မလေးရှားနိုင်ငံခြားရေးဝန်ကြီးဦးဆောင်ပြီး အာဆီယံသုံးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ လိုက်ပါမည့် မြန်မာ ခရီးစဉ်ကိုရွေ့ဆိုင်း

948

သုတကျော် (NP News) - စက်တင်ဘာ ၁၉
မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဦးဆောင်ပြီး အာဆီယံ သုံးနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ လိုက်ပါမည့် မြန်မာ ခရီးစဉ်ကို ရွေ့ဆိုင်းလိုက်ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် The Sun သတင်းဌာန ၏ သတင်းတွင် ဖော်ပြရေးသားထားချက်များအရ သိရသည်။
အဆိုပါ ခရီးစဉ်ကို စက်တင်ဘာလ ၁၉ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Datuk Seri Mohamad Hasan က ဦးဆောင်ကာ ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးများ လိုက်ပါရန် စီစဉ်ထားခြင်း ဖြစ်သည်။
ယင်းခရီးနှင့် ပတ်သက်၍ ရှောင်လွှဲမရသော အခြေအနေများကြောင့် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း နှင့် အသေးစိတ် အချက်အလက်များကို ထပ်မံ မျှဝေပေးမည် ဖြစ်ကြောင်း လည်း ထုတ်ပြန်ထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။
မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ ရည်ရွယ်ချက်မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ဖျက်သိမ်းပြီးနောက် မြန်မာနိုင်ငံ ၏ အုပ်ချုပ်ရေး အသစ် အောက်မှ အခြေအနေကို အကဲဖြတ်ရန် ဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။
ထို့ပြင် ယင်းခရီးစဉ်တွင် ပြီးဆုံးကြောင်း ကြေငြာထားသော အရေးပေါ် အခြေအနေနှင့် ပတ်သက်၍လည်း လေ့လာမည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
မေလးရွားႏိုင္ငံျခားေရး ဝန္ႀကီးဦးေဆာင္ၿပီး အာဆီယံ သုံးႏိုင္ငံမွ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား လိုက္ပါမည့္ ျမန္မာ ခရီးစဥ္ကို ေ႐ြ႕ဆိုင္း
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၉
မေလးရွားႏိုင္ငံျခားေရး ဝန္ႀကီးဦးေဆာင္ၿပီး အာဆီယံ သုံးႏိုင္ငံမွ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား လိုက္ပါမည့္ ျမန္မာ ခရီးစဥ္ကို ေ႐ြ႕ဆိုင္းလိုက္ေၾကာင္း မေလးရွားႏိုင္ငံ အေျခစိုက္ The Sun သတင္းဌာန ၏ သတင္းတြင္ ေဖာ္ျပေရးသားထားခ်က္မ်ားအရ သိရသည္။
အဆိုပါ ခရီးစဥ္ကို စက္တင္ဘာလ ၁၉ ရက္တြင္ ျပဳလုပ္ရန္ စီစဥ္ထားျခင္း ျဖစ္ၿပီး မေလးရွား ႏိုင္ငံျခားေရး ဝန္ႀကီး Datuk Seri Mohamad Hasan က ဦးေဆာင္ကာ ထိုင္း၊ ဖိလစ္ပိုင္ႏွင့္ အင္ဒိုနီးရွား ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား လိုက္ပါရန္ စီစဥ္ထားျခင္း ျဖစ္သည္။
ယင္းခရီးႏွင့္ ပတ္သက္၍ ေရွာင္လႊဲမရေသာ အေျခအေနမ်ားေၾကာင့္ ေ႐ႊ႕ဆိုင္းလိုက္ျခင္းျဖစ္ေၾကာင္း ႏွင့္ အေသးစိတ္ အခ်က္အလက္မ်ားကို ထပ္မံ မွ်ေဝေပးမည္ ျဖစ္ေၾကာင္း လည္း ထုတ္ျပန္ထားသည္ဟု သတင္းတြင္ ေဖာ္ျပထားသည္။
မေလးရွား ႏိုင္ငံျခားေရး ဝန္ႀကီးဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕၏ ရည္႐ြယ္ခ်က္မွာ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီကို ဖ်က္သိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံ ၏ အုပ္ခ်ဳပ္ေရး အသစ္ ေအာက္မွ အေျခအေနကို အကဲျဖတ္ရန္ ျဖစ္ေၾကာင္း သတင္းတြင္ ေရးသားထားသည္။
ထို႔ျပင္ ယင္းခရီးစဥ္တြင္ ၿပီးဆုံးေၾကာင္း ေၾကျငာထားေသာ အေရးေပၚ အေျခအေနႏွင့္ ပတ္သက္၍လည္း ေလ့လာမည္ ျဖစ္ေၾကာင္း သိရသည္။