နောက်တစ်ကြိမ် မတိုက်ရဲအောင် ရန်သူတွေကို သင်ခန်းစာပေးမယ်လို့ အီရန် ကြုံးဝါး

773

ဂျန်ဇက်(NP News) - မတ် ၁၇
အီရန်နိုင်ငံကို နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ရန်သူတွေ စိတ်ကူးတောင် မယဉ်ရဲလောက်အောင် ပြင်းထန်တဲ့ သင်ခန်းစာတစ်ခု ပေးသွားမယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရက်ချီ ကသတိပေး ပြောကြားလိုက်ပါတယ်။အီရန် နိုင်ငံခြားရေးဝန်ကြီးက "ဒီစစ်ပွဲဟာ ကျွန်တော်တို့ရဲ့ ရန်သူတွေ နောက်တစ်ကြိမ် ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ စိတ်ကူးတောင်မရဲတော့တဲ့အနေအထားမျိုးနဲ့ အဆုံးသတ်ရပါမယ်။ သူတို့အနေနဲ့ ဘယ်လို နိုင်ငံမျိုးနဲ့ ရင်ဆိုင်နေရသလဲဆိုတာကို နားလည်ပြီး လုံလောက်တဲ့သင်ခန်းစာရသွားလောက်ပြီလို့ ထင်ပါတယ်" လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အီရန်အနေနဲ့ မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ တွန့်ဆုတ်နေမှာ မဟုတ်သလို၊ စစ်ပွဲကို လိုအပ်တဲ့ နေရာတိုင်းအထိ ဆက်လက်ဆင်နွှဲသွားဖို့ အသင့်ရှိကြောင်းလည်း ၎င်းကအခိုင်အမာ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာအပစ်အခတ်ရပ်စဲရေးကို လက်မခံတာဟာ စစ်မက်လိုလားလို့ မဟုတ်ဘဲ၊ ရန်သူတွေဘက်က နောက်ထပ် ကျူးကျော်တိုက်ခိုက်မှုတွေ ထပ်မလုပ်နိုင်အောင် သေချာတဲ့ အာမခံချက်ရမှသာ စစ်ပွဲကို အဆုံးသတ်မယ်လို့ အီရန်အစိုးရကဆိုပါတယ်။အီရန်က ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းသွားလာနေတဲ့ မဟာဗျူဟာမြောက် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို အမေရိကန်၊ အစ္စရေးနဲ့ သူတို့ရဲ့ မဟာမိတ်သင်္ဘောတွေအတွက် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အခြားသော စစ်ပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ကြားနေနိုင်ငံတွေရဲ့ သင်္ဘောတွေကိုတော့ ပုံမှန်အတိုင်း လွတ်လပ်စွာ ဖြတ်သန်းခွင့်ပြုထားတယ်လို့ အတည်ပြုထားပါတယ်။အရှေ့အလယ်ပိုင်းမှာ အမေရိကန်-အစ္စရေး ပူးပေါင်းတပ်တွေနဲ့ အီရန်တို့ကြား စစ်ရေးတင်းမာမှုတွေ အမြင့်ဆုံးကို ရောက်ရှိနေချိန်မှာ အီရန်ဘက်က ယခုလို ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အီရန်ဟာ အမေရိကန်အစိုးရနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး အပစ်အခတ်ရပ်စဲရေး တောင်းဆိုနေတယ်ဆိုတဲ့ သတင်းတွေကို နိုင်ငံခြားရေးဝန်ကြီး အရက်ချီက ပယ်ချခဲ့ပြီးအီရန်ပြည်သူတွေရဲ့ ဂုဏ်သိက္ခာအတွက် နောက်ဆုတ်မှာမဟုတ်ဘူးလို့ ၎င်းက ထပ်မံပြောဆိုထားပါတယ်။

Zawgyi Version:
ေနာက္တစ္ႀကိမ္ မတိုက္ရဲေအာင္ ရန္သူေတြကို သင္ခန္းစာေပးမယ္လို႔ အီရန္ ႀကဳံးဝါး
ဂ်န္ဇက္(NP News) - မတ္ ၁၇
အီရန္ႏိုင္ငံကို ေနာက္တစ္ႀကိမ္ တိုက္ခိုက္ဖို႔ ရန္သူေတြ စိတ္ကူးေတာင္ မယဥ္ရဲေလာက္ေအာင္ ျပင္းထန္တဲ့ သင္ခန္းစာတစ္ခု ေပးသြားမယ္လို႔ အီရန္ ႏိုင္ငံျခားေရးဝန္ႀကီး အဘတ္စ္ အရက္ခ်ီ ကသတိေပး ေျပာၾကားလိုက္ပါတယ္။အီရန္ ႏိုင္ငံျခားေရးဝန္ႀကီးက "ဒီစစ္ပြဲဟာ ကြၽန္ေတာ္တို႔ရဲ႕ ရန္သူေတြ ေနာက္တစ္ႀကိမ္ ကြၽန္ေတာ္တို႔ကို တိုက္ခိုက္ဖို႔ စိတ္ကူးေတာင္မရဲေတာ့တဲ့အေနအထားမ်ိဳးနဲ႔ အဆုံးသတ္ရပါမယ္။ သူတို႔အေနနဲ႔ ဘယ္လို ႏိုင္ငံမ်ိဳးနဲ႔ ရင္ဆိုင္ေနရသလဲဆိုတာကို နားလည္ၿပီး လုံေလာက္တဲ့သင္ခန္းစာရသြားေလာက္ၿပီလို႔ ထင္ပါတယ္" လို႔ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အီရန္အေနနဲ႔ မိမိကိုယ္ကို ကာကြယ္ဖို႔ ဘယ္ေတာ့မွ တြန႔္ဆုတ္ေနမွာ မဟုတ္သလို၊ စစ္ပြဲကို လိုအပ္တဲ့ ေနရာတိုင္းအထိ ဆက္လက္ဆင္ႏႊဲသြားဖို႔ အသင့္ရွိေၾကာင္းလည္း ၎ကအခိုင္အမာ ေျပာၾကားခဲ့ပါတယ္။ လက္ရွိမွာအပစ္အခတ္ရပ္စဲေရးကို လက္မခံတာဟာ စစ္မက္လိုလားလို႔ မဟုတ္ဘဲ၊ ရန္သူေတြဘက္က ေနာက္ထပ္ က်ဴးေက်ာ္တိုက္ခိုက္မႈေတြ ထပ္မလုပ္ႏိုင္ေအာင္ ေသခ်ာတဲ့ အာမခံခ်က္ရမွသာ စစ္ပြဲကို အဆုံးသတ္မယ္လို႔ အီရန္အစိုးရကဆိုပါတယ္။အီရန္က ကမာၻ႔ေရနံတင္ပို႔မႈရဲ႕ ၂၀ ရာခိုင္ႏႈန္းခန႔္ ျဖတ္သန္းသြားလာေနတဲ့ မဟာဗ်ဴဟာေျမာက္ ေဟာ္မုဇ္ ေရလက္ၾကား (Strait of Hormuz) ကို အေမရိကန္၊ အစၥေရးနဲ႔ သူတို႔ရဲ႕ မဟာမိတ္သေဘၤာေတြအတြက္ ပိတ္ပင္လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ အျခားေသာ စစ္ပြဲနဲ႔ သက္ဆိုင္ျခင္းမရွိတဲ့ ၾကားေနႏိုင္ငံေတြရဲ႕ သေဘၤာေတြကိုေတာ့ ပုံမွန္အတိုင္း လြတ္လပ္စြာ ျဖတ္သန္းခြင့္ျပဳထားတယ္လို႔ အတည္ျပဳထားပါတယ္။အေရွ႕အလယ္ပိုင္းမွာ အေမရိကန္-အစၥေရး ပူးေပါင္းတပ္ေတြနဲ႔ အီရန္တို႔ၾကား စစ္ေရးတင္းမာမႈေတြ အျမင့္ဆုံးကို ေရာက္ရွိေနခ်ိန္မွာ အီရန္ဘက္က ယခုလို ျပင္းထန္တဲ့ တုံ႔ျပန္မႈေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ အီရန္ဟာ အေမရိကန္အစိုးရနဲ႔ တိုက္႐ိုက္ဆက္သြယ္ၿပီး အပစ္အခတ္ရပ္စဲေရး ေတာင္းဆိုေနတယ္ဆိုတဲ့ သတင္းေတြကို ႏိုင္ငံျခားေရးဝန္ႀကီး အရက္ခ်ီက ပယ္ခ်ခဲ့ၿပီးအီရန္ျပည္သူေတြရဲ႕ ဂုဏ္သိကၡာအတြက္ ေနာက္ဆုတ္မွာမဟုတ္ဘူးလို႔ ၎က ထပ္မံေျပာဆိုထားပါတယ္။