ဂါဇာအပေါ် တိုက်ခိုက်မှုအသစ်တွေလုပ်ဆောင်ဖို့ အစ္စရေးဝန်ကြီးချုပ်အမိန့်ပေး

222

Pika (NP news)- အောက်တိုဘာ ၃၀
ဂါဇာကမ်းမြောင်ဒေသအပေါ် တိုက်ခိုက်မှုအသစ်တွေ လုပ်ဆောင်ဖို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အမိန့်ပေးခဲ့တယ်လိ့ သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာ အစ္စရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခံခဲ့ရတယ်လို့ စွပ်စွဲမှုတွေထွက်ပေါ်လာပြီးနောက် မကြာခင်အချိန်အတွင်းမှာပဲ ယခုလိုထုတ်ပြန်ကြေညာချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
နေတန်ရာဟုရဲ့ အမိန့်အသစ်တွေကြောင့် အစ္စရေးဓါးစာခံရုပ်အလောင်းတွေ ပြန်လည်ပေးအပ်မှုကို ရွှေ့ဆိုင်းသွားမယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသအပေါ် တိုက်ခိုက်မှုတွေအပြင် ဂါဇာမှာရှိတဲ့ ထိန်းချုပ်ဇုန်ကို တိုးချဲ့ဖို့ အစ္စရေးစစ်တပ်ကို နေတန်ရာဟုက အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာတော့ နေတန်ရာဟုဟာ တိုက်ခိုက်မှုအသစ်တွေနဲ့ပတ်သက်ပြီး အမေရိကန်အကြီးတန်းအရာရှိတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာရှိတဲ့ အစ္စရေးတပ်ဖွဲ့တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးတပ်ဖွဲ့တွေဟာ လက်နက်ကြီးတွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ကအဆိုပြုခဲ့တဲ့ ဂါဇာကမ်းမြောင်ဒေသ ငြိမ်းချမ်းရေးအစီအစဉ်တွေနဲ့အတူ အပစ်အခတ်ရပ်စဲဖို့ ယခုလအစောပိုင်းမှာ အစ္စရေးနဲ့ဟားမက်လက်နက်ကိုင်အဖွဲ့တို့က သဘောတူညီခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
=========
Zawgyi Version
Pika (NP news)- ေအာက္တိုဘာ ၃၀
ဂါဇာကမ္းေျမာင္ေဒသအေပၚ တိုက္ခိုက္မႈအသစ္ေတြ လုပ္ေဆာင္ဖို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက အမိန႔္ေပးခဲ့တယ္လိ့ သိရပါတယ္။
ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းမွာ အစၥေရးတပ္ဖြဲ႕ေတြ တိုက္ခိုက္ခံခဲ့ရတယ္လို႔ စြပ္စြဲမႈေတြထြက္ေပၚလာၿပီးေနာက္ မၾကာခင္အခ်ိန္အတြင္းမွာပဲ ယခုလိုထုတ္ျပန္ေၾကညာခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေနတန္ရာဟုရဲ႕ အမိန႔္အသစ္ေတြေၾကာင့္ အစၥေရးဓါးစာခံ႐ုပ္အေလာင္းေတြ ျပန္လည္ေပးအပ္မႈကို ေ႐ႊ႕ဆိုင္းသြားမယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသအေပၚ တိုက္ခိုက္မႈေတြအျပင္ ဂါဇာမွာရွိတဲ့ ထိန္းခ်ဳပ္ဇုန္ကို တိုးခ်ဲ႕ဖို႔ အစၥေရးစစ္တပ္ကို ေနတန္ရာဟုက အမိန႔္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ေနတန္ရာဟုဟာ တိုက္ခိုက္မႈအသစ္ေတြနဲ႔ပတ္သက္ၿပီး အေမရိကန္အႀကီးတန္းအရာရွိေတြနဲ႔ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။
ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းမွာရွိတဲ့ အစၥေရးတပ္ဖြဲ႕ေတြကို လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တဲ့ ျဖစ္ရပ္ျဖစ္ပြားခဲ့ၿပီးေနာက္ အစၥေရးတပ္ဖြဲ႕ေတြဟာ လက္နက္ႀကီးေတြနဲ႔ လက္တုံ႔ျပန္တိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္ကအဆိုျပဳခဲ့တဲ့ ဂါဇာကမ္းေျမာင္ေဒသ ၿငိမ္းခ်မ္းေရးအစီအစဥ္ေတြနဲ႔အတူ အပစ္အခတ္ရပ္စဲဖို႔ ယခုလအေစာပိုင္းမွာ အစၥေရးနဲ႔ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔က သေဘာတူညီခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။