ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

 192

Pika (NP News) - စက်တင်ဘာ ၃ဝ

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ လူထောင်ပေါင်းများစွာချီတက်ဆန္ဒပြခဲ့ကြပြီး ဂါဇာကမ်းမြောင်ဒေသမှာလုပ်ဆောင်နေတဲ့ အစ္စရေးရဲ့စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ဆန္ဒပြသူတွေဟာ ပါလက်စတိုင်းတွေကိုလွတ်လပ်ခွင့်ပေးပါ၊ အစားအစာနဲ့ရေဟာ လူသားတွေရဲ့ အခွင့်အရေးဖြစ်တယ်ဆိုတဲ့စာတန်းတွေကို ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့လည်းသိရပါတယ်။
ဆန္ဒပြသူတစ်ဦးက "အစ္စရေးရဲ့မူဝါဒတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ဆန့်ကျင်နေကြတဲ့ လူအများအပြားကို ကျွန်တော်တို့တွေ့မြင်ခဲ့ရပါတယ်” ဟု ပြောခဲ့ပါတယ်။
ချီတက်ဆန္ဒပြသူတွေဟာ ရပ်ပ်ပါတွေနဲ့ဟစ်ဟော့အနုပညာရှင်တွေရဲ့ဖျော်ဖြေပွဲနေရာတစ်ခုဖြစ်တဲ့ ဘာလင်မြို့ရဲ့ Victory Column အထိမ်းအမှတ်နေရာအနီးမှာ ဆန္ဒပြမှုတွေကို အဆုံးသတ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက စီစဉ်ခဲ့တဲ့ ဘာလင်မြို့မှာလုပ်ဆောင်ခဲ့တဲ့ ချီတက်ဆန္ဒပြပွဲမှာ လူပေါင်း(၆၀၀၀၀)နီးပါး ပါဝင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပြီးတော့ ဆန္ဒပြမှုတွေကို စောင့်ကြည့်ဖို့အတွက် ဂျာမနီအစိုးရက ရဲတပ်ဖွဲ့ဝင်(၁၈၀၀)ဦးခန့်ကို ဖြန့်ကျက်ချထားခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဂါဇာစစ္ပြဲကို အဆုံးသတ္ဖို႔ ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕မွာ လူေထာင္ေပါင္းမ်ားစြာ ခ်ီတက္ဆႏၵျပ
Pika (NP News) - စက္တင္ဘာ ၃ဝ
ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕မွာ လူေထာင္ေပါင္းမ်ားစြာခ်ီတက္ဆႏၵျပခဲ့ၾကၿပီး ဂါဇာကမ္းေျမာင္ေဒသမွာလုပ္ေဆာင္ေနတဲ့ အစၥေရးရဲ႕စစ္ေရးလႈပ္ရွားမႈေတြကို ရပ္တန႔္ဖို႔ေတာင္းဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။ဆႏၵျပသူေတြဟာ ပါလက္စတိုင္းေတြကိုလြတ္လပ္ခြင့္ေပးပါ၊ အစားအစာနဲ႔ေရဟာ လူသားေတြရဲ႕ အခြင့္အေရးျဖစ္တယ္ဆိုတဲ့စာတန္းေတြကို ကိုင္ေဆာင္ၿပီး ခ်ီတက္ဆႏၵျပခဲ့ၾကတာျဖစ္တယ္လို႔လည္းသိရပါတယ္။
ဆႏၵျပသူတစ္ဦးက "အစၥေရးရဲ႕မူဝါဒေတြနဲ႔ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြကို ဆန႔္က်င္ေနၾကတဲ့ လူအမ်ားအျပားကို ကြၽန္ေတာ္တို႔ေတြ႕ျမင္ခဲ့ရပါတယ္” ဟု ေျပာခဲ့ပါတယ္။
ခ်ီတက္ဆႏၵျပသူေတြဟာ ရပ္ပ္ပါေတြနဲ႔ဟစ္ေဟာ့အႏုပညာရွင္ေတြရဲ႕ေဖ်ာ္ေျဖပြဲေနရာတစ္ခုျဖစ္တဲ့ ဘာလင္ၿမိဳ႕ရဲ႕ Victory Column အထိမ္းအမွတ္ေနရာအနီးမွာ ဆႏၵျပမႈေတြကို အဆုံးသတ္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြက စီစဥ္ခဲ့တဲ့ ဘာလင္ၿမိဳ႕မွာလုပ္ေဆာင္ခဲ့တဲ့ ခ်ီတက္ဆႏၵျပပြဲမွာ လူေပါင္း(၆၀၀၀၀)နီးပါး ပါဝင္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ ဆႏၵျပမႈေတြကို ေစာင့္ၾကည့္ဖို႔အတြက္ ဂ်ာမနီအစိုးရက ရဲတပ္ဖြဲ႕ဝင္(၁၈၀၀)ဦးခန႔္ကို ျဖန႔္က်က္ခ်ထားခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.