မက္ကဆီကိုနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၂၈)ဦးသေဆုံး

 140

Pika (NP News) - အောက်တိုဘာ ၁၃

မက္ကဆီကိုနိုင်ငံတွင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၂၈)ဦး သေဆုံးခဲ့ တယ်လို့ ဒေသတွင်းအာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ရေကြီးမှုတွေကြောင့် အပျက်အစီးအများအပြားဖြစ်ပေါ်ခဲ့တယ်လို့လည်း အာဏာပိုင်တွေက ပြောကြားခဲ့ပါ တယ်။ မက္ကဆီကိုရဲ့ပြည်နယ်(၃၂)ခုမှာ (၃၁)မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြစ်ရေတွေလျှံတက်လာကာ ရွာတွေ ရေနစ်မြုပ်တာတွေ၊ မြေပြိုတာတွေနဲ့ လမ်းနဲ့တံတားတွေ ပြိုကျပျက်စီးတာမျိုး ဖြစ်ခဲ့တယ်လို့သိရပါတယ်။ အလယ်ပိုင်း Hidalgo ပြည်နယ်ဟာ ရေကြီးမှုတွေကြောင့် အဆိုးရွားဆုံးထိခိုက်ခံစားခဲ့ရတဲ့ပြည်နယ်တစ်ခုဖြစ်ပြီး အနည်းဆုံးလူ(၁၆)ဦးသေဆုံးကာ အိမ်ခြေပေါင်း(၁၀၀၀)ခန့် ပျက်စီးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အိမ်နီးချင်း Puebla ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ အနည်းဆုံးလူ(၉)ဦးသေဆုံးခဲ့ပြီး လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် Puebla ပြည်နယ် မှာ ပြင်းထန်တဲ့ရာသီဥတုကြောင့် လူပေါင်း(၈၀၀၀၀)ခန့် ရေဘေးသင့်ခဲ့တယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ပြော ကြားခဲ့ပါတယ်။ ရေကြီးမှုတွေကြောင့် Veracruz မြို့နဲ့ Queretaro မြို့တို့မှာ အနည်းဆုံးလူ(၂)ဦး သေဆုံးခဲ့ တယ်လို့လည်း သိရပါတယ်။
မက္ကဆီကိုသမ္မတ Claudia Sheinbaum “ပြည်သူတွေကို ကူညီပေးဖို့၊လမ်းတွေပြန်ပွင့်ဖို့နဲ့ လျှပ်စစ်မီးတွေ ပြန်လည်ရရှိစေဖို့ ကျွန်မတို့လုပ်ဆောင်နေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီပေးဖို့ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေအပြင် လှေတွေ၊ လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကိုပါ ဖြန့်ကျက်ချထားပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
မကၠဆီကိုႏိုင္ငံမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ အနည္းဆုံးလူ(၂၈)ဦးေသဆုံး
Pika (NP News) - ေအာက္တိုဘာ ၁၃
မကၠဆီကိုႏိုင္ငံတြင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ အနည္းဆုံးလူ(၂၈)ဦး ေသဆုံးခဲ့ တယ္လို႔ ေဒသတြင္းအာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေရႀကီးမႈေတြေၾကာင့္ အပ်က္အစီးအမ်ားအျပားျဖစ္ေပၚခဲ့တယ္လို႔လည္း အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါ တယ္။ မကၠဆီကိုရဲ႕ျပည္နယ္(၃၂)ခုမွာ (၃၁)မွာ မိုးသည္းထန္စြာ႐ြာသြန္းခဲ့ၿပီး ျမစ္ေရေတြလွ်ံတက္လာကာ ႐ြာေတြ ေရနစ္ျမဳပ္တာေတြ၊ ေျမၿပိဳတာေတြနဲ႔ လမ္းနဲ႔တံတားေတြ ၿပိဳက်ပ်က္စီးတာမ်ိဳး ျဖစ္ခဲ့တယ္လို႔သိရပါတယ္။ အလယ္ပိုင္း Hidalgo ျပည္နယ္ဟာ ေရႀကီးမႈေတြေၾကာင့္ အဆိုး႐ြားဆုံးထိခိုက္ခံစားခဲ့ရတဲ့ျပည္နယ္တစ္ခုျဖစ္ၿပီး အနည္းဆုံးလူ(၁၆)ဦးေသဆုံးကာ အိမ္ေျခေပါင္း(၁၀၀၀)ခန႔္ ပ်က္စီးသြားခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
အိမ္နီးခ်င္း Puebla ျပည္နယ္မွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ အနည္းဆုံးလူ(၉)ဦးေသဆုံးခဲ့ၿပီး လူအမ်ားအျပား ေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ Puebla ျပည္နယ္ မွာ ျပင္းထန္တဲ့ရာသီဥတုေၾကာင့္ လူေပါင္း(၈၀၀၀၀)ခန႔္ ေရေဘးသင့္ခဲ့တယ္လို႔ ျပည္နယ္အစိုးရက ထုတ္ျပန္ေျပာ ၾကားခဲ့ပါတယ္။ ေရႀကီးမႈေတြေၾကာင့္ Veracruz ၿမိဳ႕နဲ႔ Queretaro ၿမိဳ႕တို႔မွာ အနည္းဆုံးလူ(၂)ဦး ေသဆုံးခဲ့ တယ္လို႔လည္း သိရပါတယ္။
မကၠဆီကိုသမၼတ Claudia Sheinbaum “ျပည္သူေတြကို ကူညီေပးဖို႔၊လမ္းေတြျပန္ပြင့္ဖို႔နဲ႔ လွ်ပ္စစ္မီးေတြ ျပန္လည္ရရွိေစဖို႔ ကြၽန္မတို႔လုပ္ေဆာင္ေနပါတယ္။ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ကူညီေပးဖို႔ ေထာင္နဲ႔ခ်ီတဲ့ တပ္ဖြဲ႕ဝင္ေတြအျပင္ ေလွေတြ၊ ေလယာဥ္ေတြနဲ႔ ရဟတ္ယာဥ္ေတြကိုပါ ျဖန႔္က်က္ခ်ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.