လွှတ်တော်ကိုယ်စားလှယ်လောင်း ဇနီးကို ရွေးကောက်ပွဲမဝင်ရန် ရိုက်နှက်၊ ခြိမ်းခြောက်သူ အမျိုးသားအား အမှုဖွင့်ထား

 1693

Pearl (NP News) - အောက်တိုဘာ ၂၃
လွှတ်တော်ကိုယ်စားလှယ်လောင်း ဇနီးကို ရွေးကောက်ပွဲမဝင်ရန် ရိုက်နှက်၊ ခြိမ်းခြောက်သူ အမျိုးသားအား အမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးစေရန် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အုန်းပင်စုကျေးရွာနေ ကျော်လင်းထွန်း(ခ)ဂဏန်း(၄၁)နှစ်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ၎င်း၏ဇနီး ဒေါ်လေးလေးမြင့် (၄၁)နှစ်အား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ရိုက်နှက်ခြင်း၊ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ကျော်လင်းထွန်း(ခ)ဂဏန်း အား အောက်တိုဘာ ၁၇ ရက်တွင် ဥက္ကံ နယ်မြေရဲစခန်း (ပ)၄၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ နောက်လယ်ရပ်ကွက်နေ လှဌေး (၅၈)နှစ်သည် စက်တင်ဘာလအတွင်း၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာဖြင့် ပတ်ဝန်းကျင်ရှိ အခြားသူများအား ပြောဆိုစည်းရုံးခြင်း၊ လှုံ့ဆော်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် လှဌေး အား အောက်တိုဘာ ၂၀ ရက်တွင် မြိတ်မြို့မရဲစခန်း (ပ)၂၁၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း အမှုရေးဖွင့်ထားကြောင်း သိရ သည်။
ထို့အတူ ဩဂုတ် ၂၂ ရက်နှင့် စက်တင်ဘာ ၄ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား MEVM ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြအခမ်းအနားများ ဆောင်ရွက်ခဲ့သည်ကို “Kyimyindaing Scout” Telegram Channel မှ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပမှုကို နှောင့်ယှက်ဟန့်တားပျက်စီးစေရန် လှုံ့ဆော်စာသားများ ရေးသား ဖြန့်ဝေခဲ့သဖြင့် အဆိုပါ Telegram Channel မှ တာဝန်ရှိသူများအား အောက်တိုဘာ ၁၅ ရက်တွင် ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၃၂၀/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း၊ အောက်တိုဘာ ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ဗိုလ်အောင်ဇေယျ ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဘိုးရာဇာခန်းမ၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား MEVM ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်း သရုပ်ပြအခမ်းအနား ပြုလုပ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက Fix Wing Drone နှစ်စီးဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် PDF အဖွဲ့ဝင်များအား အောက်တိုဘာ ၁၇ ရက်တွင် ရေဦးမြို့မရဲစခန်း (ပ)၂၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)၊ (ခ) ဖြင့် လည်းကောင်း အမှုရေးဖွင့်ထားရှိပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပိုင်း (၁) ကို လာမည့် ဒီဇင်ဘာ (၂၈)ရက်တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါရွေးကောက်ပွဲ ကျင်းပရန်အတွက် (၆၆)ရက်သာ ကျန်ရှိကြောင်း သိရသည်။
ထို့ပြင် ဒေသတစ်ခုမှအခြားဒေသတစ်ခုသို့ ပြောင်းရွှေ့သည့်အခါ မဲစာရင်းတစ်ခုမှ အခြားမဲစာရင်းတစ်ခုသို့ အမည်ပြောင်းရွှေ့လို သူများအနေဖြင့် သတ်မှတ်စာရွက်စာတမ်း နှင့်အတူ လက်ရှိမဲဆန္ဒနယ်စာရင်း၌ မိမိအမည်ကို ပယ်ဖျက်ပေး ရန် တောင်းဆိုလွှာပုံစံ (၄-က) ဖြင့် သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်းဆောင်ရွက်ရန်ထုတ်ပြန်ထားရာ လက်ရှိတွင် မဲစာရင်းပြောင်းရွေ့ရန် (၆)ရက်သာ ကျန်ရှိကြောင်းလည်း သိရသည်။

Zawgyi Version:
လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဇနီးကို ေ႐ြးေကာက္ပြဲမဝင္ရန္ ႐ိုက္ႏွက္၊ ၿခိမ္းေျခာက္သူ အမ်ိဳးသားအား အမႈဖြင့္ထား
Pearl (NP News) - ေအာက္တိုဘာ ၂၃
လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဇနီးကို ေ႐ြးေကာက္ပြဲမဝင္ရန္ ႐ိုက္ႏွက္၊ ၿခိမ္းေျခာက္သူ အမ်ိဳးသားအား အမႈဖြင့္ထားေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
ေ႐ြးေကာက္ပြဲဆိုင္ရာ လုပ္ငန္းစဥ္မ်ားအား ထိခိုက္ပ်က္စီးေစရန္ ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္း ျပဳလုပ္သူမ်ားအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားျခင္းမွ ကာကြယ္ေပးေရး ဥပေဒႏွင့္အညီ စုံစမ္းေဖာ္ထုတ္ၿပီး ထိေရာက္စြာ အေရးယူျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိရာ ရန္ကုန္တိုင္းေဒသႀကီး၊ တိုက္ႀကီးၿမိဳ႕နယ္၊ အုန္းပင္စုေက်း႐ြာေန ေက်ာ္လင္းထြန္း(ခ)ဂဏန္း(၄၁)ႏွစ္သည္ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရး ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ၎၏ဇနီး ေဒၚေလးေလးျမင့္ (၄၁)ႏွစ္အား ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲအား ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမျပဳရန္ ႐ိုက္ႏွက္ျခင္း၊ ေ႐ြးေကာက္ပြဲအား ဝင္ေရာက္ယွဥ္ၿပိဳင္ပါက သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ျခင္းမ်ား ျပဳလုပ္ခဲ့ေသာေၾကာင့္ ေက်ာ္လင္းထြန္း(ခ)ဂဏန္း အား ေအာက္တိုဘာ ၁၇ ရက္တြင္ ဥကၠံ နယ္ေျမရဲစခန္း (ပ)၄၉/၂၀၂၅၊ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒပုဒ္မ ၂၄ (က) ျဖင့္ အမႈေရးဖြင့္ထားေၾကာင္း သိရသည္။
အလားတူ တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္၊ ေနာက္လယ္ရပ္ကြက္ေန လွေဌး (၅၈)ႏွစ္သည္ စက္တင္ဘာလအတြင္း၌ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ က်င္းပမႈကို ပ်က္ျပားေစရန္ ရည္႐ြယ္ကာ လူမႈကြန္ရက္စာမ်က္ႏွာျဖင့္ ပတ္ဝန္းက်င္ရွိ အျခားသူမ်ားအား ေျပာဆိုစည္း႐ုံးျခင္း၊ လႈံ႕ေဆာ္ျခင္းမ်ား ျပဳလုပ္ခဲ့ေသာေၾကာင့္ လွေဌး အား ေအာက္တိုဘာ ၂၀ ရက္တြင္ ၿမိတ္ၿမိဳ႕မရဲစခန္း (ပ)၂၁၅/၂၀၂၅၊ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒပုဒ္မ ၂၃(က) ျဖင့္ လည္းေကာင္း အမႈေရးဖြင့္ထားေၾကာင္း သိရ သည္။
ထို႔အတူ ဩဂုတ္ ၂၂ ရက္ႏွင့္ စက္တင္ဘာ ၄ ရက္တို႔တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္အတြင္း ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ မဲဆႏၵရွင္ျပည္သူမ်ားအား MEVM ဆိုင္ရာ အသိပညာေပးျခင္းႏွင့္ လက္ေတြ႕စမ္းသပ္မဲေပးျခင္း သ႐ုပ္ျပအခမ္းအနားမ်ား ေဆာင္႐ြက္ခဲ့သည္ကို “Kyimyindaing Scout” Telegram Channel မွ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲ က်င္းပမႈကို ေႏွာင့္ယွက္ဟန႔္တားပ်က္စီးေစရန္ လႈံ႕ေဆာ္စာသားမ်ား ေရးသား ျဖန႔္ေဝခဲ့သျဖင့္ အဆိုပါ Telegram Channel မွ တာဝန္ရွိသူမ်ားအား ေအာက္တိုဘာ ၁၅ ရက္တြင္ ၾကည့္ျမင္တိုင္ၿမိဳ႕မရဲစခန္း (ပ)၃၂၀/၂၀၂၅၊ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒပုဒ္မ ၂၃(က) ျဖင့္ လည္းေကာင္း၊ ေအာက္တိုဘာ ၉ ရက္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရဦးၿမိဳ႕နယ္၊ ဗိုလ္ေအာင္ေဇယ် ရပ္ကြက္ရွိ အမွတ္(၂)အေျခခံပညာအထက္တန္းေက်ာင္း၊ ဘိုးရာဇာခန္းမ၌ ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲမွ မဲဆႏၵရွင္ျပည္သူမ်ားအား MEVM ဆိုင္ရာအသိပညာေပးျခင္းႏွင့္ လက္ေတြ႕ စမ္းသပ္မဲေပးျခင္း သ႐ုပ္ျပအခမ္းအနား ျပဳလုပ္ေနစဥ္ PDF အမည္ခံ အၾကမ္းဖက္သမားမ်ားက Fix Wing Drone ႏွစ္စီးျဖင့္ Drop Bomb မ်ား ပစ္ခ်တိုက္ခိုက္ခဲ့သျဖင့္ အျပစ္မဲ့ အရပ္သားျပည္သူ တစ္ဦး ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေသာေၾကာင့္ PDF အဖြဲ႕ဝင္မ်ားအား ေအာက္တိုဘာ ၁၇ ရက္တြင္ ေရဦးၿမိဳ႕မရဲစခန္း (ပ)၂၁/၂၀၂၅၊ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒပုဒ္မ ၂၄(က)၊ (ခ) ျဖင့္ လည္းေကာင္း အမႈေရးဖြင့္ထားရွိၿပီး ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
၂၀၂၅ခုႏွစ္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲအပိုင္း (၁) ကို လာမည့္ ဒီဇင္ဘာ (၂၈)ရက္တြင္ က်င္းပမည္ျဖစ္ရာ အဆိုပါေ႐ြးေကာက္ပြဲ က်င္းပရန္အတြက္ (၆၆)ရက္သာ က်န္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ေဒသတစ္ခုမွအျခားေဒသတစ္ခုသို႔ ေျပာင္းေ႐ႊ႕သည့္အခါ မဲစာရင္းတစ္ခုမွ အျခားမဲစာရင္းတစ္ခုသို႔ အမည္ေျပာင္းေ႐ႊ႕လို သူမ်ားအေနျဖင့္ သတ္မွတ္စာ႐ြက္စာတမ္း ႏွင့္အတူ လက္ရွိမဲဆႏၵနယ္စာရင္း၌ မိမိအမည္ကို ပယ္ဖ်က္ေပး ရန္ ေတာင္းဆိုလႊာပုံစံ (၄-က) ျဖင့္ သက္ဆိုင္ရာ ရပ္/ေက်း ေကာ္မရွင္အဖြဲ႕ခြဲမွတစ္ဆင့္ ၿမိဳ႕နယ္ေကာ္မရွင္အဖြဲ႕ခြဲသို႔ တင္သြင္းေဆာင္႐ြက္ရန္ထုတ္ျပန္ထားရာ လက္ရွိတြင္ မဲစာရင္းေျပာင္းေ႐ြ႕ရန္ (၆)ရက္သာ က်န္ရွိေၾကာင္းလည္း သိရသည္။

Picture

jetjet nevercry

23/10/2025 11:36

ငါ တို့ နေလာတာ ဒီ ရပ်ကွက်မှာ ရ နှစ် ရှိပြီ။ ပြီးခဲ့တဲ့ နှစ်က နာမည် ပါတယ်. ခု မပါဘူး . ပါ ချင်ရင် ဖောင်ဖြည့် ရမယ် . ဒါမှ မဟုတ် နယ် ပြန်ထည့် , လူတွေကို မဲ ထည့်စေချင်တဲ့ ဆန္ဒ ရော တစ်ကယ် ရှိ ရဲ့လား မေး ချင်တာ . ဒီကာလ ပြန်ဖို့ ခက် ခက် ။ ဖောင် ဖြည့် ဖို့ သွား မေးတော့ ရက်က ကျော် သွားပြီ တဲ့ . ဘယ်လ်ု အတွေးအခေါ် နဲ့ ဒီ ပုံ စံ လုပ် ထားလဲ သိချင်ပါ့ . ရိုး ကို ရိုးသား ကြ ရဲ့လား

Related news

© 2021. All rights reserved.