နယ်စပ်တိုက်ပွဲတွေကြောင့် အက်ကြောင်းထင်လာတဲ့ ပါကစ္စတန်-အာဖဂန် ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)

 167

တင်ဇာ (NP News) - အောက်တိုဘာလ ၂၃

စနေနေ့ (အောက်တိုဘာလ ၁၁ ရက်) ညက ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်တစ်လျှောက် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အာဖဂန် နစ္စတန် တာလီဘန်တွေက ပါကစ္စတန် စစ်စခန်း တွေကိုတိုက်ခိုက်ပြီးနောက် အပြန်အလှန် ပစ်ခတ်မှု တွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်သား ဒါဇင်ပေါင်း များစွာသေဆုံးခဲ့တယ်လို့ သိရပါတယ်။ တာဝန်ရှိသူ တွေရဲ့ ပြောကြားချက်အရ စနေနေ့ညက အာဖဂန် စစ်တပ်တွေဟာ ပါကစ္စတန်ရဲ့ အနောက်မြောက် နယ်စပ်တစ်လျှောက်မှာရှိတဲ့ ပါကစ္စတန် စစ်စခန်း တွေကို ပစ်ခတ်ခဲ့ပြီး အဲဒီစခန်း တချို့ကို သိမ်းပိုက်ခဲ့ ကြတယ်လို့သိရပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ အစောပိုင်းက တာလီဘန်အစိုးရက ပါကစ္စတန်ကို မြို့တော်ကဘူးလ်အပါအဝင် အာဖဂန်နစ္စတန် နယ်မြေတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ် ဆောင်ခဲ့တယ်လို့ စွပ်စွဲပြီးနောက် ဖြစ်ပေါ်ခဲ့တာပါ။ တနင်္ဂနွေနေ့မှာတော့ ပါကစ္စတန်က နယ်စပ်တစ် လျှောက်မှာရှိတဲ့ တာလီဘန်စခန်းတွေကို လက်တုံ့ ပြန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ ပစ်ခတ်မှုတွေ အပါအဝင် မြေပြင်ကနေ ဝင်ရောက် စီးနင်းမှုတွေနဲ့ပါ လက်တုံ့ပြန်ခဲ့ပါတယ်။
ပါကစ္စတန် စစ်တပ်ရဲ့ မီဒီယာထုတ်ပြန်ချက်မှာ အောက်တိုဘာလ (၁၂) ရက်အထိ စစ်သား (၂၃) ဦး သေဆုံးပြီး (၂၉) ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ သူတို့ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ အတွင်း အာဖဂန်ဘက်က " တာလီဘန်နဲ့ဆက်စပ်တဲ့ အကြမ်းဖက်သမား} (၂၀ဝ) သေဆုံးခဲ့ပြီး အကြမ်း ဖက် သင်တန်းပေးတဲ့စခန်းတွေကို ဖျက်သိမ်းနိုင်ခဲ့ တယ်လို့လည်း ပါကစ္စတန် စစ်တပ်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာ တာလီဘန်တပ်ဖွဲ့တွေက ပါကစ္စတန် စစ်သား (၅၈) ဦးကို သုတ်သင်နိုင်ခဲ့ပြီး တာလီဘန်ဘက်ကတော့ (၉) ဦးသာ သေဆုံးခဲ့ တယ်လို့ တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က အစောပိုင်းမှာ ပြောဆိုထားပါတယ်။ ဒီတိုက်ပွဲတွေဟာ အာဖဂန်နစ္စတန်-ပါကစ္စတန် ဆက်ဆံရေးမှာ တစ်ဖန်ပြန်လည်နိမ့်ကျသွားတဲ့ အခြေအနေကို ဖော်ပြနေပါတယ်။ အာဖဂန်နစ္စ တန်ဟာ ပါကစ္စတန် နယ်မြေပေါ်မှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေကို ခိုလှုံခွင့်ပြုထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ယခုနှစ်တွေအတွင်း ပိုပြီး ရန်လိုမှုများလာပါတယ်။
တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ တာလီ ဘန်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သူတို့ရဲ့ တပ်ဖွဲ့တွေဟာ နယ်စပ်တစ်လျှောက် " အောင်မြင်တဲ့ လက်တုံ့ပြန်စစ်ဆင်ရေးတွေ" လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ " အကယ်၍ တစ်ဖက်အဖွဲ့အစည်းက အာဖဂန်နစ္စတန်ရဲ့ နယ်မြေပိုင်ဆိုင်ခွင့်ကို ထပ်ပြီး ချိုးဖောက်မယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေဟာ နိုင်ငံရဲ့ နယ်စပ်တွေကို ကာကွယ် ဖို့ အပြည့်အဝ အဆင်သင့်ရှိပြီး ပြင်းထန်တဲ့ တုံ့ပြန်မှု တွေ လုပ်ဆောင်သွားမယ်" လို့လည်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်အစိုးရကတော့ တာလီဘန်တွေဟာ " အကြမ်းဖက်မှုကို လွယ်ကူချော မွေ့စေဖို့ " တိုက်ခိုက်မှုတွေ စတင်ခဲ့တာလို့ စွပ်စွဲခဲ့ တယ်။ ဒါ့ပြင် " အာဖဂန်နစ္စတန်ကနေစတင်တဲ့ အကြမ်းဖက်အန္တရာယ်ကို လုံးဝဖယ်ရှားပစ်နိုင်တဲ့ အထိ ပါကစ္စတန်နိုင်ငံဟာ မနားမနေ ကြိုးပမ်းသွား မယ်"လို့လည်း ပါကစ္စတန်က ဆိုပါတယ်။
ပါကစ္စတန် အာဏာပိုင်တွေက (၂,၆၀ဝ) ကီလိုမီတာ (မိုင် ၁,၆၀ဝ) ရှည်လျားတဲ့ အာဖဂန် နစ္စတန်နဲ့ နယ်စပ်တစ်လျှောက် ဖြတ်သန်းခွင့်တွေကို တနင်္ဂနွေနေ့မှာ ပိတ်လိုက်တယ်လို့ သိရပါတယ်။ ဒီနယ်စပ်ကို ဒူရမ်လိုင်းလို့ သိကြပြီး (၁၈၉၃) ခုနှစ်မှာ ဗြိတိသျှတွေသတ်မှတ်ခဲ့တဲ့ ကိုလိုနီခေတ်က အငြင်းပွားဖွယ်ရာ နယ်နိမိတ်မျဉ်းတစ်ခုပဲ ဖြစ်ပါ တယ်။ ဒီနယ်စပ်မျဉ်းကို အာဖဂန်နစ္စတန်က အသိ အမှတ်မပြုဘဲ အငြင်းပွားနေဆဲပါ။ ဒေသခံအရာရှိ တွေရဲ့ ပြောကြားချက်အရ အာဖဂန်နစ္စတန်နဲ့ အဓိက နယ်စပ်ဂိတ်ကြီး နှစ်ခုဖြစ်တဲ့ တော့ခမ်နဲ့ ချာမန် တို့အပြင် အနည်းဆုံး နယ်စပ်ဖြတ်ကျော်ဂိတ်ငယ် သုံးခုဖြစ်တဲ့ ခါလာချီ၊ အန်ဂူးအဒ္ဒါနဲ့ ဂူလမ်ခန်း တို့ကို ပါ တနင်္ဂနွေနေ့မှာ ပိတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။
ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားချိန်ဟာ တာလီဘန် ခေါင်းဆောင်၊ နိုင်ငံခြား ရေးဝန်ကြီး Amir Khan Muttaqi ရဲ့ အိန္ဒိယ ခရီးစဉ်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒီခရီးစဉ်ဟာ ရှားရှား ပါးပါး ခရီးစဉ်ဖြစ်ပြီး သောကြာနေ့မှာ အိန္ဒိယဘက် ကနေ နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးမြှင့်မယ်လို့ ကြေညာခဲ့တာလည်း ရှိခဲ့ပါတယ်။ အိန္ဒိယဟာ ပါကစ္စတန်ရဲ့ အစဉ်အလာရန်ဘက်ဖြစ်တာကြောင့် အာဖဂန်နဲ့အိန္ဒိယကြား တွေ့ဆုံတဲ့ ဒီခရီးစဉ်ဟာ ပါကစ္စတန်အတွက် စိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့တယ် လို့ သိရပါတယ်။
(၂၀၂၁) ခုနှစ်မှာ တာလီဘန်တွေ အာဖဂန်နစ္စ တန်မှာ အာဏာပြန်ရပြီးကတည်းက Tehreek-e-Taliban Pakistan (TTP) လို့လူသိများတဲ့ အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ကို ခိုလှုံခွင့် ပေးနေတယ် လို့ ပါကစ္စတန်ကပြောပါတယ်။ TTP ဟာ ပါကစ္စ တန်ရဲ့ နယ်စပ်ဒေသ ခိုင်ဘာပက်တွန်းခဝါမှာ သောင်းကျန်းတိုက်ခိုက်မှုတွေ တိုးပွားလာတာရဲ့ နောက်ကွယ်က တရားခံပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လေး နှစ်အတွင်းမှာ TTP စစ်သွေးြွကတွေရဲ့ တိုက်ခိုက်မှု ထောင်ပေါင်းများစွာဟာ ပါကစ္စတန် ရဲတပ်ဖွဲ့၊ လက်နက်ကိုင် အရန်တပ်ဖွဲ့နဲ့ စစ်တပ် တို့ကို အဓိက ပစ်မှတ်ထားခဲ့ပြီး လူပေါင်း (၂ယ၅၀ဝ) ကျော် သေဆုံး ခဲ့ရတယ်။ ဒါ့ကြောင့် ပါကစ္စတန်ဟာ ကဘူးလ်အပေါ် သည်းခံနိုင်စွမ်းနည်းပါးလာပြီး အာဖဂန်အနေနဲ့ TTP စစ်သွေးြွကတွေကို ခိုလှုံခွင့်မပေးဖို့ လူသိ ရှင်ကြား တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ တာလီဘန် အစိုးရဟာ ဒါကို မျက်ကွယ်ပြုပြီး ပါကစ္စတန်နယ် မြေပေါ်မှာ တိုက်ခိုက်မှုတွေလုပ်နေတဲ့ TTP တိုက် ခိုက်ရေးသမားတွေကို ငွေကြေးနဲ့လက်နက်တွေ ဆက်လက်ထောက်ပံ့နေတယ်လို့ သိရပါတယ်။ ဒီစွပ် စွဲချက်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ တွေ့ရှိချက် တွေကလည်း ထောက်ခံထားပါတယ်။
အစ္စလာမာဘတ်အခြေစိုက် လုံခြုံရေးဆိုင်ရာ သုံးသပ်သူ Imtiaz Gul က TTP ရဲ့ တိုက်ခိုက်မှုတွေ ဆက်လက် မြင့်တက်လာတဲ့အတွက် " ကဘူးလ် အပေါ် ပါကစ္စတန်ရဲ့ သည်းခံမှုဟာ လျော့ပါးလာနေ တယ်" လို့ ပြောပါတယ်။ ဒီတစ်ပတ် အစောပိုင်းကပဲ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်သား (၂၀) အပါအဝင် အဆင့်မြင့် အရာရှိ သုံးဦးထက် မနည်း သေဆုံးခဲ့ရတယ်။ Armed Conflict Location and Event Data အရ ဒီနှစ်ထဲမှာ TTP ရဲ့ တိုက်ခိုက်မှု (၆၀ဝ) ကျော် ဖြစ်ပွားခဲ့ပြီး ဒါဟာ ဆယ်စုနှစ်အတွင်း အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ Gul က ဒီတိုက်ပွဲတွေကို " နှစ်နိုင်ငံ အကြား တင်းမာမှုတွေ ဆူပွက်လာပြီးနောက် ဖြစ်ပေါ် လာတဲ့ အကျိုးဆက်တစ်ရပ်" လို့ ဖော်ပြခဲ့ပါတယ်။
အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် အစိုးရတို့ဟာ ယခင်ကတည်းက ပြတ်တောင်းပြတ်တောင်း ဖြစ်ပွား နေတဲ့ ပဋိပက္ခတွေနဲ့ သံတမန်ရေးရာ တင်းမာမှုတွေ ရှိနေပေမယ့် ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဆက်ဆံရေးကို ပြုပြင်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ နှစ်နိုင်ငံရဲ့ ထိပ်တန်း သံတမန်တွေဟာ ဩဂုတ်လမှာ တရုတ် နိုင်ငံခြား ရေးဝန်ကြီးနဲ့ အတူတကွတွေ့ဆုံခဲ့ကြပေမယ့် ပါကစ္စတန်ကတော့ တာလီဘန်ကို အာဖဂန်နစ္စတန်ရဲ့ တရားဝင် အာဏာပိုင်အဖြစ် အသိအမှတ် မပြုသေး ပါဘူး။ ဒါပေမယ့်လည်း နှစ်နိုင်ငံအကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေးတွေ ရှိနေပါသေးတယ်။ ပါကစ္စတန်ဟာ အာဖဂန်နစ္စတန်ရဲ့ ထိပ်တန်း ကုန်ပစ္စည်းတင်ပို့ဖော် ဖြစ်သလို ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မလုံခြုံမှုနဲ့ အလုပ်လက်မဲ့ပြဿနာတွေကြောင့် ထွက်ပြေးလာတဲ့ အာဖဂန်လူမျိုး သန်းပေါင်းများစွာကို လက်ခံထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာသေးခင်လ တွေအတွင်းမှာ ပါကစ္စတန်အစိုးရရဲ့ အမိန့်ပေးနှင် ထုတ်မှုတွေကြောင့် ပါကစ္စတန်မှာနေထိုင်တဲ့ အာဖ ဂန်လူမျိုးသောင်းနဲ့ချီဟာ အာဖဂန်နစ္စတန်ကို ပြန် လည် ဖြတ်ကျော်ဝင်ရောက်နေကြပါတယ်။
ပါကစ္စတန်ဟာ အာဖဂန်နစ္စတန်ရဲ့ နယ်မြေ အတော်များများအထိ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ပေမဲ့ တာလီဘန်တွေကတော့ နယ်စပ် တစ်လျှောက် အမြောက်နဲ့ ပစ်ခတ်ခြင်း၊ ပါကစ္စတန် အတွင်းမှာ ဖိအားပေးဖို့ TTP စစ်သွေးကြွတွေကို အသုံးချခြင်းတွေလောက်သာ လုပ်နိုင်ပါတယ်။ နယ် စပ်ခရိုင်တွေမှာ နေထိုင်သူတွေဟာ နှစ်ဖက်စလုံးက ဒေသခံတွေဖြစ်ပြီး သူတို့ဟာ ညလုံးပေါက် ပြင်း ထန်တဲ့ တိုက်ပွဲတွေကို မျက်မြင်တွေ့ခဲ့ရပြီး ဒီတိုက်ပွဲ တွေဟာ နာရီပေါင်းများစွာကြာ အရှိန်အဟုန်ပြင်း ထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ လုံခြုံရေး သုံးသပ်သူတွေရဲ့ ပြော စကားအရဆို နှစ်ဖက်စလုံးဟာ ဒီကိစ္စကို ပိုပြီး မကြီး ထွားအောင် ရှောင်ရှားချင်ကြတယ်လို့ သိရပါတယ်။ သုံးသပ်သူ Bahiss ကတော့ အစ္စလာမာဘတ်နဲ့ ကဘူးလ် နှစ်ဖက်စလုံးအတွက် ဦးစားပေးက တင်းမာ မှု လျှော့ချရေးဖြစ်တယ်လို့ သူယုံကြည်ကြောင်း ပြောပါတယ်။ " နှစ်ဖက်စလုံးဟာ ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရတာကြောင့် သူတို့ရဲ့နယ်စပ်တွေမှာ ပြင်းထန်တဲ့ တင်းမာမှုဖြစ်ပွားမှာကို မလိုချင်ကြပါဘူး" လို့ သူက ပြောပါတယ်။ နောက်ပြီး နှစ်ဖက် စလုံးဟာ သံတမန်ရေးအရ ဆက်ဆံဖို့လိုအပ်နေပါတယ်။ ဒါဟာ သူတို့ရဲ့ကွဲပြားမှုတွေကို ဖြေရှင်းဖို့ နည်း လမ်းရှာနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါ။ ပါကစ္စတန်ရဲ့ ဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီး Ishaq Dar ဟာ ဒီနှစ်ထဲမှာ အာဖဂန်နိုင်ငံ ခြားရေးဝန်ကြီးနဲ့ အကြိမ်များစွာ တွေ့ဆုံခဲ့ပြီး နှစ်ဦး စလုံးဟာ မတိုက်ခိုက်ဖို့ ကတိပေးခဲ့ကြပါတယ်။
နှစ်နိုင်ငံစလုံးမှာ မိတ်ဆွေ အဖွဲ့အစည်းချင်း ဆင်တူကြတယ်။ အထူးသဖြင့် တရုတ်အပါအဝင် တခြား မွတ်စလင်နိုင်ငံတွေနဲ့ ဆက်ဆံရေး အဆင် ပြေကြပုံချင်းတူတယ်။ ဆော်ဒီအာရေဗျက နှစ်ဖက် စလုံးကို ထိန်းထိန်းသိမ်းသိမ်းရှိဖို့နဲ့ တိုက်ပွဲကနေ ရုပ်သိမ်းဖို့ တိုက်တွန်းတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နဲ့ ရုရှားတို့ကလည်း ဒီနယ်စပ်မှာ မတည်မငြိမ်ဖြစ်လာမှာကို မလိုလားပါ ဘူး။ နှစ်ဖက်စလုံးကို ဆွေးနွေးပွဲစားပွဲဆီ ပြန်ရောက် စေချင်ကြပါတယ်။ ဒါကြောင့် တင်းမာမှုတွေက ယခု ထက်ပိုပြီး ဆိုးရွားသွားနိုင်ခြေမရှိဘူးလို့ မျှော်လင့်ရပါ တယ်။
ကိုးကား
• http://theguardian.com/world/2025/oct/11/heavy-clashes-erupt-along-pakistan-afghanistan-border
• https://www.nytimes.com/2025/10/12/world/asia/afghanistan-pakistan-violence-conflict.html
• https://www.reuters.com/world/asia-pacific/afghanistan-claims-58-pakistani-soldiers-killed-clashes-border-closed-2025-10-12/

Zawgyi Version:
နယ္စပ္တိုက္ပြဲေတြေၾကာင့္ အက္ေၾကာင္းထင္လာတဲ့ ပါကစၥတန္-အာဖဂန္ ဆက္ဆံေရး
(ဘာသာျပန္ေဆာင္းပါး)
တင္ဇာ (NP News) - ေအာက္တိုဘာလ ၂၃

စေနေန႔ (ေအာက္တိုဘာလ ၁၁ ရက္) ညက ပါကစၥတန္-အာဖဂန္နစၥတန္ နယ္စပ္တစ္ေလွ်ာက္ ျပင္းထန္တဲ့ တိုက္ပြဲေတြ ျဖစ္ပြားခဲ့ပါတယ္။ အာဖဂန္ နစၥတန္ တာလီဘန္ေတြက ပါကစၥတန္ စစ္စခန္း ေတြကိုတိုက္ခိုက္ၿပီးေနာက္ အျပန္အလွန္ ပစ္ခတ္မႈ ေတြ အျပင္းအထန္ ျဖစ္ပြားခဲ့ၿပီး စစ္သား ဒါဇင္ေပါင္း မ်ားစြာေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ တာဝန္ရွိသူ ေတြရဲ႕ ေျပာၾကားခ်က္အရ စေနေန႔ညက အာဖဂန္ စစ္တပ္ေတြဟာ ပါကစၥတန္ရဲ႕ အေနာက္ေျမာက္ နယ္စပ္တစ္ေလွ်ာက္မွာရွိတဲ့ ပါကစၥတန္ စစ္စခန္း ေတြကို ပစ္ခတ္ခဲ့ၿပီး အဲဒီစခန္း တခ်ိဳ႕ကို သိမ္းပိုက္ခဲ့ ၾကတယ္လို႔သိရပါတယ္။ ဒီတိုက္ခိုက္မႈေတြဟာ အေစာပိုင္းက တာလီဘန္အစိုးရက ပါကစၥတန္ကို ၿမိဳ႕ေတာ္ကဘူးလ္အပါအဝင္ အာဖဂန္နစၥတန္ နယ္ေျမေတြမွာ ေလေၾကာင္း တိုက္ခိုက္မႈေတြ လုပ္ ေဆာင္ခဲ့တယ္လို႔ စြပ္စြဲၿပီးေနာက္ ျဖစ္ေပၚခဲ့တာပါ။ တနဂၤေႏြေန႔မွာေတာ့ ပါကစၥတန္က နယ္စပ္တစ္ ေလွ်ာက္မွာရွိတဲ့ တာလီဘန္စခန္းေတြကို လက္တုံ႔ ျပန္တဲ့ေလေၾကာင္းတိုက္ခိုက္မႈေတြ၊ ပစ္ခတ္မႈေတြ အပါအဝင္ ေျမျပင္ကေန ဝင္ေရာက္ စီးနင္းမႈေတြနဲ႔ပါ လက္တုံ႔ျပန္ခဲ့ပါတယ္။
ပါကစၥတန္ စစ္တပ္ရဲ႕ မီဒီယာထုတ္ျပန္ခ်က္မွာ ေအာက္တိုဘာလ (၁၂) ရက္အထိ စစ္သား (၂၃) ဦး ေသဆုံးၿပီး (၂၉) ဦး ဒဏ္ရာရခဲ့တယ္လို႔ ေဖာ္ျပ ထားပါတယ္။ သူတို႔ရဲ႕ လက္တုံ႔ျပန္တိုက္ခိုက္မႈေတြ အတြင္း အာဖဂန္ဘက္က " တာလီဘန္နဲ႔ဆက္စပ္တဲ့ အၾကမ္းဖက္သမား} (၂၀ဝ) ေသဆုံးခဲ့ၿပီး အၾကမ္း ဖက္ သင္တန္းေပးတဲ့စခန္းေတြကို ဖ်က္သိမ္းႏိုင္ခဲ့ တယ္လို႔လည္း ပါကစၥတန္ စစ္တပ္က ေျပာပါတယ္။ ဒီတိုက္ခိုက္မႈေတြမွာ တာလီဘန္တပ္ဖြဲ႕ေတြက ပါကစၥတန္ စစ္သား (၅၈) ဦးကို သုတ္သင္ႏိုင္ခဲ့ၿပီး တာလီဘန္ဘက္ကေတာ့ (၉) ဦးသာ ေသဆုံးခဲ့ တယ္လို႔ တာလီဘန္ ေျပာေရးဆိုခြင့္ရွိသူ ဇာဘီဟူလာ မူဂ်ာဟစ္က အေစာပိုင္းမွာ ေျပာဆိုထားပါတယ္။ ဒီတိုက္ပြဲေတြဟာ အာဖဂန္နစၥတန္-ပါကစၥတန္ ဆက္ဆံေရးမွာ တစ္ဖန္ျပန္လည္နိမ့္က်သြားတဲ့ အေျခအေနကို ေဖာ္ျပေနပါတယ္။ အာဖဂန္နစၥ တန္ဟာ ပါကစၥတန္ နယ္ေျမေပၚမွာ တိုက္ခိုက္မႈေတြ လုပ္ေဆာင္ေနတဲ့ အစၥလာမၼစ္ စစ္ေသြးႂကြေတြကို ခိုလႈံခြင့္ျပဳထားတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြေၾကာင့္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးဟာ ယခုႏွစ္ေတြအတြင္း ပိုၿပီး ရန္လိုမႈမ်ားလာပါတယ္။
တနဂၤေႏြေန႔ မနက္အေစာပိုင္းမွာ တာလီ ဘန္အစိုးရရဲ႕ ကာကြယ္ေရးဝန္ႀကီးဌာနက သူတို႔ရဲ႕ တပ္ဖြဲ႕ေတြဟာ နယ္စပ္တစ္ေလွ်ာက္ " ေအာင္ျမင္တဲ့ လက္တုံ႔ျပန္စစ္ဆင္ေရးေတြ" လုပ္ေဆာင္ခဲ့တယ္လို႔ ေျပာပါတယ္။ " အကယ္၍ တစ္ဖက္အဖြဲ႕အစည္းက အာဖဂန္နစၥတန္ရဲ႕ နယ္ေျမပိုင္ဆိုင္ခြင့္ကို ထပ္ၿပီး ခ်ိဳးေဖာက္မယ္ဆိုရင္၊ ကြၽန္ေတာ္တို႔ရဲ႕ လက္နက္ ကိုင္တပ္ဖြဲ႕ေတြဟာ ႏိုင္ငံရဲ႕ နယ္စပ္ေတြကို ကာကြယ္ ဖို႔ အျပည့္အဝ အဆင္သင့္ရွိၿပီး ျပင္းထန္တဲ့ တုံ႔ျပန္မႈ ေတြ လုပ္ေဆာင္သြားမယ္" လို႔လည္း ဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ပါကစၥတန္အစိုးရကေတာ့ တာလီဘန္ေတြဟာ " အၾကမ္းဖက္မႈကို လြယ္ကူေခ်ာ ေမြ႕ေစဖို႔ " တိုက္ခိုက္မႈေတြ စတင္ခဲ့တာလို႔ စြပ္စြဲခဲ့ တယ္။ ဒါ့ျပင္ " အာဖဂန္နစၥတန္ကေနစတင္တဲ့ အၾကမ္းဖက္အႏၲရာယ္ကို လုံးဝဖယ္ရွားပစ္ႏိုင္တဲ့ အထိ ပါကစၥတန္ႏိုင္ငံဟာ မနားမေန ႀကိဳးပမ္းသြား မယ္"လို႔လည္း ပါကစၥတန္က ဆိုပါတယ္။
ပါကစၥတန္ အာဏာပိုင္ေတြက (၂,၆၀ဝ) ကီလိုမီတာ (မိုင္ ၁,၆၀ဝ) ရွည္လ်ားတဲ့ အာဖဂန္ နစၥတန္နဲ႔ နယ္စပ္တစ္ေလွ်ာက္ ျဖတ္သန္းခြင့္ေတြကို တနဂၤေႏြေန႔မွာ ပိတ္လိုက္တယ္လို႔ သိရပါတယ္။ ဒီနယ္စပ္ကို ဒူရမ္လိုင္းလို႔ သိၾကၿပီး (၁၈၉၃) ခုႏွစ္မွာ ၿဗိတိသွ်ေတြသတ္မွတ္ခဲ့တဲ့ ကိုလိုနီေခတ္က အျငင္းပြားဖြယ္ရာ နယ္နိမိတ္မ်ဥ္းတစ္ခုပဲ ျဖစ္ပါ တယ္။ ဒီနယ္စပ္မ်ဥ္းကို အာဖဂန္နစၥတန္က အသိ အမွတ္မျပဳဘဲ အျငင္းပြားေနဆဲပါ။ ေဒသခံအရာရွိ ေတြရဲ႕ ေျပာၾကားခ်က္အရ အာဖဂန္နစၥတန္နဲ႔ အဓိက နယ္စပ္ဂိတ္ႀကီး ႏွစ္ခုျဖစ္တဲ့ ေတာ့ခမ္နဲ႔ ခ်ာမန္ တို႔အျပင္ အနည္းဆုံး နယ္စပ္ျဖတ္ေက်ာ္ဂိတ္ငယ္ သုံးခုျဖစ္တဲ့ ခါလာခ်ီ၊ အန္ဂူးအဒၵါနဲ႔ ဂူလမ္ခန္း တို႔ကို ပါ တနဂၤေႏြေန႔မွာ ပိတ္ပစ္ခဲ့တယ္လို႔ သိရပါတယ္။
ပါကစၥတန္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြ ျဖစ္ပြားခ်ိန္ဟာ တာလီဘန္ ေခါင္းေဆာင္၊ ႏိုင္ငံျခား ေရးဝန္ႀကီး Amir Khan Muttaqi ရဲ႕ အိႏၵိယ ခရီးစဥ္နဲ႔ တိုက္ဆိုင္ေနပါတယ္။ ဒီခရီးစဥ္ဟာ ရွားရွား ပါးပါး ခရီးစဥ္ျဖစ္ၿပီး ေသာၾကာေန႔မွာ အိႏၵိယဘက္ ကေန ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရး တိုးျမႇင့္မယ္လို႔ ေၾကညာခဲ့တာလည္း ရွိခဲ့ပါတယ္။ အိႏၵိယဟာ ပါကစၥတန္ရဲ႕ အစဥ္အလာရန္ဘက္ျဖစ္တာေၾကာင့္ အာဖဂန္နဲ႔အိႏၵိယၾကား ေတြ႕ဆုံတဲ့ ဒီခရီးစဥ္ဟာ ပါကစၥတန္အတြက္ စိုးရိမ္ပူပန္မႈေတြ ျဖစ္ေစခဲ့တယ္ လို႔ သိရပါတယ္။
(၂၀၂၁) ခုႏွစ္မွာ တာလီဘန္ေတြ အာဖဂန္နစၥ တန္မွာ အာဏာျပန္ရၿပီးကတည္းက Tehreek-e-Taliban Pakistan (TTP) လို႔လူသိမ်ားတဲ့ အစၥလာမၼစ္စစ္ေသြးႂကြအဖြဲ႕ကို ခိုလႈံခြင့္ ေပးေနတယ္ လို႔ ပါကစၥတန္ကေျပာပါတယ္။ TTP ဟာ ပါကစၥ တန္ရဲ႕ နယ္စပ္ေဒသ ခိုင္ဘာပက္တြန္းခဝါမွာ ေသာင္းက်န္းတိုက္ခိုက္မႈေတြ တိုးပြားလာတာရဲ႕ ေနာက္ကြယ္က တရားခံပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေလး ႏွစ္အတြင္းမွာ TTP စစ္ေသြးျြကေတြရဲ႕ တိုက္ခိုက္မႈ ေထာင္ေပါင္းမ်ားစြာဟာ ပါကစၥတန္ ရဲတပ္ဖြဲ႕၊ လက္နက္ကိုင္ အရန္တပ္ဖြဲ႕နဲ႔ စစ္တပ္ တို႔ကို အဓိက ပစ္မွတ္ထားခဲ့ၿပီး လူေပါင္း (၂ယ၅၀ဝ) ေက်ာ္ ေသဆုံး ခဲ့ရတယ္။ ဒါ့ေၾကာင့္ ပါကစၥတန္ဟာ ကဘူးလ္အေပၚ သည္းခံႏိုင္စြမ္းနည္းပါးလာၿပီး အာဖဂန္အေနနဲ႔ TTP စစ္ေသြးျြကေတြကို ခိုလႈံခြင့္မေပးဖို႔ လူသိ ရွင္ၾကား ေတာင္းဆိုခဲ့တယ္။ ဒါေပမဲ့ တာလီဘန္ အစိုးရဟာ ဒါကို မ်က္ကြယ္ျပဳၿပီး ပါကစၥတန္နယ္ ေျမေပၚမွာ တိုက္ခိုက္မႈေတြလုပ္ေနတဲ့ TTP တိုက္ ခိုက္ေရးသမားေတြကို ေငြေၾကးနဲ႔လက္နက္ေတြ ဆက္လက္ေထာက္ပံ့ေနတယ္လို႔ သိရပါတယ္။ ဒီစြပ္ စြဲခ်က္ေတြနဲ႔ပတ္သက္လို႔ ကုလသမဂၢရဲ႕ ေတြ႕ရွိခ်က္ ေတြကလည္း ေထာက္ခံထားပါတယ္။
အစၥလာမာဘတ္အေျခစိုက္ လုံၿခဳံေရးဆိုင္ရာ သုံးသပ္သူ Imtiaz Gul က TTP ရဲ႕ တိုက္ခိုက္မႈေတြ ဆက္လက္ ျမင့္တက္လာတဲ့အတြက္ " ကဘူးလ္ အေပၚ ပါကစၥတန္ရဲ႕ သည္းခံမႈဟာ ေလ်ာ့ပါးလာေန တယ္" လို႔ ေျပာပါတယ္။ ဒီတစ္ပတ္ အေစာပိုင္းကပဲ တာလီဘန္ေတြရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ စစ္သား (၂၀) အပါအဝင္ အဆင့္ျမင့္ အရာရွိ သုံးဦးထက္ မနည္း ေသဆုံးခဲ့ရတယ္။ Armed Conflict Location and Event Data အရ ဒီႏွစ္ထဲမွာ TTP ရဲ႕ တိုက္ခိုက္မႈ (၆၀ဝ) ေက်ာ္ ျဖစ္ပြားခဲ့ၿပီး ဒါဟာ ဆယ္စုႏွစ္အတြင္း အမ်ားဆုံးျဖစ္တယ္လို႔ သိရပါတယ္။ Gul က ဒီတိုက္ပြဲေတြကို " ႏွစ္ႏိုင္ငံ အၾကား တင္းမာမႈေတြ ဆူပြက္လာၿပီးေနာက္ ျဖစ္ေပၚ လာတဲ့ အက်ိဳးဆက္တစ္ရပ္" လို႔ ေဖာ္ျပခဲ့ပါတယ္။
အာဖဂန္နစၥတန္နဲ႔ ပါကစၥတန္ အစိုးရတို႔ဟာ ယခင္ကတည္းက ျပတ္ေတာင္းျပတ္ေတာင္း ျဖစ္ပြား ေနတဲ့ ပဋိပကၡေတြနဲ႔ သံတမန္ေရးရာ တင္းမာမႈေတြ ရွိေနေပမယ့္ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္းမွာ ဆက္ဆံေရးကို ျပဳျပင္ဖို႔ ႀကိဳးစားခဲ့ၾကပါေသးတယ္။ ႏွစ္ႏိုင္ငံရဲ႕ ထိပ္တန္း သံတမန္ေတြဟာ ဩဂုတ္လမွာ တ႐ုတ္ ႏိုင္ငံျခား ေရးဝန္ႀကီးနဲ႔ အတူတကြေတြ႕ဆုံခဲ့ၾကေပမယ့္ ပါကစၥတန္ကေတာ့ တာလီဘန္ကို အာဖဂန္နစၥတန္ရဲ႕ တရားဝင္ အာဏာပိုင္အျဖစ္ အသိအမွတ္ မျပဳေသး ပါဘူး။ ဒါေပမယ့္လည္း ႏွစ္ႏိုင္ငံအၾကားမွာ ခိုင္မာတဲ့ ဆက္ဆံေရးေတြ ရွိေနပါေသးတယ္။ ပါကစၥတန္ဟာ အာဖဂန္နစၥတန္ရဲ႕ ထိပ္တန္း ကုန္ပစၥည္းတင္ပို႔ေဖာ္ ျဖစ္သလို ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေတြအတြင္း မလုံၿခဳံမႈနဲ႔ အလုပ္လက္မဲ့ျပႆနာေတြေၾကာင့္ ထြက္ေျပးလာတဲ့ အာဖဂန္လူမ်ိဳး သန္းေပါင္းမ်ားစြာကို လက္ခံထားတဲ့ ႏိုင္ငံလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ မၾကာေသးခင္လ ေတြအတြင္းမွာ ပါကစၥတန္အစိုးရရဲ႕ အမိန႔္ေပးႏွင္ ထုတ္မႈေတြေၾကာင့္ ပါကစၥတန္မွာေနထိုင္တဲ့ အာဖ ဂန္လူမ်ိဳးေသာင္းနဲ႔ခ်ီဟာ အာဖဂန္နစၥတန္ကို ျပန္ လည္ ျဖတ္ေက်ာ္ဝင္ေရာက္ေနၾကပါတယ္။
ပါကစၥတန္ဟာ အာဖဂန္နစၥတန္ရဲ႕ နယ္ေျမ အေတာ္မ်ားမ်ားအထိ ေလေၾကာင္း တိုက္ခိုက္မႈေတြ လုပ္ေဆာင္ႏိုင္ေပမဲ့ တာလီဘန္ေတြကေတာ့ နယ္စပ္ တစ္ေလွ်ာက္ အေျမာက္နဲ႔ ပစ္ခတ္ျခင္း၊ ပါကစၥတန္ အတြင္းမွာ ဖိအားေပးဖို႔ TTP စစ္ေသြးႂကြေတြကို အသုံးခ်ျခင္းေတြေလာက္သာ လုပ္ႏိုင္ပါတယ္။ နယ္ စပ္ခ႐ိုင္ေတြမွာ ေနထိုင္သူေတြဟာ ႏွစ္ဖက္စလုံးက ေဒသခံေတြျဖစ္ၿပီး သူတို႔ဟာ ညလုံးေပါက္ ျပင္း ထန္တဲ့ တိုက္ပြဲေတြကို မ်က္ျမင္ေတြ႕ခဲ့ရၿပီး ဒီတိုက္ပြဲ ေတြဟာ နာရီေပါင္းမ်ားစြာၾကာ အရွိန္အဟုန္ျပင္း ထန္စြာ ျဖစ္ပြားခဲ့တယ္လို႔ ေျပာပါတယ္။
ဒါေပမဲ့ လုံၿခဳံေရး သုံးသပ္သူေတြရဲ႕ ေျပာ စကားအရဆို ႏွစ္ဖက္စလုံးဟာ ဒီကိစၥကို ပိုၿပီး မႀကီး ထြားေအာင္ ေရွာင္ရွားခ်င္ၾကတယ္လို႔ သိရပါတယ္။ သုံးသပ္သူ Bahiss ကေတာ့ အစၥလာမာဘတ္နဲ႔ ကဘူးလ္ ႏွစ္ဖက္စလုံးအတြက္ ဦးစားေပးက တင္းမာ မႈ ေလွ်ာ့ခ်ေရးျဖစ္တယ္လို႔ သူယုံၾကည္ေၾကာင္း ေျပာပါတယ္။ " ႏွစ္ဖက္စလုံးဟာ ျပႆနာမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ သူတို႔ရဲ႕နယ္စပ္ေတြမွာ ျပင္းထန္တဲ့ တင္းမာမႈျဖစ္ပြားမွာကို မလိုခ်င္ၾကပါဘူး" လို႔ သူက ေျပာပါတယ္။ ေနာက္ၿပီး ႏွစ္ဖက္ စလုံးဟာ သံတမန္ေရးအရ ဆက္ဆံဖို႔လိုအပ္ေနပါတယ္။ ဒါဟာ သူတို႔ရဲ႕ကြဲျပားမႈေတြကို ေျဖရွင္းဖို႔ နည္း လမ္းရွာႏိုင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းပါ။ ပါကစၥတန္ရဲ႕ ဒုတိယဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ ႏိုင္ငံျခားေရး ဝန္ႀကီး Ishaq Dar ဟာ ဒီႏွစ္ထဲမွာ အာဖဂန္ႏိုင္ငံ ျခားေရးဝန္ႀကီးနဲ႔ အႀကိမ္မ်ားစြာ ေတြ႕ဆုံခဲ့ၿပီး ႏွစ္ဦး စလုံးဟာ မတိုက္ခိုက္ဖို႔ ကတိေပးခဲ့ၾကပါတယ္။
ႏွစ္ႏိုင္ငံစလုံးမွာ မိတ္ေဆြ အဖြဲ႕အစည္းခ်င္း ဆင္တူၾကတယ္။ အထူးသျဖင့္ တ႐ုတ္အပါအဝင္ တျခား မြတ္စလင္ႏိုင္ငံေတြနဲ႔ ဆက္ဆံေရး အဆင္ ေျပၾကပုံခ်င္းတူတယ္။ ေဆာ္ဒီအာေရဗ်က ႏွစ္ဖက္ စလုံးကို ထိန္းထိန္းသိမ္းသိမ္းရွိဖို႔နဲ႔ တိုက္ပြဲကေန ႐ုပ္သိမ္းဖို႔ တိုက္တြန္းတဲ့ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ပါတယ္။ တ႐ုတ္နဲ႔ ႐ုရွားတို႔ကလည္း ဒီနယ္စပ္မွာ မတည္မၿငိမ္ျဖစ္လာမွာကို မလိုလားပါ ဘူး။ ႏွစ္ဖက္စလုံးကို ေဆြးေႏြးပြဲစားပြဲဆီ ျပန္ေရာက္ ေစခ်င္ၾကပါတယ္။ ဒါေၾကာင့္ တင္းမာမႈေတြက ယခု ထက္ပိုၿပီး ဆိုး႐ြားသြားႏိုင္ေျခမရွိဘူးလို႔ ေမွ်ာ္လင့္ရပါ တယ္။
ကိုးကား
• http://theguardian.com/world/2025/oct/11/heavy-clashes-erupt-along-pakistan-afghanistan-border
• https://www.nytimes.com/2025/10/12/world/asia/afghanistan-pakistan-violence-conflict.html
• https://www.reuters.com/world/asia-pacific/afghanistan-claims-58-pakistani-soldiers-killed-clashes-border-closed-2025-10-12/

Related news

© 2021. All rights reserved.