ဗင်နီဇွဲလားမြေပေါ်က မူးယစ်ဂိုဏ်းတွေကို တိုက်ခိုက်ဖို့ ဒေါ်နယ်ထရမ့်စဉ်းစားနေတယ်လို့ CNN ဖော်ပြ

249

Pika (NP News) - စက်တင်ဘာလ ၇
ဗင်နီဇွဲလားမြေပေါ်မှာရှိတဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စဉ်းစားနေတယ်လို့ သတင်းရင်းမြစ်တွေကိုကိုးကားပြီး CNNသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။
အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ကာရေဘီယံပင်လယ်အရှေ့ပိုင်းမှာ စစ်သင်္ဘော(၈)စီးနဲ့ ရေငုပ်သင်္ဘောတစ်စီးတို့ကို ဖြန့်ကျက်ချထားခဲ့မှုနဲ့အတူ အဲဒီအစီရင်ခံစာထွက်ပေါ်လာတာဖြစ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံကနေ မူးယစ်ဆေးဝါးမှောင်ခိုကူးလာတယ်လို့ ယူဆရတဲ့ သင်္ဘောတစ်စီးကို ဒုံးကျည်နဲ့တိုက်ခိုက်မှုဟာ ဒေသတွင်းမှာမူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို ပျက်ပြားသွားစေဖို့ ဒေါ်နယ်ထရမ့်ရဲ့ကြိုးပမ်းမှုတွေရဲ့ပထမဆုံးခြေလှမ်းဖြစ်ပြီး ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရိုကို ဖြုတ်ချဖို့ အလားအလားတွေရှိနေတယ်လို့ CNNကရေးသားဖော်ပြခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့ပထမဆုံးသမ္မတသက်တမ်းအတွင်း ဗင်နီဇွဲလားရဲ့ရေနံကုန်သွယ်မှုနဲ့ ဘဏ္ဍာရေးကဏ္ဍတို့ကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်နိုင်ငံဟာ မူးယစ်ဆေးဝါးဂိုဏ်းတွေကို ဘယ်နေရာမှာမဆို ဆန့်ကျင်တိုက်ခိုက်မှုတွေလုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ယခုသီတင်းပတ်အစောပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့်က စဉ်းစားနေတယ်ဆိုတဲ့ အစီရင်ခံစာတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
zawgyi version
ဗင္နီဇြဲလားေျမေပၚက မူးယစ္ဂိုဏ္းေတြကို တိုက္ခိုက္ဖို႔ ေဒၚနယ္ထရမ့္စဥ္းစားေနတယ္လို႔ CNN ေဖာ္ျပ
Pika (NP News) - စက္တင္ဘာလ ၇
ဗင္နီဇြဲလားေျမေပၚမွာရွိတဲ့ မူးယစ္ေဆးဝါးဂိုဏ္းေတြကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က စဥ္းစားေနတယ္လို႔ သတင္းရင္းျမစ္ေတြကိုကိုးကားၿပီး CNNသတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။
အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က ကာေရဘီယံပင္လယ္အေရွ႕ပိုင္းမွာ စစ္သေဘၤာ(၈)စီးနဲ႔ ေရငုပ္သေဘၤာတစ္စီးတို႔ကို ျဖန႔္က်က္ခ်ထားခဲ့မႈနဲ႔အတူ အဲဒီအစီရင္ခံစာထြက္ေပၚလာတာျဖစ္ပါတယ္။ ဗင္နီဇြဲလားႏိုင္ငံကေန မူးယစ္ေဆးဝါးေမွာင္ခိုကူးလာတယ္လို႔ ယူဆရတဲ့ သေဘၤာတစ္စီးကို ဒုံးက်ည္နဲ႔တိုက္ခိုက္မႈဟာ ေဒသတြင္းမွာမူးယစ္ေဆးဝါးေမွာင္ခိုကူးမႈကို ပ်က္ျပားသြားေစဖို႔ ေဒၚနယ္ထရမ့္ရဲ႕ႀကိဳးပမ္းမႈေတြရဲ႕ပထမဆုံးေျခလွမ္းျဖစ္ၿပီး ဗင္နီဇြဲလားသမၼတနီကိုလက္စ္မာဒူ႐ိုကို ျဖဳတ္ခ်ဖို႔ အလားအလားေတြရွိေနတယ္လို႔ CNNကေရးသားေဖာ္ျပခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ ၎ရဲ႕ပထမဆုံးသမၼတသက္တမ္းအတြင္း ဗင္နီဇြဲလားရဲ႕ေရနံကုန္သြယ္မႈနဲ႔ ဘ႑ာေရးက႑တို႔ကို ပစ္မွတ္ထားတဲ့ ပိတ္ဆို႔အေရးယူမႈေတြကို ခ်မွတ္ခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္ႏိုင္ငံဟာ မူးယစ္ေဆးဝါးဂိုဏ္းေတြကို ဘယ္ေနရာမွာမဆို ဆန႔္က်င္တိုက္ခိုက္မႈေတြလုပ္ေဆာင္သြားမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက ယခုသီတင္းပတ္အေစာပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔ ေဒၚနယ္ထရမ့္က စဥ္းစားေနတယ္ဆိုတဲ့ အစီရင္ခံစာေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။