ရန်ကုန်နှင့် ဧရာဝတီ အပါအဝင် တိုင်း(၃)တိုင်းတွင် မိုးတိမ်တောင်များ အားကောင်းနေ၍ ရွေ့လျားရာ နေရာတစ်လျှောက် မိုးရွာသွန်းနိုင်

254

စော (NP News) - အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိ၍ ရွေ့လျားရာ နေရာတစ်လျှောက်၌ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (အောက်တိုဘာ ၁၃ ရက်)၊ နံနက် (၇)နာရီထုတ်ပြန်ချက်တွင် ထုတ်ပြန်ထားသည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေကြောင်း သိရသည်။
ထို့ပြင် ယနေ့ (အောက်တိုဘာ ၁၃ ရက်)၊ ညနေအထိ တနင်္သာရီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း နှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ မိုးဇလမှ လာမည့် (၂)ရက်အတွက် ခန့်မှန်းချက်အရ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးထစ်ချုန်းမည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ႏွင့္ ဧရာဝတီ အပါအဝင္ တိုင္း(၃)တိုင္းတြင္ မိုးတိမ္ေတာင္မ်ား အားေကာင္းေန၍ ေ႐ြ႕လ်ားရာ ေနရာတစ္ေလွ်ာက္ မိုး႐ြာသြန္းႏိုင္
ေစာ (NP News) - ေအာက္တိုဘာ ၁၃
ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ပဲခူးတိုင္းေဒသႀကီးတို႔တြင္ မိုးတိမ္ေတာင္မ်ား ျဖစ္ထြန္းမႈအားေကာင္းလ်က္ရွိ၍ ေ႐ြ႕လ်ားရာ ေနရာတစ္ေလွ်ာက္၌ မိုး႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ေအာက္တိုဘာ ၁၃ ရက္)၊ နံနက္ (၇)နာရီထုတ္ျပန္ခ်က္တြင္ ထုတ္ျပန္ထားသည္။
မိုးဇလ၏ ထုတ္ျပန္ခ်က္အရ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေျမာက္ပိုင္းႏွင့္ အေရွ႕အလယ္ပိုင္းတို႔တြင္ တိမ္အနည္းငယ္ ျဖစ္ထြန္းေနၿပီး ကပၸလီပင္လယ္ျပင္ႏွင့္ က်န္ဘဂၤလားပင္လယ္ေအာ္တို႔တြင္ မုတ္သုံေလ အားနည္းေနေၾကာင္း သိရသည္။
ထို႔ျပင္ ယေန႔ (ေအာက္တိုဘာ ၁၃ ရက္)၊ ညေနအထိ တနသၤာရီတိုင္းေဒသႀကီး ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) တို႔တြင္ ေနရာစိပ္စိပ္၊ ေနျပည္ေတာ္၊ ပဲခူးတိုင္းေဒသႀကီး ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္းတို႔တြင္ ေနရာက်ဲက်ဲႏွင့္ က်န္တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္ျဖစ္ၿပီး ႐ြာရန္ရာႏႈန္းျပည့္ျဖစ္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထားသည္။
အလားတူ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတို႔တြင္ မိုးတိမ္ေတာင္မ်ား ျဖစ္ထြန္းမႈအားေကာင္းလ်က္ရွိၿပီး အဆိုပါ မိုးတိမ္ေတာင္မ်ား ေ႐ြ႕လ်ားရာ ေနရာတစ္ေလွ်ာက္တြင္ မိုး႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္း ႏွင့္ မိုးသီးေႂကြျခင္း စသည့္ မိုးေလဝသျဖစ္စဥ္မ်ားျဖစ္ေပၚႏိုင္ပါသျဖင့္ ႀကိဳတင္သတိျပဳရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။ မိုးဇလမွ လာမည့္ (၂)ရက္အတြက္ ခန႔္မွန္းခ်က္အရ ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသမ်ားတြင္ မိုးထစ္ခ်ဳန္းမည့္အေျခအေနမ်ား ဆက္လက္ျဖစ္ေပၚေနမည္ျဖစ္ေၾကာင္း သိရသည္။