၂၀၃၀ ခုနှစ်တွင် ရုရှားက နေတိုးကို တိုက်ခိုက်လာဖွယ်ရှိနေဟု ဗြိတိန်ဝန်ကြီးချုပ် သတိပေး

 280

ဂျန်ဇက်(NP News) ဖေဖေါ်ဝါရီ -၁၅
ဗြိတိန်ဝန်ကြီးချုပ် ​ဝန်ကြီးချုပ် ကီယာ စတာမာ ကရုရှားနိုင်ငံသည် ယူကရိန်းစစ်ပွဲတွင် အထိနာနေသော်လည်း ၎င်း၏ စစ်ဘက်ဆိုင်ရာ အင်အားကို ပြန်လည်တည်ဆောက်နေပြီး၊ လာမည့် ၂၀၃၀ ခုနှစ် တွင် နေတိုးအဖွဲ့ဝင် နိုင်ငံများကို တိုက်ရိုက် စစ်ရေးအရ ခြိမ်းခြောက်လာနိုင်ကြောင်း သတိပေးလိုက်သည်။​ဝန်ကြီးချုပ်စတာမာက ဥရောပတိုက်ကို "အိပ်ပျော်နေသော ဘီလူးကြီး"အဖြစ် ညွန်းဆိုလိုက်ပြီးလက်ရှိအချိန် တွင်အမေရိကန်၏ လုံခြုံရေး ထီးရိပ်အောက်တွင် မှီခိုနေရမည့် အချိန်မဟုတ်တော့ဘဲ ကိုယ်ခြေထောက်ပေါ် ရပ်တည်ကာ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ရမည့် အချိန်ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ်က
"ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက် တခြားသူကို တာဝန်လွှဲပေးထားလို့ မရတော့ပါဘူး။ ရုရှားရဲ့ ရန်လိုမှုတွေက ကျွန်တော်တို့ တိုက်ကြီးတစ်ခုလုံးကို ခြိမ်းခြောက်နေပါပြီ" ဟု ပြောသည်။​ ဗြိတိန်အစိုးရသည် ရုရှား၏ အန္တရာယ်ကို ကာကွယ်ရန်အတွက် ဗြိတိန်၏ ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၂၇ ခုနှစ်တွင် GDP ၏ ၂.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ထို့အပြင် ရုရှား ရေငုပ်သင်္ဘောများ၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ရန်အတွက် ဗြိတိန်၏ လေယာဉ်တင်သင်္ဘော HMS Prince of Wales ဦးဆောင်သော တိုက်ခိုက်ရေး အုပ်စုကို မြောက်ဘက်ခြမ်း ရေပြင် (High North) သို့ စေလွှတ်ဖြန့်ကြက်ထားကြောင်းလည်း ကြေညာခဲ့သည်။ထို့အပြင် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနသည် ဂျာမနီနှင့် ပူးပေါင်းကာ တာဝေးပစ် ဟိုက်ပါဆွန်းနစ် ဒုံးကျည်များထုတ်လုပ်ရန် ပေါင်သန်း ၄၀၀ (ဒေါ်လာ သန်း ၅၀၀ ကျော်) ရင်းနှီးမြှုပ်နှံမည်ဟု သတင်းထုတ်ပြန်ထားသည်။

Zawgyi Version:
၂၀၃၀ ခုႏွစ္တြင္ ႐ုရွားက ေနတိုးကို တိုက္ခိုက္လာဖြယ္ရွိေနဟု ၿဗိတိန္ဝန္ႀကီးခ်ဳပ္ သတိေပး
ဂ်န္ဇက္(NP News) ေဖေဖၚဝါရီ -၁၅
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ​ဝန္ႀကီးခ်ဳပ္ ကီယာ စတာမာ က႐ုရွားႏိုင္ငံသည္ ယူကရိန္းစစ္ပြဲတြင္ အထိနာေနေသာ္လည္း ၎၏ စစ္ဘက္ဆိုင္ရာ အင္အားကို ျပန္လည္တည္ေဆာက္ေနၿပီး၊ လာမည့္ ၂၀၃၀ ခုႏွစ္ တြင္ ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံမ်ားကို တိုက္႐ိုက္ စစ္ေရးအရ ၿခိမ္းေျခာက္လာႏိုင္ေၾကာင္း သတိေပးလိုက္သည္။​ဝန္ႀကီးခ်ဳပ္စတာမာက ဥေရာပတိုက္ကို "အိပ္ေပ်ာ္ေနေသာ ဘီလူးႀကီး"အျဖစ္ ၫြန္းဆိုလိုက္ၿပီးလက္ရွိအခ်ိန္ တြင္အေမရိကန္၏ လုံၿခဳံေရး ထီးရိပ္ေအာက္တြင္ မွီခိုေနရမည့္ အခ်ိန္မဟုတ္ေတာ့ဘဲ ကိုယ္ေျခေထာက္ေပၚ ရပ္တည္ကာ ကာကြယ္ေရး စြမ္းရည္ကို ျမႇင့္တင္ရမည့္ အခ်ိန္ျဖစ္ေၾကာင္း တိုက္တြန္းခဲ့သည္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္က
"ကြၽန္ေတာ္တို႔ရဲ႕ လုံၿခဳံေရးအတြက္ တျခားသူကို တာဝန္လႊဲေပးထားလို႔ မရေတာ့ပါဘူး။ ႐ုရွားရဲ႕ ရန္လိုမႈေတြက ကြၽန္ေတာ္တို႔ တိုက္ႀကီးတစ္ခုလုံးကို ၿခိမ္းေျခာက္ေနပါၿပီ" ဟု ေျပာသည္။​ ၿဗိတိန္အစိုးရသည္ ႐ုရွား၏ အႏၲရာယ္ကို ကာကြယ္ရန္အတြက္ ၿဗိတိန္၏ ကာကြယ္ေရး အသုံးစရိတ္ကို ၂၀၂၇ ခုႏွစ္တြင္ GDP ၏ ၂.၅ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သြားမည္ျဖစ္ေၾကာင္း ကတိျပဳခဲ့သည္။ ထို႔အျပင္ ႐ုရွား ေရငုပ္သေဘၤာမ်ား၏ ၿခိမ္းေျခာက္မႈကို တုံ႔ျပန္ရန္အတြက္ ၿဗိတိန္၏ ေလယာဥ္တင္သေဘၤာ HMS Prince of Wales ဦးေဆာင္ေသာ တိုက္ခိုက္ေရး အုပ္စုကို ေျမာက္ဘက္ျခမ္း ေရျပင္ (High North) သို႔ ေစလႊတ္ျဖန႔္ၾကက္ထားေၾကာင္းလည္း ေၾကညာခဲ့သည္။ထို႔အျပင္ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနသည္ ဂ်ာမနီႏွင့္ ပူးေပါင္းကာ တာေဝးပစ္ ဟိုက္ပါဆြန္းနစ္ ဒုံးက်ည္မ်ားထုတ္လုပ္ရန္ ေပါင္သန္း ၄၀၀ (ေဒၚလာ သန္း ၅၀၀ ေက်ာ္) ရင္းႏွီးျမႇဳပ္ႏွံမည္ဟု သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.