စစ်ပွဲမှာ အီရန်ကတရုတ်ရဲ့ BeiDou ဂြိုဟ်တုစနစ်ကိုစတင်အသုံးပြုလာ

 287

Pika(NP News) - မတ် ၁၆
အီရန်စစ်တပ်ဟာ အမေရိကန် ထိန်းချုပ်ထားတဲ့ GPS စနစ်ကို မှီခိုမှုလျှော့ချပြီး တရုတ်နိုင်ငံရဲ့ BeiDou ဂြိုဟ်တု လမ်းကြောင်းပြစနစ်ကို အသုံးပြုကာ အစ္စရေးနဲ့ အမေရိကန် စစ်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖွယ်ရှိနေပြီး အီရန်ရဲ့တိုက်ခိုက်မှုများ ပိုမိုတိကျလာတယ်လို့ ဆိုကြပါတယ်။ကာကွယ်ရေး ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အမေရိကန်ပိုင် GPS စနစ်ဟာ စစ်ပွဲကာလတွေမှာ အမေရိကန်ဘက်က အလွယ်တကူ လှိုင်းနှောင့်ယှက် နိုင်သလိုလုံးဝ ပိတ်ဆို့ထားနိုင်တဲ့ အားနည်းချက်ရှိ နေရာပြင်ပနှောင့်ယှက်မှုကင်းတဲ့ သီးခြား လမ်းကြောင်းပြလိုင်းတွေ ပါဝင်တဲ့ တရုတ်နိုင်ငံရဲ့ BeiDou စနစ်က အီရန်အတွက် အကောင်းဆုံး အစားထိုးရွေးချယ်စရာ ဖြစ်လာခဲ့တယ်လို့ ဆိုကြပါတယ်။အစ္စရေးရဲ့ ခေတ်မီ အီလက်ထရောနစ် စစ်ဆင်ရေး (Electronic Warfare) စနစ်တွေဟာ အီရန်ဒရုန်းတွေကို လမ်းကြောင်းမှားအောင် လှည့်စားလေ့ရှိကာ တရုတ်ရဲ့ ခေတ်မီ BeiDou-3 စနစ်မှာ ပါဝင်တဲ့ Frequency-hopping နည်းပညာနဲ့ NMA စနစ်တွေကြောင့် အစ္စရေးရဲ့ လမ်းကြောင်းလွှဲပြောင်းမှုတွေကို အီရန်လက်နက်တွေက လျစ်လျူရှုလာနိုင်တယ်လို့သိရပါတယ်။တိုက်ပွဲတွေရဲ့ အချက်အလက်တွေအရ BeiDou စနစ် တပ်ဆင်ထားတဲ့ အီရန် လက်နက်တွေဟာ ကြီးမားတဲ့ လျှပ်စစ်သံလိုက်လှိုင်း နှောင့်ယှက်မှုတွေကြားကနေ ၉၈ ရာခိုင်နှုန်းအထိ ပစ်မှတ်ကို တိတိကျကျ ရောက်ရှိခဲ့တယ်လို့ ထောက်လှမ်းရေး အစီရင်ခံစာတွေက ဆိုပါတယ်။
ခေတ်မီ ဒုံးကျည်တွေနဲ့ တာဝေးပစ် ဒရုန်းတွေဟာ Inertial Navigation စနစ်) နဲ့ ဂြိုဟ်တု လမ်းကြောင်းပြစနစ်ကို ပေါင်းစပ်အသုံးပြုကြတာ ဖြစ်ပြီး GPS လိုင်းတွေ နှောင့်ယှက်ခံရချိန်မှာ BeiDou ရဲ့ အစားထိုး လမ်းညွှန်မှုကြောင့် အီရန်ဟာ အခက်အခဲမရှိ စစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်နိုင်တယ်လို့ သုံးသပ်မှုများရှိနေပါတယ်။ အီရန်ဟာ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ မဟာမိတ်နိုင်ငံများ ဖြစ်ရာ တရုတ်နိုင်ငံက နောက်ကွယ်ကနေ ကူညီပေးဖွယ်ရှိတယ်လို့ ဆိုကြပါတယ်။တရုတ်နဲ့ အီရန်နိုင်ငံတို့ကတော့BeiDou ဂြိုဟ်တုစနစ်ကို အီရန်လက်နက်တွေမှာ အသုံးပြုနေတယ်ဆိုတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး တရားဝင် အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
စစ္ပြဲမွာ အီရန္ကတ႐ုတ္ရဲ႕ BeiDou ၿဂိဳဟ္တုစနစ္ကိုစတင္အသုံးျပဳလာ
Pika(NP News) - မတ္ ၁၆
အီရန္စစ္တပ္ဟာ အေမရိကန္ ထိန္းခ်ဳပ္ထားတဲ့ GPS စနစ္ကို မွီခိုမႈေလွ်ာ့ခ်ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ BeiDou ၿဂိဳဟ္တု လမ္းေၾကာင္းျပစနစ္ကို အသုံးျပဳကာ အစၥေရးနဲ႔ အေမရိကန္ စစ္စခန္းေတြကို ပစ္မွတ္ထား တိုက္ခိုက္ဖြယ္ရွိေနၿပီး အီရန္ရဲ႕တိုက္ခိုက္မႈမ်ား ပိုမိုတိက်လာတယ္လို႔ ဆိုၾကပါတယ္။ကာကြယ္ေရး ကြၽမ္းက်င္သူေတြရဲ႕ အဆိုအရ အေမရိကန္ပိုင္ GPS စနစ္ဟာ စစ္ပြဲကာလေတြမွာ အေမရိကန္ဘက္က အလြယ္တကူ လႈိင္းေႏွာင့္ယွက္ ႏိုင္သလိုလုံးဝ ပိတ္ဆို႔ထားႏိုင္တဲ့ အားနည္းခ်က္ရွိ ေနရာျပင္ပေႏွာင့္ယွက္မႈကင္းတဲ့ သီးျခား လမ္းေၾကာင္းျပလိုင္းေတြ ပါဝင္တဲ့ တ႐ုတ္ႏိုင္ငံရဲ႕ BeiDou စနစ္က အီရန္အတြက္ အေကာင္းဆုံး အစားထိုးေ႐ြးခ်ယ္စရာ ျဖစ္လာခဲ့တယ္လို႔ ဆိုၾကပါတယ္။အစၥေရးရဲ႕ ေခတ္မီ အီလက္ထေရာနစ္ စစ္ဆင္ေရး (Electronic Warfare) စနစ္ေတြဟာ အီရန္ဒ႐ုန္းေတြကို လမ္းေၾကာင္းမွားေအာင္ လွည့္စားေလ့ရွိကာ တ႐ုတ္ရဲ႕ ေခတ္မီ BeiDou-3 စနစ္မွာ ပါဝင္တဲ့ Frequency-hopping နည္းပညာနဲ႔ NMA စနစ္ေတြေၾကာင့္ အစၥေရးရဲ႕ လမ္းေၾကာင္းလႊဲေျပာင္းမႈေတြကို အီရန္လက္နက္ေတြက လ်စ္လ်ဴရႈလာႏိုင္တယ္လို႔သိရပါတယ္။တိုက္ပြဲေတြရဲ႕ အခ်က္အလက္ေတြအရ BeiDou စနစ္ တပ္ဆင္ထားတဲ့ အီရန္ လက္နက္ေတြဟာ ႀကီးမားတဲ့ လွ်ပ္စစ္သံလိုက္လႈိင္း ေႏွာင့္ယွက္မႈေတြၾကားကေန ၉၈ ရာခိုင္ႏႈန္းအထိ ပစ္မွတ္ကို တိတိက်က် ေရာက္ရွိခဲ့တယ္လို႔ ေထာက္လွမ္းေရး အစီရင္ခံစာေတြက ဆိုပါတယ္။
ေခတ္မီ ဒုံးက်ည္ေတြနဲ႔ တာေဝးပစ္ ဒ႐ုန္းေတြဟာ Inertial Navigation စနစ္) နဲ႔ ၿဂိဳဟ္တု လမ္းေၾကာင္းျပစနစ္ကို ေပါင္းစပ္အသုံးျပဳၾကတာ ျဖစ္ၿပီး GPS လိုင္းေတြ ေႏွာင့္ယွက္ခံရခ်ိန္မွာ BeiDou ရဲ႕ အစားထိုး လမ္းၫႊန္မႈေၾကာင့္ အီရန္ဟာ အခက္အခဲမရွိ စစ္ဆင္ေရးေတြကို ဆက္လက္လုပ္ေဆာင္ႏိုင္တယ္လို႔ သုံးသပ္မႈမ်ားရွိေနပါတယ္။ အီရန္ဟာ တ႐ုတ္ႏိုင္ငံနဲ႔ ရင္းႏွီးတဲ့ မဟာမိတ္ႏိုင္ငံမ်ား ျဖစ္ရာ တ႐ုတ္ႏိုင္ငံက ေနာက္ကြယ္ကေန ကူညီေပးဖြယ္ရွိတယ္လို႔ ဆိုၾကပါတယ္။တ႐ုတ္နဲ႔ အီရန္ႏိုင္ငံတို႔ကေတာ့BeiDou ၿဂိဳဟ္တုစနစ္ကို အီရန္လက္နက္ေတြမွာ အသုံးျပဳေနတယ္ဆိုတဲ့ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈနဲ႔ ပတ္သက္ၿပီး တရားဝင္ အတည္ျပဳ ထုတ္ျပန္ထားျခင္း မရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.