အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာလိုအပ်ချက်များကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟုဆို

95

သက်ပိုင် (NP News) -စက်တင်ဘာ ၂၀
အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာလိုအပ်ချက်များကို ဆက်လက်ပံ့ပိုးကူညီသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးက စက်တင်ဘာလ (၁၉) ရက်က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်အရ သိရသည်။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးသည် သိသိသာသာ ကျယ်ပြန့်နက်ရှိုင်းလာခဲ့ပြီး grants-in-aid စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်နှင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ အိုင်တီ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ဘေးအန္တရာယ်လျှော့ချရေး၊ ကျေးလက်ဒေသ အခြေခံအဆောက်အအုံနှင့် စွမ်းရည်မြှင့်တင်ရေး စသည့် စီမံကိန်း အမျိုးမျိုးအတွက် အမေရိကန်ဒေါ်လာ သန်း ၇၅၀ ခန့်ကို သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများအဖြစ် ပေးအပ် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် အိန္ဒိယနိုင်ငံသည် လာမည့်နှစ်များတွင် မြန်မာပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ပြည်နယ်များနှင့် တိုင်းဒေသကြီးများရှိ ကဏ္ဍအသီးသီးတွင် ဆက်လက်ပံ့ပိုးကူညီရန် ကတိပြုကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ စွမ်းရည်မြှင့်တင်ရေးအကူအညီများကို ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍ ပေါင်းစုံ၊ နည်းပညာ နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်(ဘင်းမ်စတက်)၊ အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) နှင့် မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကဲ့သို့သော အခြားအစီအစဉ်များတွင်လည်း ပေးအပ်လျက်ကြောင်း သိရသည်။
ထို့အပြင် အိန္ဒိယ-မြန်မာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များအောက်တွင် အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံ တွင် ဆော့ဖ်ဝဲလ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့်ရေးစင်တာ (CESDT) ကိုလည်း ထူထောင်ပေးခဲ့ပြီး ၎င်းတို့တွင် မြစ်ကြီးနား ကွန်ပျူတာတက္ကသိုလ်တွင် Virtual Classroom နှင့် e-Learning နည်းပညာများ အသုံးပြု၍ အဆင့်မြင့်အိုင်တီလေ့ကျင့်ရေးအတွက် ရေရှည်တည်တံ့သော အိုင်တီအခြေခံအဆောက်အအုံများ၊ ရန်ကုန် နှင့် နေပြည်တော်တွင် ဘာသာစကားဌာန နှင့် e-Resource စင်တာ နှင့် ရန်ကုန်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်တွင် အိန္ဒိယ-မြန်မာသတင်း အချက်အလက်နှင့် နည်းပညာ ကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်းဌာန(IMCEITS) ကိုလည်း ထူထောင်ပေးခဲ့ကြောင်း သိရသည်။
ယင်းအပြင် မန္တလေးတွင် အိန္ဒိယ၏ IIIT ပုံစံအတိုင်း ထူထောင်ထားသော မြန်မာသတင်းအချက်အလက် နည်းပညာ တက္ကသိုလ် (MIIT)၊ နေပြည်တော်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ဆန်စပါးဇီဝဥယျာဉ် နှင့် အဆင့်မြင့် စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးစင်တာ (ACARE) တို့သည် အိန္ဒိယနိုင်ငံ၏ နောက်ထပ် အဓိက စီမံကိန်းများဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးကာ ကျွမ်းကျင်သော စိုက်ပျိုးရေး သိပ္ပံပညာရှင်များ နှင့် အင်ဂျင်နီယာများ ထွက်ပေါ်လာစေရန်ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုမျှမက နှစ်စဉ်နှစ်တိုင်း ထင်ရှားသောအိန္ဒိယအဖွဲ့အစည်းများမှ ဖွင့်လှစ်သော သင်တန်းပေါင်း ၄၀၀ နီးပါးမှ တစ်ဆင့် ငွေကြေးအပြည့်အစုံထောက်ပံ့သည့် လေ့ကျင့်ရေးအခွင့်အလမ်းပေါင်း ၁၂,၀၀၀ နီးပါးကို ပေးအပ်လျက်ရှိ သည့် အိန္ဒိယနိုင်ငံ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်ဖြစ်သော “အိန္ဒိယနိုင်ငံ နည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ITEC) အစီအစဉ်ဖြင့်လည်း မြန်မာသင်တန်းသား ဆယ်ဂဏန်းမှ ရာဂဏန်းအထိ နှစ်စဉ် e-ITEC သင်တန်းများ ကို virtual စနစ်ဖြင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ငလျင်ဒဏ်ခံရသော စေတီပုထိုး ၅၀ ခန့် ပါဝင်သည့် ဒုတိယအဆင့်၏ တည်ဆောက်ပုံဆိုင်ရာ ထိန်းသိမ်းခြင်း၊ ဓာတုဗေဒဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ရန် တာဝန်ပေးအပ်ထားသော ASI အဖွဲ့ဝင် လေးဦးပါ အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ၎င်းတို့၏ လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
အိႏၵိယႏိုင္ငံအေနျဖင့္ ျမန္မာျပည္သူမ်ား၏ လူမႈစီးပြားေရးဆိုင္ရာလိုအပ္ခ်က္မ်ားကို ဆက္လက္ပံ့ပိုးကူညီသြား မည္ဟုဆို
သက္ပိုင္ (NP News) -စက္တင္ဘာ ၂၀
အိႏၵိယႏိုင္ငံအေနျဖင့္ ျမန္မာျပည္သူမ်ား၏ လူမႈစီးပြားေရးဆိုင္ရာလိုအပ္ခ်က္မ်ားကို ဆက္လက္ပံ့ပိုးကူညီသြား မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရွိ အိႏၵိယသံ႐ုံးက စက္တင္ဘာလ (၁၉) ရက္က ထုတ္ျပန္ခဲ့ေသာ ထုတ္ျပန္ခ်က္အရ သိရသည္။
လြန္ခဲ့ေသာ ဆယ္စုႏွစ္အတြင္း အိႏၵိယ-ျမန္မာ ႏွစ္ႏိုင္ငံတို႔၏ ဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ မိတ္ဖက္ဆက္ဆံေရးသည္ သိသိသာသာ က်ယ္ျပန႔္နက္ရႈိင္းလာခဲ့ၿပီး grants-in-aid စီမံကိန္းမ်ားအတြက္ အေမရိကန္ေဒၚလာ သန္း ၄၀၀ ေက်ာ္ႏွင့္ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး၊ အိုင္တီ၊ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ပညာေရး၊ စိုက္ပ်ိဳးေရး၊ ေဘးအႏၲရာယ္ေလွ်ာ့ခ်ေရး၊ ေက်းလက္ေဒသ အေျခခံအေဆာက္အအုံႏွင့္ စြမ္းရည္ျမႇင့္တင္ေရး စသည့္ စီမံကိန္း အမ်ိဳးမ်ိဳးအတြက္ အေမရိကန္ေဒၚလာ သန္း ၇၅၀ ခန႔္ကို သက္သာေသာအတိုးႏႈန္းျဖင့္ ေခ်းေငြမ်ားအျဖစ္ ေပးအပ္ ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ အိႏၵိယႏိုင္ငံသည္ လာမည့္ႏွစ္မ်ားတြင္ ျမန္မာျပည္သူမ်ား၏ လူမႈစီးပြားေရးဆိုင္ရာလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးရန္အတြက္ ျပည္နယ္မ်ားႏွင့္ တိုင္းေဒသႀကီးမ်ားရွိ က႑အသီးသီးတြင္ ဆက္လက္ပံ့ပိုးကူညီရန္ ကတိျပဳေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံသို႔ စြမ္းရည္ျမႇင့္တင္ေရးအကူအညီမ်ားကို ဘဂၤလားပင္လယ္ေအာ္ေဒသတြင္း က႑ ေပါင္းစုံ၊ နည္းပညာ ႏွင့္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈအစီအစဥ္(ဘင္းမ္စတက္)၊ အေရွ႕ေတာင္အာရွႏိုင္ငံမ်ား အသင္း (အာဆီယံ) ႏွင့္ မဲေခါင္-ဂဂၤါပူးေပါင္းေဆာင္႐ြက္မႈအစီအစဥ္ကဲ့သို႔ေသာ အျခားအစီအစဥ္မ်ားတြင္လည္း ေပးအပ္လ်က္ေၾကာင္း သိရသည္။
ထို႔အျပင္ အိႏၵိယ-ျမန္မာဖြံ႕ၿဖိဳးေရးပူးေပါင္းေဆာင္႐ြက္မႈအစီအစဥ္မ်ားေအာက္တြင္ အိႏၵိယအစိုးရသည္ ျမန္မာႏိုင္ငံ တြင္ ေဆာ့ဖ္ဝဲလ္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ေလ့က်င့္ေရးစင္တာ (CESDT) ကိုလည္း ထူေထာင္ေပးခဲ့ၿပီး ၎တို႔တြင္ ျမစ္ႀကီးနား ကြန္ပ်ဴတာတကၠသိုလ္တြင္ Virtual Classroom ႏွင့္ e-Learning နည္းပညာမ်ား အသုံးျပဳ၍ အဆင့္ျမင့္အိုင္တီေလ့က်င့္ေရးအတြက္ ေရရွည္တည္တံ့ေသာ အိုင္တီအေျခခံအေဆာက္အအုံမ်ား၊ ရန္ကုန္ ႏွင့္ ေနျပည္ေတာ္တြင္ ဘာသာစကားဌာန ႏွင့္ e-Resource စင္တာ ႏွင့္ ရန္ကုန္ၿမိဳ႕ရွိ ကြန္ပ်ဴတာတကၠသိုလ္တြင္ အိႏၵိယ-ျမန္မာသတင္း အခ်က္အလက္ႏွင့္ နည္းပညာ ကြၽမ္းက်င္မႈ ျမႇင့္တင္ေရးသင္တန္းဌာန(IMCEITS) ကိုလည္း ထူေထာင္ေပးခဲ့ေၾကာင္း သိရသည္။
ယင္းအျပင္ မႏၲေလးတြင္ အိႏၵိယ၏ IIIT ပုံစံအတိုင္း ထူေထာင္ထားေသာ ျမန္မာသတင္းအခ်က္အလက္ နည္းပညာ တကၠသိုလ္ (MIIT)၊ ေနျပည္ေတာ္ရွိ ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္တြင္ ဆန္စပါးဇီဝဥယ်ာဥ္ ႏွင့္ အဆင့္ျမင့္ စိုက္ပ်ိဳးေရးသုေတသနႏွင့္ ပညာေရးစင္တာ (ACARE) တို႔သည္ အိႏၵိယႏိုင္ငံ၏ ေနာက္ထပ္ အဓိက စီမံကိန္းမ်ားျဖစ္ၿပီး အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးကာ ကြၽမ္းက်င္ေသာ စိုက္ပ်ိဳးေရး သိပၸံပညာရွင္မ်ား ႏွင့္ အင္ဂ်င္နီယာမ်ား ထြက္ေပၚလာေစရန္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ထိုမွ်မက ႏွစ္စဥ္ႏွစ္တိုင္း ထင္ရွားေသာအိႏၵိယအဖြဲ႕အစည္းမ်ားမွ ဖြင့္လွစ္ေသာ သင္တန္းေပါင္း ၄၀၀ နီးပါးမွ တစ္ဆင့္ ေငြေၾကးအျပည့္အစုံေထာက္ပံ့သည့္ ေလ့က်င့္ေရးအခြင့္အလမ္းေပါင္း ၁၂,၀၀၀ နီးပါးကို ေပးအပ္လ်က္ရွိ သည့္ အိႏၵိယႏိုင္ငံ၏ စြမ္းေဆာင္ရည္ျမႇင့္တင္ေရးအစီအစဥ္ျဖစ္ေသာ “အိႏၵိယႏိုင္ငံ နည္းပညာႏွင့္စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ (ITEC) အစီအစဥ္ျဖင့္လည္း ျမန္မာသင္တန္းသား ဆယ္ဂဏန္းမွ ရာဂဏန္းအထိ ႏွစ္စဥ္ e-ITEC သင္တန္းမ်ား ကို virtual စနစ္ျဖင့္သင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ငလ်င္ဒဏ္ခံရေသာ ေစတီပုထိုး ၅၀ ခန႔္ ပါဝင္သည့္ ဒုတိယအဆင့္၏ တည္ေဆာက္ပုံဆိုင္ရာ ထိန္းသိမ္းျခင္း၊ ဓာတုေဗဒဆိုင္ရာ ထိန္းသိမ္းျခင္းႏွင့္ ျပန္လည္ျပဳျပင္ျခင္း လုပ္ငန္းမ်ားကို လုပ္ေဆာင္ရန္ တာဝန္ေပးအပ္ထားေသာ ASI အဖြဲ႕ဝင္ ေလးဦးပါ အဖြဲ႕သည္ ၂၀၂၅ ခုႏွစ္၊ စက္တင္ဘာလတြင္ ၎တို႔၏ လုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။