ဒေါ်နယ်ထရမ့်က ရုရှားနဲ့ယူကရိန်းတို့အတွက် အခြေအနေတွေ သတ်မှတ်ပေးသွားမှာမဟုတ်ဟုဆို
                        
                            
                             
 816
 
                             
                            
                            
                         
                        
Pika (NP News) - စက်တင်ဘာ ၂၂
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့အတွက် ရုရှားဒါမှမဟုတ် ယူကရိန်းအပေါ် ဘယ်လိုအခြေအနေမျိုးကိုမှ ဖိအားပေးသွားမှာမဟုတ်ဘူးလို့ နေတိုးအဖွဲ့ဆိုင်ရာ အမေရိကန်သံ အမတ်ကြီး မက်သရူးဝစ်တိတ်ကာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 
ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းပဋိပက္ခကိုပြေလည်အောင်လုပ်ဆောင်ဖို့အတွက် ဆက်လက် တွန်းအားပေးသွားမှာဖြစ်တယ်လို့ မက်သရူးဝစ်တိတ်ကာက ပြောကြားခဲ့ပါတယ်။ 
မက်သရူးဝစ်တိတ်ကာက “ရုရှားနဲ့ယူကရိန်းနှစ်ဘက်စလုံးကို ခေါ်ဆောင်လာနိုင်မယ့်အခြေအနေတွေကိုရှာဖွေပြီး ပြေလည်အောင်ဖြေရှင်းနိုင်မယ့်ဖြေရှင်းချက်တွေကို ဒေါ်နယ်ထရမ့်က ရှာဖွေသွားမှာပါ။ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ဟာ အခြေအနေတွေသတ်မှတ်တာမျိုးကိုတော့ လုပ်ဆောင်မှာမဟုတ်ပါဘူး။နှစ်ဘက်စလုံးက ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို သဘောတူညီမှရမှာပါ” လို့ ပြောခဲ့ပါတယ်။
ရုရှားသမ္မတပူတင်နဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့ဟာ အချင်းချင်းမုန်းတီးနေကြတာကြောင့် တွေ့ဆုံဖို့အတွက် စီစဉ်ဖို့က ခက်ခဲတယ်လို့ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒါပေမယ့်လည်း ပူတင်နဲ့ဇီလန်စကီးတို့ တွေ့ဆုံ ဖြစ်ခဲ့ရင် စကားပြောဆိုမှုတွေအားလုံးကို လုပ်ဆောင်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
                     
                        
                                                                    
Zawgyi Version: 
ေဒၚနယ္ထရမ့္က ႐ုရွားနဲ႔ယူကရိန္းတို႔အတြက္ အေျခအေနေတြ သတ္မွတ္ေပးသြားမွာမဟုတ္ဟုဆို
Pika (NP News) - စက္တင္ဘာ ၂၂
အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ျပန္လည္စတင္ဖို႔အတြက္ ႐ုရွားဒါမွမဟုတ္ ယူကရိန္းအေပၚ ဘယ္လိုအေျခအေနမ်ိဳးကိုမွ ဖိအားေပးသြားမွာမဟုတ္ဘူးလို႔ ေနတိုးအဖြဲ႕ဆိုင္ရာ အေမရိကန္သံ အမတ္ႀကီး မက္သ႐ူးဝစ္တိတ္ကာက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ 
ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္ဟာ ယူကရိန္းပဋိပကၡကိုေျပလည္ေအာင္လုပ္ေဆာင္ဖို႔အတြက္ ဆက္လက္ တြန္းအားေပးသြားမွာျဖစ္တယ္လို႔ မက္သ႐ူးဝစ္တိတ္ကာက ေျပာၾကားခဲ့ပါတယ္။ 
မက္သ႐ူးဝစ္တိတ္ကာက “႐ုရွားနဲ႔ယူကရိန္းႏွစ္ဘက္စလုံးကို ေခၚေဆာင္လာႏိုင္မယ့္အေျခအေနေတြကိုရွာေဖြၿပီး ေျပလည္ေအာင္ေျဖရွင္းႏိုင္မယ့္ေျဖရွင္းခ်က္ေတြကို ေဒၚနယ္ထရမ့္က ရွာေဖြသြားမွာပါ။ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္ဟာ အေျခအေနေတြသတ္မွတ္တာမ်ိဳးကိုေတာ့ လုပ္ေဆာင္မွာမဟုတ္ပါဘူး။ႏွစ္ဘက္စလုံးက ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုကို သေဘာတူညီမွရမွာပါ” လို႔ ေျပာခဲ့ပါတယ္။
႐ုရွားသမၼတပူတင္နဲ႔ ယူကရိန္းသမၼတဇီလန္စကီးတို႔ဟာ အခ်င္းခ်င္းမုန္းတီးေနၾကတာေၾကာင့္ ေတြ႕ဆုံဖို႔အတြက္ စီစဥ္ဖို႔က ခက္ခဲတယ္လို႔ ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ဒါေပမယ့္လည္း ပူတင္နဲ႔ဇီလန္စကီးတို႔ ေတြ႕ဆုံ ျဖစ္ခဲ့ရင္ စကားေျပာဆိုမႈေတြအားလုံးကို လုပ္ေဆာင္သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။