"မြွေဟောက်ခေါင်းကို ဖြတ်ပစ်" ဟု သုံးနှုန်းပြောဆိုမှုနှင့်အတူ အီရန်ကို အပြတ်ချေမှုန်းရန် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား လျှို့ဝှက်တိုက်တွန်း

 1101

ဂျန်ဇက်(NP News) - မတ် ၁၇

အမေရိကန်၊ အစ္စရေး နှင့် အီရန်တို့ကြား စစ်ရေးပဋိပက္ခများ အပြင်းအထန် ဖြစ်ပွားနေချိန်တွင် ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပုံမှန်ဆက်သွယ်နေပြီး အီရန်အပေါ် စစ်ရေးအရ ဆက်လက်ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် နောက်ကွယ်မှ တွန်းအားပေးလျက်ရှိကြောင်း နိုင်ငံတကာသတင်းဌာနများက သုံးသပ်ဖော်ပြထားသည်။အမေရိကန်အခြေစိုက်(NYT) ၏ ဖော်ပြချက်အရ ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသားသည် သမ္မတထရမ့်ကို့ "အီရန်တွေကို ဆက်ပြီး ပြင်းပြင်းထန်ထန်သာ တိုက်ပါ"ဟု အကြံပေးခဲ့ကြောင်း သိရသည်။ဆော်ဒီအိမ်ရှှေ့မင်းသား၏အကြံပေးချက်သည် ဆယ်စုနှစ်တစ်ခုကျော်က ကွယ်လွန်သူ ဆော်ဒီဘုရင်ဟောင်း အဗ္ဗဒူလာမှ အမေရိကန်ကို အီရန်နှင့်ပတ်သက်ပြီး အကြံပေးဖူးသည့်"မြွေဟောက်ခေါင်းကို ဖြတ်ပစ်ပါ"ဟူသော သမိုင်းဝင် တိုက်တွန်းချက်နှင့် တစ်ထပ်တည်း ကျနေကြောင်း သတင်းများက သုံးသပ်ထားသည်။ဆော်ဒီအာရေးဘီးယားသည် နိုင်ငံတကာ မျက်နှာစာတွင် အီရန်နှင့် တွေ့ဆုံဆွေးနွေးရေးကို အလေးပေးကာ ကြားနေနိုင်ငံအဖြစ် ရပ်တည်နေသယောင် ပြသနေသော်လည်းနောက်ကွယ်တွင်မူအီရန်၏ စစ်ရေးနှင့် ဒုံးကျည်အခြေခံအဆောက်အအုံများကို အမေရိကန်မှ အင်အားသုံးပြီး တိုက်ခိုက်ခြင်းကိုအားပေးနေသည်ဟုသိရသည်။လက်ရှိအချိန်တွင် အီရန်ဘက်မှလည်း ဆော်ဒီ၏ ရေနံစက်ရုံများနှင့် ရီယာ့ဒ်မြို့တော်ကို ဒရုန်းများ၊ ပဲ့ထိန်းဒုံးကျည်များဖြင့် အဆက်မပြတ် ပြန်လည်ပစ်မှတ်ထား တိုက်ခိုက်နေသည်။အစ္စရေးနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့၏ နောက်ကွယ်မှ ပြင်းပြင်းထန်ထန် ဖိအားပေးမှုများသည် သမ္မတထရမ့် အနေဖြင့် အီရန်အပေါ် ကြီးမားသော စစ်ဆင်ရေးကြီး ဆင်နွှဲရန် ဆုံးဖြတ်ချက်ချရာတွင်အဓိက အဆုံးအဖြတ်ပေးနိုင်ခဲ့သော အကြောင်းရင်းများဖြစ်ကြောင်းအမေရိကန်အခြေစိုက်သတင်းမီဒီယာများကဖော်ပြထားသည်။

Zawgyi Version:
"ေႁမြေဟာက္ေခါင္းကို ျဖတ္ပစ္" ဟု သုံးႏႈန္းေျပာဆိုမႈႏွင့္အတူ အီရန္ကို အျပတ္ေခ်မႈန္းရန္ ေဆာ္ဒီအာေရဗ် အိမ္ေရွ႕မင္းသား လွ်ိဳ႕ဝွက္တိုက္တြန္း
ဂ်န္ဇက္(NP News) - မတ္ ၁၇

အေမရိကန္၊ အစၥေရး ႏွင့္ အီရန္တို႔ၾကား စစ္ေရးပဋိပကၡမ်ား အျပင္းအထန္ ျဖစ္ပြားေနခ်ိန္တြင္ ေဆာ္ဒီအာေရဗ်အိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ဆယ္လ္မန္သည္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ ပုံမွန္ဆက္သြယ္ေနၿပီး အီရန္အေပၚ စစ္ေရးအရ ဆက္လက္ျပင္းျပင္းထန္ထန္ တိုက္ခိုက္ရန္ ေနာက္ကြယ္မွ တြန္းအားေပးလ်က္ရွိေၾကာင္း ႏိုင္ငံတကာသတင္းဌာနမ်ားက သုံးသပ္ေဖာ္ျပထားသည္။အေမရိကန္အေျခစိုက္(NYT) ၏ ေဖာ္ျပခ်က္အရ ေဆာ္ဒီအာေရဗ်အိမ္ေရွ႕မင္းသားသည္ သမၼတထရမ့္ကို႔ "အီရန္ေတြကို ဆက္ၿပီး ျပင္းျပင္းထန္ထန္သာ တိုက္ပါ"ဟု အႀကံေပးခဲ့ေၾကာင္း သိရသည္။ေဆာ္ဒီအိမ္ေရွွ႔မင္းသား၏အႀကံေပးခ်က္သည္ ဆယ္စုႏွစ္တစ္ခုေက်ာ္က ကြယ္လြန္သူ ေဆာ္ဒီဘုရင္ေဟာင္း အဗၺဒူလာမွ အေမရိကန္ကို အီရန္ႏွင့္ပတ္သက္ၿပီး အႀကံေပးဖူးသည့္"ေႁမြေဟာက္ေခါင္းကို ျဖတ္ပစ္ပါ"ဟူေသာ သမိုင္းဝင္ တိုက္တြန္းခ်က္ႏွင့္ တစ္ထပ္တည္း က်ေနေၾကာင္း သတင္းမ်ားက သုံးသပ္ထားသည္။ေဆာ္ဒီအာေရးဘီးယားသည္ ႏိုင္ငံတကာ မ်က္ႏွာစာတြင္ အီရန္ႏွင့္ ေတြ႕ဆုံေဆြးေႏြးေရးကို အေလးေပးကာ ၾကားေနႏိုင္ငံအျဖစ္ ရပ္တည္ေနသေယာင္ ျပသေနေသာ္လည္းေနာက္ကြယ္တြင္မူအီရန္၏ စစ္ေရးႏွင့္ ဒုံးက်ည္အေျခခံအေဆာက္အအုံမ်ားကို အေမရိကန္မွ အင္အားသုံးၿပီး တိုက္ခိုက္ျခင္းကိုအားေပးေနသည္ဟုသိရသည္။လက္ရွိအခ်ိန္တြင္ အီရန္ဘက္မွလည္း ေဆာ္ဒီ၏ ေရနံစက္႐ုံမ်ားႏွင့္ ရီယာ့ဒ္ၿမိဳ႕ေတာ္ကို ဒ႐ုန္းမ်ား၊ ပဲ့ထိန္းဒုံးက်ည္မ်ားျဖင့္ အဆက္မျပတ္ ျပန္လည္ပစ္မွတ္ထား တိုက္ခိုက္ေနသည္။အစၥေရးႏွင့္ ေဆာ္ဒီအာေရဗ်ႏိုင္ငံတို႔၏ ေနာက္ကြယ္မွ ျပင္းျပင္းထန္ထန္ ဖိအားေပးမႈမ်ားသည္ သမၼတထရမ့္ အေနျဖင့္ အီရန္အေပၚ ႀကီးမားေသာ စစ္ဆင္ေရးႀကီး ဆင္ႏႊဲရန္ ဆုံးျဖတ္ခ်က္ခ်ရာတြင္အဓိက အဆုံးအျဖတ္ေပးႏိုင္ခဲ့ေသာ အေၾကာင္းရင္းမ်ားျဖစ္ေၾကာင္းအေမရိကန္အေျခစိုက္သတင္းမီဒီယာမ်ားကေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.