အီရန်စစ်ပွဲက နေတိုးအဖွဲ့၏စစ်ပွဲမဟုတ်ဘူးလို့ ပြောဆိုမှုနှင့်အတူ အမေရိကန်သမ္မတတောင်းဆိုမှုကို ဂျာမနီအစိုးရ ငြင်းဆန်ပယ်ချ

376

ဂျန်ဇက်(NP News) - မတ် ၁၇
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲနှင့် ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ တောင်းဆိုချက်ကို ဂျာမနီအစိုးရက ငြင်းပယ်လိုက်ချလိုက်ကြောင်းသိရသည်။အီရန်ဘက်မှ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် ကုန်သွယ်ရေးရေကြောင်းလိုင်းများ လုံခြုံရေးအတွက် နေတိုးမဟာမိတ်နိုင်ငံများဖြစ်ကြသောဂျာမနီ၊ ဗြိတိန်နှင့်ပြင်သစ်အစရှိသည့် နိုင်ငံများ ပါဝင်ကူညီရန် အမေရိကန်သမ္မတ ထရမ့်က တောင်းဆိုခဲ့သည်။ နေတိုးအဖွဲ့ဝင်များအနေဖြင့် ယင်းရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအတွက် မကူညီပါက နေတိုးအဖွဲ့၏အနာဂတ်သည် "အလွန်ဆိုးရွား" သွားနိုင်ကြောင်းလည်း အမေရိကန်သမ္မတ ထရမ့်က ထပ်မံသတိပေးခဲ့သည်။ ဂျာမန်အဓိပတိ၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ကော်နီးလီးယပ်စ် က "နေတိုးဆိုတာ နယ်မြေကာကွယ်ရေးအတွက် ဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့ ဖြစ်ပါတယ်။ အခုအခြေအနေမှာနေတိုးတပ်ဖွဲ့တွေချထားဖို့ လုပ်ပိုင်ခွင့်မရှိပါဘူး။ဒါဟာကျွန်တော်တို့စစ်ပွဲမဟုတ်ဘူး၊ ကျွန်တော်တို့စတင်ခဲ့တာလည်း မဟုတ်ဘူး။အင်အားကြီးမားတဲ့ အမေရိကန်ရေတပ်ကြီးတောင် မလုပ်နိုင်တဲ့ကိစ္စကို ဥရောပက စစ်သင်္ဘောလက်တစ်ဆုပ်စာလောက်နဲ့ ဒေါ်နယ်ထရမ့်က ဘာတွေများ မျှော်လင့်နေတာလဲ။"ဒီစစ်ပွဲဟာ နေတိုးနဲ့ ဘာမှမဆိုင်ဘူး၊ဒါဟာနေတိုးရဲ့ စစ်ပွဲမဟုတ်ဘူး" ဟုတရားဝင် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ဂျာမနီ အပြင် အမေရိကန်၏ မဟာမိတ်နိုင်ငံဖြစ်သည့် ဗြိတိန်နိုင်ငံကလည်း စီးပွားရေးသက်ရောက်မှုများကို လျှော့ချရန်နှင့် ရေကြောင်းသွားလာခွင့် ပြန်လည်ရရှိရန်လက်တွေ့ကျသော အစီအစဉ်တစ်ရပ်ကို မဟာမိတ်များနှင့် တိုင်ပင်နေကြောင်း ပြောကြားခဲ့သော်လည်း စစ်သင်္ဘောများ စေလွှတ်ရန် တိုက်ရိုက် ကတိပြုထားခြင်း မရှိသေးကြောင်းသိရသည်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြင်သစ်၏ ရပ်တည်ချက်မှာ "ကာကွယ်ရေးသက်သက်" သာ ဖြစ်ကြောင်းနှင့် စစ်ပွဲ၏ ပြင်းထန်သော အဆင့်များ ပြီးဆုံးသွားမှသာ ကုန်သွယ်ရေးသင်္ဘောများကို အစောင့်အရှောက်ပေးမည့် အစီအစဉ်ကို စတင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

Zawgyi Version:
အီရန္စစ္ပြဲက ေနတိုးအဖြဲ႕၏စစ္ပြဲမဟုတ္ဘူးလို႔ ေျပာဆိုမႈႏွင့္အတူ အေမရိကန္သမၼတေတာင္းဆိုမႈကို ဂ်ာမနီအစိုးရ ျငင္းဆန္ပယ္ခ်
ဂ်န္ဇက္(NP News) - မတ္ ၁၇
အေမရိကန္ႏွင့္ အစၥေရးတို႔က အီရန္ကို စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းတြင္ ျဖစ္ပြားေနေသာ စစ္ပြဲႏွင့္ ပတ္သက္၍ အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ ေတာင္းဆိုခ်က္ကို ဂ်ာမနီအစိုးရက ျငင္းပယ္လိုက္ခ်လိုက္ေၾကာင္းသိရသည္။အီရန္ဘက္မွ ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ဆို႔လိုက္ၿပီးေနာက္ ကုန္သြယ္ေရးေရေၾကာင္းလိုင္းမ်ား လုံၿခဳံေရးအတြက္ ေနတိုးမဟာမိတ္ႏိုင္ငံမ်ားျဖစ္ၾကေသာဂ်ာမနီ၊ ၿဗိတိန္ႏွင့္ျပင္သစ္အစရွိသည့္ ႏိုင္ငံမ်ား ပါဝင္ကူညီရန္ အေမရိကန္သမၼတ ထရမ့္က ေတာင္းဆိုခဲ့သည္။ ေနတိုးအဖြဲ႕ဝင္မ်ားအေနျဖင့္ ယင္းေရလက္ၾကား ျပန္လည္ဖြင့္လွစ္ေရးအတြက္ မကူညီပါက ေနတိုးအဖြဲ႕၏အနာဂတ္သည္ "အလြန္ဆိုး႐ြား" သြားႏိုင္ေၾကာင္းလည္း အေမရိကန္သမၼတ ထရမ့္က ထပ္မံသတိေပးခဲ့သည္။ ဂ်ာမန္အဓိပတိ၏ ေျပာေရးဆိုခြင့္ရွိသူ စတီဖန္ ေကာ္နီးလီးယပ္စ္ က "ေနတိုးဆိုတာ နယ္ေျမကာကြယ္ေရးအတြက္ ဖြဲ႕စည္းထားတဲ့ မဟာမိတ္အဖြဲ႕ ျဖစ္ပါတယ္။ အခုအေျခအေနမွာေနတိုးတပ္ဖြဲ႕ေတြခ်ထားဖို႔ လုပ္ပိုင္ခြင့္မရွိပါဘူး။ဒါဟာကြၽန္ေတာ္တို႔စစ္ပြဲမဟုတ္ဘူး၊ ကြၽန္ေတာ္တို႔စတင္ခဲ့တာလည္း မဟုတ္ဘူး။အင္အားႀကီးမားတဲ့ အေမရိကန္ေရတပ္ႀကီးေတာင္ မလုပ္ႏိုင္တဲ့ကိစၥကို ဥေရာပက စစ္သေဘၤာလက္တစ္ဆုပ္စာေလာက္နဲ႔ ေဒၚနယ္ထရမ့္က ဘာေတြမ်ား ေမွ်ာ္လင့္ေနတာလဲ။"ဒီစစ္ပြဲဟာ ေနတိုးနဲ႔ ဘာမွမဆိုင္ဘူး၊ဒါဟာေနတိုးရဲ႕ စစ္ပြဲမဟုတ္ဘူး" ဟုတရားဝင္ တုံ႔ျပန္လိုက္ျခင္း ျဖစ္သည္။ဂ်ာမနီ အျပင္ အေမရိကန္၏ မဟာမိတ္ႏိုင္ငံျဖစ္သည့္ ၿဗိတိန္ႏိုင္ငံကလည္း စီးပြားေရးသက္ေရာက္မႈမ်ားကို ေလွ်ာ့ခ်ရန္ႏွင့္ ေရေၾကာင္းသြားလာခြင့္ ျပန္လည္ရရွိရန္လက္ေတြ႕က်ေသာ အစီအစဥ္တစ္ရပ္ကို မဟာမိတ္မ်ားႏွင့္ တိုင္ပင္ေနေၾကာင္း ေျပာၾကားခဲ့ေသာ္လည္း စစ္သေဘၤာမ်ား ေစလႊတ္ရန္ တိုက္႐ိုက္ ကတိျပဳထားျခင္း မရွိေသးေၾကာင္းသိရသည္။
ျပင္သစ္သမၼတ အီမန္န်ဴရယ္ မက္ခ႐ြန္က ျပင္သစ္၏ ရပ္တည္ခ်က္မွာ "ကာကြယ္ေရးသက္သက္" သာ ျဖစ္ေၾကာင္းႏွင့္ စစ္ပြဲ၏ ျပင္းထန္ေသာ အဆင့္မ်ား ၿပီးဆုံးသြားမွသာ ကုန္သြယ္ေရးသေဘၤာမ်ားကို အေစာင့္အေရွာက္ေပးမည့္ အစီအစဥ္ကို စတင္မည္ျဖစ္ေၾကာင္း ေျပာၾကားထားသည္။