အီရန်ဒရုန်းကိစ္စ ဇလန်းစကီး၏ အကူအညီမလိုဟု အမေရိကန် သမ္မထရမ့် ပယ်ချ

 241

Pika(NP News) - မတ် ၁၆
​အီရန်ဒရုန်းအန္တရာယ်ကို ကာကွယ်ရာတွင် ယူကရိန်းသမ္မတ ဇလန်းစကီးထံမှ အကူအညီရယူရန် လုံးဝမလိုအပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်သည်။အမေရိကန်သမ္မတက"ကျွန်တော်တို့ အကူအညီတောင်းရမယ့် နောက်ဆုံးလူက ဇလန်းစကီးပဲ" အီရန်ဒရုန်းများနှင့် ပတ်သက်၍ ယူကရိန်း၏ ကမ်းလှမ်းမှုကို ပြောဆိုခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် သဘောတူညီချက်တစ်ခုရယူရန် အဆင်သင့်ရှိနေကြောင်း အမေရိကန်သမ္မတထရမ့်က ဆိုသည်။ အမေရိကန်သမ္မတက "ဇလန်းစကီးက သဘောတူညီချက်တစ်ခု မလုပ်ချင်ဘူးဆိုတာ ကျွန်တော် အံ့သြမိတယ်။ ဇလန်းစကီးကို သဘောတူညီချက်တစ်ခု လုပ်ဖို့သာ ပြောလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ပူတင်က သဘောတူညီချက်တစ်ခု လုပ်ဖို့ အဆင်သင့်ဖြစ်နေတယ်""ဟု ​ပြောသည်။သမ္မတထရမ့်၏ တုံ့ပြန်မှုမထွက်ပေါ်မီက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အီရန်နိုင်ငံထုတ် ရှာဟတ် ကာမီကာဇေ ဒရုန်းများကို ကြားဖြတ်ဟန့်တားရေးနည်းပညာများနှင့် ပတ်သက်၍ ဆွေးနွေးရန် ယူကရိန်းသမ္မတထံသို့ညှိနှိုင်းတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။လက်ရှိအချိန်တွင် အီရန်၏ အသေခံဒရုန်းများ က အမေရိကန် နှင့် မဟာမိတ်နိုင်ငံများကို အခက်ခဲများစွာ ဖြစ်စေရန် လုပ်နေသည်ဟု သိရသည်။

Zawgyi Version:
အီရန္ဒ႐ုန္းကိစၥ ဇလန္းစကီး၏ အကူအညီမလိုဟု အေမရိကန္ သမၼထရမ့္ ပယ္ခ်
Pika(NP News) - မတ္ ၁၆
​အီရန္ဒ႐ုန္းအႏၲရာယ္ကို ကာကြယ္ရာတြင္ ယူကရိန္းသမၼတ ဇလန္းစကီးထံမွ အကူအညီရယူရန္ လုံးဝမလိုအပ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။အေမရိကန္သမၼတက"ကြၽန္ေတာ္တို႔ အကူအညီေတာင္းရမယ့္ ေနာက္ဆုံးလူက ဇလန္းစကီးပဲ" အီရန္ဒ႐ုန္းမ်ားႏွင့္ ပတ္သက္၍ ယူကရိန္း၏ ကမ္းလွမ္းမႈကို ေျပာဆိုခဲ့သည္။ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္သည္ သေဘာတူညီခ်က္တစ္ခုရယူရန္ အဆင္သင့္ရွိေနေၾကာင္း အေမရိကန္သမၼတထရမ့္က ဆိုသည္။ အေမရိကန္သမၼတက "ဇလန္းစကီးက သေဘာတူညီခ်က္တစ္ခု မလုပ္ခ်င္ဘူးဆိုတာ ကြၽန္ေတာ္ အံ့ၾသမိတယ္။ ဇလန္းစကီးကို သေဘာတူညီခ်က္တစ္ခု လုပ္ဖို႔သာ ေျပာလိုက္ပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ပူတင္က သေဘာတူညီခ်က္တစ္ခု လုပ္ဖို႔ အဆင္သင့္ျဖစ္ေနတယ္""ဟု ​ေျပာသည္။သမၼတထရမ့္၏ တုံ႔ျပန္မႈမထြက္ေပၚမီက အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ ေနတန္ယာဟုသည္ အီရန္ႏိုင္ငံထုတ္ ရွာဟတ္ ကာမီကာေဇ ဒ႐ုန္းမ်ားကို ၾကားျဖတ္ဟန႔္တားေရးနည္းပညာမ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးရန္ ယူကရိန္းသမၼတထံသို႔ညႇိႏႈိင္းေတာင္းဆိုမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့သည္။လက္ရွိအခ်ိန္တြင္ အီရန္၏ အေသခံဒ႐ုန္းမ်ား က အေမရိကန္ ႏွင့္ မဟာမိတ္ႏိုင္ငံမ်ားကို အခက္ခဲမ်ားစြာ ျဖစ္ေစရန္ လုပ္ေနသည္ဟု သိရသည္။

Related news

© 2021. All rights reserved.