လာမည့် ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြောက်မည်

 129

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၆

လာမည့် ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့ (ဖေဖော်ဝါရီ ၂၅ ရက်) နံနက်ပိုင်းက ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာစကားပြောကြားစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း (၃) ပိုင်းခွဲ၍ မြို့နယ်ပေါင်း (၂၆၃) မြို့နယ်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။
ပြည်သူများအနေဖြင့် ဆန္ဒမဲများပေးရာတွင် တက်ကြွစွာဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) စက်များဖြင့် စနစ်တကျမဲပေးခြင်းများကို မိတ်ဖက်နိုင်ငံများ နှင့် ဒေသတွင်းနိုင်ငံများမှ ရွေးကောက်ပွဲ လာရောက်လေ့လာစောင့်ကြည့်သူများ၊ ပြည်တွင်း/ပြည်ပမီဒီယာများ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှု ရာခိုင်နှုန်းမှာ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းရှိကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်းပြောကြားခဲ့သည်။
ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။
ယခုအခါ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်သဖြင့် မကြာမီလာမည့် မတ်လတွင် လွှတ်တော်ခေါ်ယူ၍ အစည်းအဝေးကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကဆိုသည်။
ထို့နောက် ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သက်၍ NLD အစိုးရအနေဖြင့် ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာ မှုများ ဆောင်ရွက်ပြီး နိုင်ငံတော်၏ အာဏာကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော်တာဝန်များကို ခေတ္တထိန်းသိမ်းထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။
နိုင်ငံတော်အစိုးရတာဝန်ထမ်းဆောင်ချိန်မှစတင်၍ ဦးတည်ချက်များချမှတ်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးဆုံးချိန်တွင် ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိသည့် ပါတီအား နိုင်ငံတော်၏ တာဝန်ကို လွှဲပြောင်းပေးအပ်မည်ဟု ပါရှိပြီးဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version;
လာမည့္ ဧၿပီလဆန္းပိုင္းတြင္ သမၼတ ေ႐ြးခ်ယ္တင္ေျမာက္မည္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၆
လာမည့္ ဧၿပီလဆန္းပိုင္းတြင္ သမၼတ ေ႐ြးခ်ယ္တင္ေျမာက္၍ အစိုးရသစ္တစ္ရပ္ဖြဲ႕စည္းကာ ႏိုင္ငံေတာ္တာဝန္ကို လႊဲေျပာင္းေပးအပ္သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာေရးေကာ္မရွင္ ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၅ ရက္) နံနက္ပိုင္းက ဗထူးတပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ သင္တန္းနည္းျပမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ျပည္သူမ်ား၏ ဆႏၵျဖစ္သည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲအား ၂၀၂၅ ခုႏွစ္ ၊ ဒီဇင္ဘာလ ၂၈ ရက္တြင္ စတင္က်င္းပျပဳလုပ္ခဲ့ၿပီး အပိုင္း (၃) ပိုင္းခြဲ၍ ၿမိဳ႕နယ္ေပါင္း (၂၆၃) ၿမိဳ႕နယ္တြင္ ေအာင္ျမင္စြာ က်င္းပျပဳလုပ္ႏိုင္ခဲ့ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဆိုသည္။
ျပည္သူမ်ားအေနျဖင့္ ဆႏၵမဲမ်ားေပးရာတြင္ တက္ႂကြစြာျဖင့္ ျမန္မာအီလက္ထေရာနစ္မဲေပးစနစ္ (MEVM) စက္မ်ားျဖင့္ စနစ္တက်မဲေပးျခင္းမ်ားကို မိတ္ဖက္ႏိုင္ငံမ်ား ႏွင့္ ေဒသတြင္းႏိုင္ငံမ်ားမွ ေ႐ြးေကာက္ပြဲ လာေရာက္ေလ့လာေစာင့္ၾကည့္သူမ်ား၊ ျပည္တြင္း/ျပည္ပမီဒီယာမ်ား၏ ေရွ႕ေမွာက္တြင္ ပြင့္လင္းျမင္သာမႈရွိစြာျဖင့္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တစ္ႏိုင္ငံလုံးအေနျဖင့္ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ ၂၄ သန္းေက်ာ္အနက္ ဆႏၵမဲေပးသူ ၁၃ ဒသမ ၁၄ သန္းေက်ာ္ရွိခဲ့သျဖင့္ ဆႏၵမဲေပးမႈ ရာခိုင္ႏႈန္းမွာ ၅၄ ဒသမ ၂၂ ရာခိုင္ႏႈန္းရွိေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ထည့္သြင္းေျပာၾကားခဲ့သည္။
ေ႐ြးေကာက္ပြဲသည္ မဲမသမာမႈႏွင့္ မဲစာရင္းမွားယြင္းမႈမရွိဘဲ လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲ၊ သိကၡာရွိသည့္ ေ႐ြးေကာက္ပြဲကို ေအာင္ျမင္စြာ က်င္းပျပဳလုပ္ႏိုင္ခဲ့ေၾကာင္းလည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဆိုသည္။
ယခုအခါ ေ႐ြးေကာက္ပြဲကို ေအာင္ျမင္စြာက်င္းပျပဳလုပ္ႏိုင္ခဲ့ၿပီးျဖစ္သျဖင့္ မၾကာမီလာမည့္ မတ္လတြင္ လႊတ္ေတာ္ေခၚယူ၍ အစည္းအေဝးက်င္းပႏိုင္ေရး ႀကိဳတင္ျပင္ဆင္ျခင္းမ်ားကို ႏိုင္ငံေတာ္အစိုးရႏွင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းကဆိုသည္။
ထို႔ေနာက္ ဧၿပီလဆန္းပိုင္းတြင္ သမၼတေ႐ြးခ်ယ္တင္ေျမာက္၍ အစိုးရသစ္တစ္ရပ္ဖြဲ႕စည္းကာ ႏိုင္ငံေတာ္၏တာဝန္ကို ျပန္လည္လႊဲေျပာင္းေပးအပ္သြားမည္ျဖစ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ထည့္သြင္းေျပာၾကားခဲ့သည္။
ႏိုင္ငံေရးျဖစ္စဥ္ႏွင့္ပတ္သက္၍ NLD အစိုးရအေနျဖင့္ ၂၀၂၀ ျပည္ႏွစ္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ မဲမသမာ မႈမ်ား ေဆာင္႐ြက္ၿပီး ႏိုင္ငံေတာ္၏ အာဏာကို အဓမၼရယူရန္ ေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ တပ္မေတာ္အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)ႏွင့္အညီ ႏိုင္ငံ့အေရးအတြက္ ႏိုင္ငံေတာ္တာဝန္မ်ားကို ေခတၱထိန္းသိမ္းထမ္းေဆာင္ခဲ့ရျခင္းျဖစ္ေၾကာင္းလည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဆိုသည္။
ႏိုင္ငံေတာ္အစိုးရတာဝန္ထမ္းေဆာင္ခ်ိန္မွစတင္၍ ဦးတည္ခ်က္မ်ားခ်မွတ္ေဆာင္႐ြက္ခဲ့ၿပီး ေ႐ြးေကာက္ပြဲဆိုင္ရာ လုပ္ငန္းစဥ္မ်ား ၿပီးဆုံးခ်ိန္တြင္ ေ႐ြးေကာက္ပြဲက်င္းပၿပီး အႏိုင္ရရွိသည့္ ပါတီအား ႏိုင္ငံေတာ္၏ တာဝန္ကို လႊဲေျပာင္းေပးအပ္မည္ဟု ပါရွိၿပီးျဖစ္ေၾကာင္းလည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.