ ကျဆုံးသွားပါက" တိုက်ခိုက်ခွင့်ပေးမည့်အချက် ဖြစ်ကြောင်းသိရသည်။
အမေရိကန်နှင့် အီရန်အကြား နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲများသည် လက်ရှိတွင် တိုးတက်မှုမရှိဘဲ ရပ်တန့်နေသည့် အနေအထားတွင် ရှိနေရာဆွေးနွေးပွဲများမှ ရလဒ်မထွက်ပေါ်ပါက အစ္စရေးအနေဖြင့် အီရန်၏ နျူကလီးယား စီမံကိန်းများကို တိုက်ရိုက်ချေမှုန်းရန် အမေရိကန်က အပြည့်အဝ ထောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် အစ္စရေးစစ်တပ်သည် အမိန့်ရသည်နှင့် တပြိုင်နက် စစ်ဆင်ရေးစတင်ရန် အရာအားလုံး ပြင်ဆင်ထားပြီးဖြစ်ကြောင်းသိရသည်။
အစ္စရေးလေတပ်သည် အီရန်၏ မြေအောက်နျူကလီးယား စခန်းများကို ဖျက်ဆီးနိုင်မည့် အထူးဗုံးများနှင့် တိုက်လေယာဉ်များကို အသင့်အနေအထား ပြင်ဆင်ထားသည်။
အစ္စရေး၏ နာမည်ကျော် မော့ဆက်ထောက်လှမ်းရေးအဖွဲ့သည် ပစ်မှတ်များကို အတိအကျ သတ်မှတ်ထားပြီးဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ေဆြးေႏြးပြဲပ်က္ခဲ့လွ်င္ အီရန္ကို အစၥေရးတိုက္ရန္ အေမရိကန္သမၼတ ခြင့္ျပဳထားဟုဆို
ဂ်န္ဇက္(NP News) ေဖေဖၚဝါရီ -၁၅
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ ေနတန္ယာဟုအား အီရန္ႏိုင္ငံကို စစ္ေရးအရ တိုက္ခိုက္ရန္ "မီးစိမ္းျပ လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းက ဝါရွင္တန္၌ ျပဳလုပ္ခဲ့ေသာ ထရမ့္ႏွင့္ ေနတန္ယာဟုတို႔၏ ေတြ႕ဆုံမႈတြင္ အဆိုပါသေဘာတူညီခ်က္ ရရွိခဲ့ျခင္းျဖစ္သည္ဟု သတင္းထြက္ေနသည္။
သို႔ေသာ္လည္း အဆိုပါခြင့္ျပဳခ်က္သည္ အခ်က္တစ္ခ်က္အေပၚတြင္ မူတည္ေနၿပီးလက္ရွိျပဳလုပ္ေနေသာ သံတမန္ေရးရာ ေဆြးေႏြးပြဲမ်ား က်ဆုံးသြားပါက" တိုက္ခိုက္ခြင့္ေပးမည့္အခ်က္ ျဖစ္ေၾကာင္းသိရသည္။
အေမရိကန္ႏွင့္ အီရန္အၾကား န်ဴကလီးယားႏွင့္ ဒုံးက်ည္အစီအစဥ္ဆိုင္ရာ ေဆြးေႏြးပြဲမ်ားသည္ လက္ရွိတြင္ တိုးတက္မႈမရွိဘဲ ရပ္တန႔္ေနသည့္ အေနအထားတြင္ ရွိေနရာေဆြးေႏြးပြဲမ်ားမွ ရလဒ္မထြက္ေပၚပါက အစၥေရးအေနျဖင့္ အီရန္၏ န်ဴကလီးယား စီမံကိန္းမ်ားကို တိုက္႐ိုက္ေခ်မႈန္းရန္ အေမရိကန္က အျပည့္အဝ ေထာက္ခံသြားမည္ျဖစ္ေၾကာင္းသိရသည္။
လက္ရွိအခ်ိန္တြင္ အစၥေရးစစ္တပ္သည္ အမိန႔္ရသည္ႏွင့္ တၿပိဳင္နက္ စစ္ဆင္ေရးစတင္ရန္ အရာအားလုံး ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္းသိရသည္။
အစၥေရးေလတပ္သည္ အီရန္၏ ေျမေအာက္န်ဴကလီးယား စခန္းမ်ားကို ဖ်က္ဆီးႏိုင္မည့္ အထူးဗုံးမ်ားႏွင့္ တိုက္ေလယာဥ္မ်ားကို အသင့္အေနအထား ျပင္ဆင္ထားသည္။
အစၥေရး၏ နာမည္ေက်ာ္ ေမာ့ဆက္ေထာက္လွမ္းေရးအဖြဲ႕သည္ ပစ္မွတ္မ်ားကို အတိအက် သတ္မွတ္ထားၿပီးျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.