ကျွန်တော်တို့ရဲ့ ရှင်သန်ရပ်တည်ရေးကို စိန်ခေါ်လာတဲ့ မြေရှားနဲ့ ကျားဖျန့် (သုံးသပ်ဆောင်းပါး)

256

Htay Oung (NP News)
ထိုင်းနိုင်ငံမြောက်ပိုင်း မြစ်ချောင်းတွေနဲ့ မြစ်အောက်ပိုင်းနေ လူ့အဖွဲ့အစည်းအပေါ် အန္တရာယ် ပေးနေတဲ့ မြန်မာ့ မြေရှားသတ္တုတူးဖော်မှုတွေဟာ ပိုမိုကျယ်ပြန့်လာတယ်လို့ အမေရိကန်အခြေစိုက် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသတင်းများကို အသားပေးဖော်ပြနေတဲ့ “Mongabay” မီဒီ ယာ(20 October 2025) က ရေးပါတယ်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ မြေရှား သတ္တုတူးဖော်မှု လျင်မြန်စွာကြီးထွားလာနေပါတယ်။ မြေရှားတူးဖော်နေသူအများစုတို့ဟာ မြေရှားကန် ဖန်တီးဖို့ ပထမဆုံး ဒေါင်လိုက်တူးမြောင်းတစ်ခုကိုတူးဖော်ပါတယ်။ အဲဒီနောက် ရေ၊ သဲနဲ့ ဓာတုပစ္စည်း အရောအနှောကို ဟိုက်ဒရောလစ်ဖိအားနဲ့ ထိုးသွင်းပါတယ်။ ဒီနည်းလမ်းဟာ ရေအမြောက်အမြား အသုံး ပြုရမှု၊ မြေအောက်ရေအရင်းအမြစ် ညစ်ညမ်းမှု၊ မီသိန်းလို ဖန်လုံအိမ်ဓာတ်ငွေ့တွေထုတ်လွှတ်မှု၊ မြင့်မား တဲ့ ဖိအားကြောင့် မြေငလျင်ငယ်တွေကိုဖြစ်ပေါ်စေနိုင်တဲ့အတွက် နိုင်ငံတကာမှာအငြင်းပွားနေတဲ့ နည်း ပညာ ဖြစ်ပါတယ်။အဆိပ်သင့်ရေဆိုးတွေပါဝင်တဲ့ မြေရှားကန်တွေဟာ မိုးသည်းထန်စွာရွာသွန်းချိန်မှာ လျှံထွက်ပြီး ဧရာဝတီနဲ့ မဲခေါင်မြစ်ကြောင်းတွေအတွင်းစီးဝင်နေတဲ့ ဒေသန္တရချောင်းမြောင်းတွေ ဆီကို ညစ်ညမ်းရေတွေပို့လွှတ်နေပါတယ်။ တရုတ်ရဲ့ မြေရှားသတ္တုဝယ်လိုအားဟာ (၂၀၂၁)ခုနှစ် မြန်မာနိုင်ငံ အာဏာအပြောင်းအလဲနောက်ပိုင်း သူပုန်တို့ ထိန်းချုပ်ရာဒေသတွေရဲ့ သတ္တုတူးဖော်မှုကို အရှိန်အဟုန် ပြင်းစွာ ချဲ့ထွင်လာစေပါတယ်။ မြေရှားသတ္တုပါဝင်တဲ့ မြေသားတစ်တန်ထုတ်ယူဖို့အတွက် အဆိပ်သင့် စွန့်ပစ္စည်း တန်ချိန် (၂၀ဝဝ)ခန့်ထွက်ရှိပြီး သစ်တောမြေ ဟက်တာထောင်ပေါင်းများစွာကို ခုတ်ထွင် ရှင်းလင်းခံရတယ်လို့လည်းသိရှိရပါတယ်။ (၂၀၂၄)ခုနှစ်နောက်ပိုင်း ပဋိပက္ခတွေနေရာရွှေ့ပြောင်းလာ တာနဲ့အမျှ သတ္တုတူးဖော်ရေးလုပ်ငန်းတွေဟာ ကချင်ပြည်နယ်မှ ရှမ်းပြည်နယ်အတွင်း ပြောင်းရွှေ့လာ ခဲ့ပြီး ထိုင်းနိုင်ငံဘက်ကိုစီးဝင်နေတဲ့မြစ်တွေနဲ့ နီးကပ်လာခဲ့ပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေအရ မြန်မာနိုင်ငံအတွင်း မြေရှားတူးဖော်မှု (၅၁၃)နေရာတွေ့ရှိရပြီး (၂၀၂၂) ခုနှစ်နောက်ပိုင်း မဲခေါင်မြစ်ရဲ့ အဓိကမြစ် လက်တက်များတစ်လျှောက် မိုင်းတွင်းအသစ် (၄၄) ခု ရှိနေပါ တယ်။ မြန်မာအစိုးရကိုယ်တိုင်နဲ့ တိုင်းရင်း သားလက်နက်ကိုင်တွေကလည်း သဘာဝ ပတ်ဝန်းကျင် ဆိုင် ရာ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာခြင်း မရှိကြောင်း လေ့လာသုံးသပ်သူတွေက ပြောပြတယ်လို့ Mongabay ကဆိုပါတယ်။ အဓိကဝယ်လက်ဖြစ် တဲ့ တရုတ်နိုင်ငံဟာ သူ့ပြည်တွင်း မြေရှားပို့ကုန် ထိန်း ချုပ်မှုတွေကို တင်းကြပ်ထားပေမယ့် ထောက်ပံ့မှုကွာ ဟချက်ကိုဖြည့်ဆည်းဖို့ မြန်မာနိုင်ငံဘက် ဦးလှည့် လာခဲ့ပါတယ်။ ရေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာမယ်ရင် အဆိုပါမြစ်တွေကို မှီခိုနေရတဲ့ ထိုင်းနယ်စပ် ဒေသတွေအတွင်း မကြာမီ ခြိမ်းခြောက်မှုဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ လက်ရှိ မြန်မာနိုင်ငံ မြေရှားတူးဖော်မှုဟာ လက်တစ်ဆုပ်စာ လူတစ်စုရဲ့ ရေတိုစီးပွားရေးအကျိုးကျေးဇူး အနည်းငယ်သာဖြစ်ထွန်းစေပါတယ်။ တရားဝင်တင်ပို့ခြင်း မဟုတ်တဲ့ အတွက် နိုင်ငံတော်ကရရှိမယ့် အခွန်ငွေ တွေဆုံးရှုံးနေပါတယ်။ ဒေသခံအနည်းငယ်သာ အလုပ်အကိုင်ရရှိပြီး လက်နက်ကိုင် သောင်း ကျန်းသူတွေအတွက် အထောက်အပံ့ဖြစ်နေပါတယ်။ မြေအောက် ရေနဲ့မြစ် ချောင်းတွေမှာ ဆိုးရွားတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ရပြီး ပျက်စီးသွားတဲ့ တောတောင်သဘာဝနဲ့ သစ်တောဧရိယာတွေမှာ မြေဆီ လွှာ ပြန်လည်အသက်ဝင်ဖို့ခက်ခဲပါတယ်။ ဒေသခံတွေမှာ ကျေးရွာနဲ့ လယ်ယာမြေတွေဆုံးရှုံးရပြီး ညစ် ညမ်းရေတွေကို သောက်သုံးနေရတဲ့အတွက် ကင်ဆာနဲ့ တခြားရောဂါမျိုးစုံ ဖြစ်ပွားနိုင်ပါတယ်။ သယံဇာ တကြောင့် လက်နက်ကိုင်အချင်းချင်းကြား ပဋိပက္ခဖြစ်ပွားမှု ပိုမိုတိုးပွား လာနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံ့မြောက်ဖျားမှာ မြစ်ဖျားခံတဲ့ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံအတွင်း လူစည်ကားတဲ့ မြို့ရွာတွေကို ဖြတ်သန်းစီးဆင်းနေပါတယ်။ စိုက်ပျိုးရေး သယ်ယူပို့ဆောင်ရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်တွေမှာ လည်း အရေးပါပါတယ်။
ဧရာဝတီမြစ်ရေညစ်ညမ်းမှုဟာ ကျွန်တော်တို့တစ်နိုင်ငံလုံးအတွက် အလွန်ကြောက်စရာကောင်း တဲ့ စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်။ လက်တစ်ဆုပ်စာ လူတစ်စုရဲ့စီးပွားရှာမှုကြောင့် တစ်နိုင်ငံလုံး ဒုက္ခ ရောက်ရမလိုဖြစ်နေပါတယ်။
တခြားတစ်ခုကတော့ “ကျားဖျန့်” လို့ခေါ်တဲ့ “အွန်လိုင်း ငွေကြေးလိမ်လည် ဂိုဏ်းများ” ဖြစ်ပါ တယ်။ ကျားဖျန့်တို့ကြောင့် ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်စရာ ဖြစ်နေရပါတယ်။ ဗဟိုအုပ်ချုပ်ရေးနဲ့အလှမ်းဝေးတဲ့ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အကာအ ကွယ်ပေးမှုနဲ့ရှင်သန်နေကြပြီး ကမ္ဘာ့အရှေ့အနောက်နိုင်ငံတွေအနှံ့ နည်းမျိုးစုံနဲ့ လိမ်လည်ငွေကြေး ရှာဖွေနေကြပါတယ်။ ဒီလိုလိမ်ဖို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကျားမ လူငယ်များကို လစာ ကောင်း ပေးမယ်ဆိုတဲ့မက်လုံးနဲ့ သွေးဆောင်ခေါ်ယူပါတယ်။ ရောက်ရှိလာတဲ့အခါ အလွန်လုံခြုံတဲ့နေရာတစ်ခု မှာ အစောင့်အကြပ်တွေနဲ့ ပိတ်လှောင်ထားပြီး အွန်လိုင်းအသုံးပြုသူတွေကို လိမ်လည် ငွေရ ယူပေးဖို့ အဓမ္မခိုင်းစေနေကြပါတယ်။ ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုနဲ့ စွန့်စားစီးပွားရှာလိုတဲ့ မြန်မာနိုင်ငံသား ကျားမ လူငယ်လေးတွေဟာ နယ်စပ်ဒေသ ကျားဖျန့်စင်တာတွေမှာ လူရောင်းစားခံရပြီး လူကိုလူချင်း ခေတ်သစ်နည်းလမ်းနဲ့ ကျွန်ပြုခံနေရပါ တယ်။ မြန်မာနိုင်ငံအရှေ့မြောက်ဒေသတိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေသူ တရုတ်နိုင်ငံသားတွေကို နေပြည် တော်က ပြန်လည်ပို့ဆောင်ပေးခဲ့ရာ အဲဒီအထဲမှာ လူ သတ်မှု၊ အွန်လိုင်းလိမ်လည်မှုတို့နဲ့ ပေကျင်းက အလိုရှိနေတဲ့ တရုတ်နိုင်ငံသားတွေလည်းပါဝင်ပါတယ်။ ၎င်းတို့အနက် တချို့ကို တရုတ်အစိုးရက သေ ဒဏ်နဲ့ နှစ်ရှည် ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ အဲဒီနောက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီး ထိုင်း-မြန်မာ နယ်စပ် “ရွှေကုက္ကိုလ်”ဟာ နာမည်ဆိုးထွက်ခဲ့ပါတယ်။ ဒီကိစ္စအတွက် မြန်မာ-ထိုင်း-တရုတ် နိုင်ငံတို့ ပူးပေါင်းပြီး သတိပေးချက်ထုတ်ပြန်ခြင်း၊ တရားမဝင်လုပ်ငန်းများကို စစ်ဆေးဖျက်သိမ်းခြင်းတို့ ပြုလုပ်ခဲ့ ကြောင်းတွေ့ရှိရပါတယ်။ ထိုင်းနိုင်ငံဘက်က သက်ဆိုင်ရာနယ်မြေအတွင်း လျှပ်စစ်မီး၊ အင်တာနက်နဲ့ စက်ယန္တရားလောင်စာဆီဖြတ်တောက်မှုတွေပြုလုပ်ခဲ့ပြီး တပ်မတော်ကလည်း ကျားဖျန့်လုပ်ငန်း တွေမှာ အတင်းအဓမ္မခိုင်းစေခံရသူ ထောင်ပေါင်းများစွာတို့ကို ပြန်လွှတ်ပေးခဲ့ရာ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ် တွေပါဝင်နေပါတယ်။ အဲဒီနောက် ထိုင်း-မြန်မာနယ်စပ်မှ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ရွှေ့ပြောင်း သွား ခြင်းဖြင့် ကမ္ဘောဒီးယားဟာ ကျားဖျန့်ဂိုဏ်းတွေရဲ့အချက်အချာဖြစ်လာကြောင်း၊ ကမ္ဘောဒီးယား အာဏာ ပိုင်တွေဟာ လူကုန်ကူးမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်နှိမ်နင်းဖို့ပျက်ကွက်နေတယ် လို့ လန်ဒန်အခြေစိုက် “နိုင်ငံတကာ လွတ်ငြိမ်းချမ်းစာခွင့် အဖွဲ့” က (၂၆-၆-၂၀၂၅)ရက်မှာ ပြောပါတယ်။ ဖနွမ်းပင် ကတော့ စွပ်စွဲချက်ကိုငြင်းဆိုပြီး မိမိတို့အစိုးရမှာလည်း လှည့်စားမှုရဲ့သားကောင်ဖြစ်ရာမှာ ပါဝင်နေကြောင်း၊ အပြစ်တင်နေမယ့်အစား ပူးပေါင်းကူညီသင့်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။ လူကုန် ကူးမှု၊ အင်တာနက်လိမ်လည်မှုများကျူးလွန်ပြီး ငွေကြေးခဝါချဖို့ကြိုးစားတဲ့ ဗြိတိန်-ကမ္ဘောဒီးယားနိုင်ငံ သား သူဌေးကြီး “ချန်ရှီ” ဆိုသူကို တရားစွဲဆိုလိုက်ကြောင်း အမေရိကန်နဲ့ ဗြိတိန်တို့က ကြေညာပါ တယ်၊ တစ်ချိန်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ လက်ရှိဝန် ကြီးချုပ် ဟွန်မာနက်တို့ရဲ့ အကြံ ပေးဖြစ်ခဲ့သူဆိုတဲ့ အသက်(၃၇)နှစ်အရွယ် တရုတ်ဇာတိဖွားပိုင် “ပရင့်စ် ဟိုးလ်ဒင်းဂရု” ကိုလည်း ပိတ်ဆို့ အရေးယူလိုက်ပြီး ငွေကြေးခဝါချထားတဲ့ ဒေါ်လာ(၁၅)ဘီလျံတန် “Bit Coin” ခရက်ပ်တိုငွေကြေးတွေ ကိုလည်း သိမ်းယူလိုက်တယ်လို့ AFP (16 October 2025) ကပြောပါတယ်။ မရှေးမနှောင်းမှာပဲ ကမ္ဘော ဒီးယားနိုင်ငံ ကျားဖျန့်စင်တာတွေက ပြန်ပေးဆွဲခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့်သေဆုံးသွားတဲ့ တောင်ကိုရီးယား ကျောင်းသားလေးရဲ့ရုပ်ကြွင်းဟာ ဆိုးလ်မြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။ အွန် လိုင်းလိမ်လည်ရာမှာ ပါဝင်မှုနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ဖမ်းဆီးခံထားရသူ တောင်ကိုရီးယား နိုင်ငံ သား (၅၉)ဦးလည်း ပြန်လည် လွတ်မြောက်လာပါတယ်။ အရှေ့တောင်အာရှ အွန်လိုင်းလိမ်လည်မှု အစီအစဉ် တွေမှာ ကမ္ဘာအရပ်ရပ်မှ လစာကောင်းအလုပ်ရမယ်လို့ သွေးဆောင်ခေါ်ယူခံ ရသူ (၂၀ဝ,ဝဝဝ) ခန့်ရှိမယ် လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး နှစ်စဉ် ဒေါ်လာ ဘီလျံချီရရှိနေတဲ့ ဒုစရိုက် လုပ်ငန်းကြီးဖြစ် နေပါ တယ်။ နယ်စပ် KK Park ကျားဖျန့်စင်တာကို နှိမ်နင်းလိုက်တယ်လို့ နေပြည်တော်က သတင်းထုတ် ပြန် ကြောင်း တပ်မတော်ဟာ လိမ်လည် မှုတွေနဲ့ဆက်စပ်ပြီး နာမည်အစွန်းအထင်းရှိပေမယ့် တပ်မတော်ကို ကူညီနေတဲ့ လက်နက်ကိုင်တွေက အဲဒီအလုပ်တွေကိုလုပ်နေခြင်းဖြစ်ကြောင်း၊ KK Park ကို ဖြိုခွင်း လိုက်ပေမယ့် နယ်စပ်တစ်လျှောက် နောက်ထပ် အခု(၃၀)ရှိနေသေးကြောင်း၊ လစာကောင်း အလုပ် အကိုင်ပေးမယ်လို့ နိုင်ငံအသီးသီးမှ လူထောင်ပေါင်းများစွာကို လိမ်လည်ခေါ်ယူပြီး နှိပ်စက်ခိုင်းစေမှု၊ လူ ကုန်ကူးမှု၊ အွန်လိုင်းငွေကြေး လိမ်လည်မှုတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ တရုတ်ဒုစရိုက် သမားတွေကြီးမှူးတဲ့ KK Park နဲ့ ကျားဖျန့်စင်တာ နှိမ်နင်းခံရတာဟာ KNU လက်တွင်းမှအကျိုးစီးပွား ကို တပ်မတော်လိုလားသူလက်နက်ကိုင်တွေထံ ပြောင်းလဲမှုသာဖြစ်လိမ့်မယ်လို့ BBC (21 October 2025) က ယမန်နေ့ကရေးပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ တောင်ကိုရီးယားတို့လို စက်မှုတိုင်းပြည်ကြီး တွေကနိုင်ငံသားတွေ ငွေကြေးအမြောက်အမြား လိမ်လည်ခံရတာ၊ ပြန်ပေးဆွဲသတ်ဖြတ်ခံရတာကြောင့် မြန်မာနဲ့ ကမ္ဘောဒီးယားတို့ဟာ ကမ္ဘာ့အလယ်မှာ မျက် နှာပျက်စရာဖြစ်နေရပါတယ်။ ဒီဖြစ်ရပ်ကို ပိုမိုရှုပ် ထွေးသွားစေတာကတော့ အသက်(၂၆)နှစ်အရွယ် ဘီလာ ရုစ်မော်ဒယ်မိန်းမပျိုဟာ ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံအတွင်း ပြန်ပေးဆွဲခံရတာမဟုတ်ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်တာ ဖြစ်ပါ တယ်။ စက်တင်ဘာလ (၁၂)ရက်က ဘန်ကောက်မြို့ကိုရောက်ရှိလာတဲ့ ဘီလာရုစ်မော်ဒယ် “ဗီရာ ကရတ်ဆိုဗာ” ဟာ စက်တင်ဘာလ (၂၀)ရက် (ရး၂၀)နာရီမှာ ထိုင်း လေကြောင်းလိုင်း TG-301 နဲ့ ရန်ကုန်မြို့ကိုထွက်ခွာ သွားကြောင်း၊ အကြပ်ကိုင်ခြိမ်းခြောက်ခံရတဲ့ လက္ခ ဏာမရှိဘဲ ၎င်းရဲ့ ဆန္ဒ အလျောက်လာဖြစ်ပုံရတယ်လို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးက CCTV မှတ်တမ်းတွေနဲ့ သတင်းထုတ်ပြန် ပါတယ်။ ဒီအတိုင်းဆို ဘီလာရုစ် မော်ဒယ် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရပြီး ကိုယ်တွင်းအင်္ဂါတွေ ထုတ် ယူခံရမှုဟာ ရန်ကုန်မြို့ပေါ်မှာပဲလား၊ ထိုင်း-မြန်မာနယ်စပ်မှာလား မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ကျားဖျန့်တို့ရဲ့ ရိုင်းစိုင်းရက်စက်မှုဟာ ကမ်းကုန်နေပါတယ်။ မြန်မာနိုင်ငံကို လှည့်ဖြား ခေါ်ယူခံရတဲ့ ဘီလာရုစ်မိန်းမပျိုဗီရာဟာ အွန်လိုင်းမှတစ်ဆင့် နိုင်ငံခြားသားယောကျာ်းတွေကို အီစီကလီ လုပ်ပြီး ငွေညှစ်ပေးရကြောင်း၊ သတ်မှတ်ချက်မပြည့်မီခြင်းကြောင့် ရိုက်နှက်နှိပ်စက်ခံရကြောင်းသိရှိရပြီး အောက်တိုဘာလ (၆)ရက်မှာ ပျောက်ဆုံးသွားခဲ့ကြောင်း အဲဒီနောက် ကိုယ်တွင်းအင်္ဂါတွေကိုထုတ်ယူပြီး အလောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရုပ်ကြွင်း ပြန်ရလိုလျှင် ဒေါ်လာ(၅)သိန်း (ထိုင်းဘတ် ၁၆ သန်း ခန့်)ပေးရမယ်လို့ မိဘတွေထံဆက်သွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပူပေါင်းဆောင်ရွက်ဖို့ငြင်းဆိုခဲ့ကြောင်း၊ ဗီရာရဲ့မိဘတွေဟာ ဘီလာရုစ်နိုင်ငံခြားရေးဌာန အကူအညီနဲ့ မြန်မာနိုင်ငံကိုသွားရောက်ဖို့စီစဉ်ခဲ့တယ်လို့ Nation (21 October 2025) ကရေးသားပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ငွေကြေးအမြောက် အမြား လာဘ်ထိုးပြီး ကျူးလွန်ခြင်းဖြစ်တယ်လို့ စွပ်စွဲနေကြတဲ့ဒီဖြစ်ရပ်တွေဟာ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းကိုခြိမ်းခြောက်နေပါတယ်။ လူတစ်စုရဲ့လုပ်ရပ်ဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ ငွေကြေး တည် ငြိမ်မှုကိုတားဆီးနေပါတယ်။ အလုပ်အကိုင်ရှားပါးပြီး ဆင်းရဲချမ်းသာကွာခြားချက် ကြီးမားလှတဲ့ တိုင်း ပြည်မှာ ကျွန်တော်တို့ရဲ့ အရွယ်ကောင်း မျိုးဆက်သစ်တွေရဲ့ဘဝလုံခြုံရေးကို စိန်ခေါ်နေပါတယ်။

Zawgyi Version:
ကြၽန္ေတာ္တို႔ရဲ႕ ရွင္သန္ရပ္တည္ေရးကို စိန္ေခၚလာတဲ့ ေျမရွားနဲ႔ က်ားဖ်န႔္
(သုံးသပ္ေဆာင္းပါး)
Htay Oung (NP News)
ထိုင္းႏိုင္ငံေျမာက္ပိုင္း ျမစ္ေခ်ာင္းေတြနဲ႔ ျမစ္ေအာက္ပိုင္းေန လူ႔အဖြဲ႕အစည္းအေပၚ အႏၲရာယ္ ေပးေနတဲ့ ျမန္မာ့ ေျမရွားသတၱဳတူးေဖာ္မႈေတြဟာ ပိုမိုက်ယ္ျပန႔္လာတယ္လို႔ အေမရိကန္အေျခစိုက္ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာသတင္းမ်ားကို အသားေပးေဖာ္ျပေနတဲ့ “Mongabay” မီဒီ ယာ(20 October 2025) က ေရးပါတယ္။ ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္နဲ႔ရွမ္းျပည္နယ္တို႔မွာ ေျမရွား သတၱဳတူးေဖာ္မႈ လ်င္ျမန္စြာႀကီးထြားလာေနပါတယ္။ ေျမရွားတူးေဖာ္ေနသူအမ်ားစုတို႔ဟာ ေျမရွားကန္ ဖန္တီးဖို႔ ပထမဆုံး ေဒါင္လိုက္တူးေျမာင္းတစ္ခုကိုတူးေဖာ္ပါတယ္။ အဲဒီေနာက္ ေရ၊ သဲနဲ႔ ဓာတုပစၥည္း အေရာအေႏွာကို ဟိုက္ဒေရာလစ္ဖိအားနဲ႔ ထိုးသြင္းပါတယ္။ ဒီနည္းလမ္းဟာ ေရအေျမာက္အျမား အသုံး ျပဳရမႈ၊ ေျမေအာက္ေရအရင္းအျမစ္ ညစ္ညမ္းမႈ၊ မီသိန္းလို ဖန္လုံအိမ္ဓာတ္ေငြ႕ေတြထုတ္လႊတ္မႈ၊ ျမင့္မား တဲ့ ဖိအားေၾကာင့္ ေျမငလ်င္ငယ္ေတြကိုျဖစ္ေပၚေစႏိုင္တဲ့အတြက္ ႏိုင္ငံတကာမွာအျငင္းပြားေနတဲ့ နည္း ပညာ ျဖစ္ပါတယ္။အဆိပ္သင့္ေရဆိုးေတြပါဝင္တဲ့ ေျမရွားကန္ေတြဟာ မိုးသည္းထန္စြာ႐ြာသြန္းခ်ိန္မွာ လွ်ံထြက္ၿပီး ဧရာဝတီနဲ႔ မဲေခါင္ျမစ္ေၾကာင္းေတြအတြင္းစီးဝင္ေနတဲ့ ေဒသႏၲရေခ်ာင္းေျမာင္းေတြ ဆီကို ညစ္ညမ္းေရေတြပို႔လႊတ္ေနပါတယ္။ တ႐ုတ္ရဲ႕ ေျမရွားသတၱဳဝယ္လိုအားဟာ (၂၀၂၁)ခုႏွစ္ ျမန္မာႏိုင္ငံ အာဏာအေျပာင္းအလဲေနာက္ပိုင္း သူပုန္တို႔ ထိန္းခ်ဳပ္ရာေဒသေတြရဲ႕ သတၱဳတူးေဖာ္မႈကို အရွိန္အဟုန္ ျပင္းစြာ ခ်ဲ႕ထြင္လာေစပါတယ္။ ေျမရွားသတၱဳပါဝင္တဲ့ ေျမသားတစ္တန္ထုတ္ယူဖို႔အတြက္ အဆိပ္သင့္ စြန႔္ပစၥည္း တန္ခ်ိန္ (၂၀ဝဝ)ခန႔္ထြက္ရွိၿပီး သစ္ေတာေျမ ဟက္တာေထာင္ေပါင္းမ်ားစြာကို ခုတ္ထြင္ ရွင္းလင္းခံရတယ္လို႔လည္းသိရွိရပါတယ္။ (၂၀၂၄)ခုႏွစ္ေနာက္ပိုင္း ပဋိပကၡေတြေနရာေ႐ႊ႕ေျပာင္းလာ တာနဲ႔အမွ် သတၱဳတူးေဖာ္ေရးလုပ္ငန္းေတြဟာ ကခ်င္ျပည္နယ္မွ ရွမ္းျပည္နယ္အတြင္း ေျပာင္းေ႐ႊ႕လာ ခဲ့ၿပီး ထိုင္းႏိုင္ငံဘက္ကိုစီးဝင္ေနတဲ့ျမစ္ေတြနဲ႔ နီးကပ္လာခဲ့ပါတယ္။
ၿဂိဳဟ္တုဓာတ္ပုံေတြအရ ျမန္မာႏိုင္ငံအတြင္း ေျမရွားတူးေဖာ္မႈ (၅၁၃)ေနရာေတြ႕ရွိရၿပီး (၂၀၂၂) ခုႏွစ္ေနာက္ပိုင္း မဲေခါင္ျမစ္ရဲ႕ အဓိကျမစ္ လက္တက္မ်ားတစ္ေလွ်ာက္ မိုင္းတြင္းအသစ္ (၄၄) ခု ရွိေနပါ တယ္။ ျမန္မာအစိုးရကိုယ္တိုင္နဲ႔ တိုင္းရင္း သားလက္နက္ကိုင္ေတြကလည္း သဘာဝ ပတ္ဝန္းက်င္ ဆိုင္ ရာ စည္းမ်ဥ္းစည္းကမ္းေတြကိုလိုက္နာျခင္း မရွိေၾကာင္း ေလ့လာသုံးသပ္သူေတြက ေျပာျပတယ္လို႔ Mongabay ကဆိုပါတယ္။ အဓိကဝယ္လက္ျဖစ္ တဲ့ တ႐ုတ္ႏိုင္ငံဟာ သူ႔ျပည္တြင္း ေျမရွားပို႔ကုန္ ထိန္း ခ်ဳပ္မႈေတြကို တင္းၾကပ္ထားေပမယ့္ ေထာက္ပံ့မႈကြာ ဟခ်က္ကိုျဖည့္ဆည္းဖို႔ ျမန္မာႏိုင္ငံဘက္ ဦးလွည့္ လာခဲ့ပါတယ္။ ေရထုညစ္ညမ္းမႈ ပိုမိုဆိုး႐ြားလာမယ္ရင္ အဆိုပါျမစ္ေတြကို မွီခိုေနရတဲ့ ထိုင္းနယ္စပ္ ေဒသေတြအတြင္း မၾကာမီ ၿခိမ္းေျခာက္မႈျဖစ္ႏိုင္ေၾကာင္း ကြၽမ္းက်င္သူေတြက သတိေပးထားပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံ ေျမရွားတူးေဖာ္မႈဟာ လက္တစ္ဆုပ္စာ လူတစ္စုရဲ႕ ေရတိုစီးပြားေရးအက်ိဳးေက်းဇူး အနည္းငယ္သာျဖစ္ထြန္းေစပါတယ္။ တရားဝင္တင္ပို႔ျခင္း မဟုတ္တဲ့ အတြက္ ႏိုင္ငံေတာ္ကရရွိမယ့္ အခြန္ေငြ ေတြဆုံးရႈံးေနပါတယ္။ ေဒသခံအနည္းငယ္သာ အလုပ္အကိုင္ရရွိၿပီး လက္နက္ကိုင္ ေသာင္း က်န္းသူေတြအတြက္ အေထာက္အပံ့ျဖစ္ေနပါတယ္။ ေျမေအာက္ ေရနဲ႔ျမစ္ ေခ်ာင္းေတြမွာ ဆိုး႐ြားတဲ့ ပတ္ဝန္းက်င္ညစ္ညမ္းမႈျဖစ္ရၿပီး ပ်က္စီးသြားတဲ့ ေတာေတာင္သဘာဝနဲ႔ သစ္ေတာဧရိယာေတြမွာ ေျမဆီ လႊာ ျပန္လည္အသက္ဝင္ဖို႔ခက္ခဲပါတယ္။ ေဒသခံေတြမွာ ေက်း႐ြာနဲ႔ လယ္ယာေျမေတြဆုံးရႈံးရၿပီး ညစ္ ညမ္းေရေတြကို ေသာက္သုံးေနရတဲ့အတြက္ ကင္ဆာနဲ႔ တျခားေရာဂါမ်ိဳးစုံ ျဖစ္ပြားႏိုင္ပါတယ္။ သယံဇာ တေၾကာင့္ လက္နက္ကိုင္အခ်င္းခ်င္းၾကား ပဋိပကၡျဖစ္ပြားမႈ ပိုမိုတိုးပြား လာႏိုင္ပါတယ္။ အထူးသျဖင့္ ႏိုင္ငံ့ေျမာက္ဖ်ားမွာ ျမစ္ဖ်ားခံတဲ့ဧရာဝတီျမစ္ဟာ ျမန္မာႏိုင္ငံအတြင္း လူစည္ကားတဲ့ ၿမိဳ႕႐ြာေတြကို ျဖတ္သန္းစီးဆင္းေနပါတယ္။ စိုက္ပ်ိဳးေရး သယ္ယူပို႔ေဆာင္ေရးနဲ႔ ယဥ္ေက်းမႈဆိုင္ရာ ပြဲေတာ္ေတြမွာ လည္း အေရးပါပါတယ္။
ဧရာဝတီျမစ္ေရညစ္ညမ္းမႈဟာ ကြၽန္ေတာ္တို႔တစ္ႏိုင္ငံလုံးအတြက္ အလြန္ေၾကာက္စရာေကာင္း တဲ့ စိန္ေခၚမႈႀကီးတစ္ခုျဖစ္ပါတယ္။ လက္တစ္ဆုပ္စာ လူတစ္စုရဲ႕စီးပြားရွာမႈေၾကာင့္ တစ္ႏိုင္ငံလုံး ဒုကၡ ေရာက္ရမလိုျဖစ္ေနပါတယ္။
တျခားတစ္ခုကေတာ့ “က်ားဖ်န႔္” လို႔ေခၚတဲ့ “အြန္လိုင္း ေငြေၾကးလိမ္လည္ ဂိုဏ္းမ်ား” ျဖစ္ပါ တယ္။ က်ားဖ်န႔္တို႔ေၾကာင့္ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ကမာၻ႔အလယ္မွာ မ်က္ႏွာပ်က္စရာ ျဖစ္ေနရပါတယ္။ ဗဟိုအုပ္ခ်ဳပ္ေရးနဲ႔အလွမ္းေဝးတဲ့ နယ္စပ္ေဒသေတြမွာ တိုင္းရင္းသားလက္နက္ကိုင္ေတြရဲ႕ အကာအ ကြယ္ေပးမႈနဲ႔ရွင္သန္ေနၾကၿပီး ကမာၻ႔အေရွ႕အေနာက္ႏိုင္ငံေတြအႏွံ႔ နည္းမ်ိဳးစုံနဲ႔ လိမ္လည္ေငြေၾကး ရွာေဖြေနၾကပါတယ္။ ဒီလိုလိမ္ဖို႔အတြက္ ကမာၻ႔ႏိုင္ငံအသီးသီးမွ က်ားမ လူငယ္မ်ားကို လစာ ေကာင္း ေပးမယ္ဆိုတဲ့မက္လုံးနဲ႔ ေသြးေဆာင္ေခၚယူပါတယ္။ ေရာက္ရွိလာတဲ့အခါ အလြန္လုံၿခဳံတဲ့ေနရာတစ္ခု မွာ အေစာင့္အၾကပ္ေတြနဲ႔ ပိတ္ေလွာင္ထားၿပီး အြန္လိုင္းအသုံးျပဳသူေတြကို လိမ္လည္ ေငြရ ယူေပးဖို႔ အဓမၼခိုင္းေစေနၾကပါတယ္။ ျပည္တြင္း အလုပ္အကိုင္ရွားပါးမႈနဲ႔ စြန႔္စားစီးပြားရွာလိုတဲ့ ျမန္မာႏိုင္ငံသား က်ားမ လူငယ္ေလးေတြဟာ နယ္စပ္ေဒသ က်ားဖ်န႔္စင္တာေတြမွာ လူေရာင္းစားခံရၿပီး လူကိုလူခ်င္း ေခတ္သစ္နည္းလမ္းနဲ႔ ကြၽန္ျပဳခံေနရပါ တယ္။ ျမန္မာႏိုင္ငံအေရွ႕ေျမာက္ေဒသတိုက္ပြဲေတြ ျပင္းထန္စြာ ျဖစ္ပြားၿပီး ျမန္မာႏိုင္ငံအတြင္း တရားမဝင္ ေရာက္ရွိေနသူ တ႐ုတ္ႏိုင္ငံသားေတြကို ေနျပည္ ေတာ္က ျပန္လည္ပို႔ေဆာင္ေပးခဲ့ရာ အဲဒီအထဲမွာ လူ သတ္မႈ၊ အြန္လိုင္းလိမ္လည္မႈတို႔နဲ႔ ေပက်င္းက အလိုရွိေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြလည္းပါဝင္ပါတယ္။ ၎တို႔အနက္ တခ်ိဳ႕ကို တ႐ုတ္အစိုးရက ေသ ဒဏ္နဲ႔ ႏွစ္ရွည္ ေထာင္ဒဏ္ေတြခ်မွတ္ခဲ့ပါတယ္။ အဲဒီေနာက္ အြန္လိုင္းေငြလိမ္ဂိုဏ္းေတြနဲ႔ပတ္သက္ၿပီး ထိုင္း-ျမန္မာ နယ္စပ္ “ေ႐ႊကုကၠိဳလ္”ဟာ နာမည္ဆိုးထြက္ခဲ့ပါတယ္။ ဒီကိစၥအတြက္ ျမန္မာ-ထိုင္း-တ႐ုတ္ ႏိုင္ငံတို႔ ပူးေပါင္းၿပီး သတိေပးခ်က္ထုတ္ျပန္ျခင္း၊ တရားမဝင္လုပ္ငန္းမ်ားကို စစ္ေဆးဖ်က္သိမ္းျခင္းတို႔ ျပဳလုပ္ခဲ့ ေၾကာင္းေတြ႕ရွိရပါတယ္။ ထိုင္းႏိုင္ငံဘက္က သက္ဆိုင္ရာနယ္ေျမအတြင္း လွ်ပ္စစ္မီး၊ အင္တာနက္နဲ႔ စက္ယႏၲရားေလာင္စာဆီျဖတ္ေတာက္မႈေတြျပဳလုပ္ခဲ့ၿပီး တပ္မေတာ္ကလည္း က်ားဖ်န႔္လုပ္ငန္း ေတြမွာ အတင္းအဓမၼခိုင္းေစခံရသူ ေထာင္ေပါင္းမ်ားစြာတို႔ကို ျပန္လႊတ္ေပးခဲ့ရာ ကမာၻ႔ႏိုင္ငံအသီးသီးမွ လူငယ္ ေတြပါဝင္ေနပါတယ္။ အဲဒီေနာက္ ထိုင္း-ျမန္မာနယ္စပ္မွ အြန္လိုင္းေငြလိမ္ဂိုဏ္းေတြ ေ႐ႊ႕ေျပာင္း သြား ျခင္းျဖင့္ ကေမာၻဒီးယားဟာ က်ားဖ်န႔္ဂိုဏ္းေတြရဲ႕အခ်က္အခ်ာျဖစ္လာေၾကာင္း၊ ကေမာၻဒီးယား အာဏာ ပိုင္ေတြဟာ လူကုန္ကူးမႈနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ေဖာ္ထုတ္ႏွိမ္နင္းဖို႔ပ်က္ကြက္ေနတယ္ လို႔ လန္ဒန္အေျခစိုက္ “ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းစာခြင့္ အဖြဲ႕” က (၂၆-၆-၂၀၂၅)ရက္မွာ ေျပာပါတယ္။ ဖႏြမ္းပင္ ကေတာ့ စြပ္စြဲခ်က္ကိုျငင္းဆိုၿပီး မိမိတို႔အစိုးရမွာလည္း လွည့္စားမႈရဲ႕သားေကာင္ျဖစ္ရာမွာ ပါဝင္ေနေၾကာင္း၊ အျပစ္တင္ေနမယ့္အစား ပူးေပါင္းကူညီသင့္တယ္လို႔ တုံ႔ျပန္ေျပာဆိုပါတယ္။ လူကုန္ ကူးမႈ၊ အင္တာနက္လိမ္လည္မႈမ်ားက်ဴးလြန္ၿပီး ေငြေၾကးခဝါခ်ဖို႔ႀကိဳးစားတဲ့ ၿဗိတိန္-ကေမာၻဒီးယားႏိုင္ငံ သား သူေဌးႀကီး “ခ်န္ရွီ” ဆိုသူကို တရားစြဲဆိုလိုက္ေၾကာင္း အေမရိကန္နဲ႔ ၿဗိတိန္တို႔က ေၾကညာပါ တယ္၊ တစ္ခ်ိန္က ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္နဲ႔ လက္ရွိဝန္ ႀကီးခ်ဳပ္ ဟြန္မာနက္တို႔ရဲ႕ အႀကံ ေပးျဖစ္ခဲ့သူဆိုတဲ့ အသက္(၃၇)ႏွစ္အ႐ြယ္ တ႐ုတ္ဇာတိဖြားပိုင္ “ပရင့္စ္ ဟိုးလ္ဒင္းဂ႐ု” ကိုလည္း ပိတ္ဆို႔ အေရးယူလိုက္ၿပီး ေငြေၾကးခဝါခ်ထားတဲ့ ေဒၚလာ(၁၅)ဘီလ်ံတန္ “Bit Coin” ခရက္ပ္တိုေငြေၾကးေတြ ကိုလည္း သိမ္းယူလိုက္တယ္လို႔ AFP (16 October 2025) ကေျပာပါတယ္။ မေရွးမေႏွာင္းမွာပဲ ကေမာၻ ဒီးယားႏိုင္ငံ က်ားဖ်န႔္စင္တာေတြက ျပန္ေပးဆြဲခံရၿပီး ညႇဥ္းပန္းႏွိပ္စက္ခံရမႈေၾကာင့္ေသဆုံးသြားတဲ့ ေတာင္ကိုရီးယား ေက်ာင္းသားေလးရဲ႕႐ုပ္ႂကြင္းဟာ ဆိုးလ္ၿမိဳ႕ကို ျပန္လည္ေရာက္ရွိလာပါတယ္။ အြန္ လိုင္းလိမ္လည္ရာမွာ ပါဝင္မႈနဲ႔ ကေမာၻဒီးယားႏိုင္ငံမွာ ဖမ္းဆီးခံထားရသူ ေတာင္ကိုရီးယား ႏိုင္ငံ သား (၅၉)ဦးလည္း ျပန္လည္ လြတ္ေျမာက္လာပါတယ္။ အေရွ႕ေတာင္အာရွ အြန္လိုင္းလိမ္လည္မႈ အစီအစဥ္ ေတြမွာ ကမာၻအရပ္ရပ္မွ လစာေကာင္းအလုပ္ရမယ္လို႔ ေသြးေဆာင္ေခၚယူခံ ရသူ (၂၀ဝ,ဝဝဝ) ခန႔္ရွိမယ္ လို႔ ကုလသမဂၢက ခန႔္မွန္းထားၿပီး ႏွစ္စဥ္ ေဒၚလာ ဘီလ်ံခ်ီရရွိေနတဲ့ ဒုစ႐ိုက္ လုပ္ငန္းႀကီးျဖစ္ ေနပါ တယ္။ နယ္စပ္ KK Park က်ားဖ်န႔္စင္တာကို ႏွိမ္နင္းလိုက္တယ္လို႔ ေနျပည္ေတာ္က သတင္းထုတ္ ျပန္ ေၾကာင္း တပ္မေတာ္ဟာ လိမ္လည္ မႈေတြနဲ႔ဆက္စပ္ၿပီး နာမည္အစြန္းအထင္းရွိေပမယ့္ တပ္မေတာ္ကို ကူညီေနတဲ့ လက္နက္ကိုင္ေတြက အဲဒီအလုပ္ေတြကိုလုပ္ေနျခင္းျဖစ္ေၾကာင္း၊ KK Park ကို ၿဖိဳခြင္း လိုက္ေပမယ့္ နယ္စပ္တစ္ေလွ်ာက္ ေနာက္ထပ္ အခု(၃၀)ရွိေနေသးေၾကာင္း၊ လစာေကာင္း အလုပ္ အကိုင္ေပးမယ္လို႔ ႏိုင္ငံအသီးသီးမွ လူေထာင္ေပါင္းမ်ားစြာကို လိမ္လည္ေခၚယူၿပီး ႏွိပ္စက္ခိုင္းေစမႈ၊ လူ ကုန္ကူးမႈ၊ အြန္လိုင္းေငြေၾကး လိမ္လည္မႈေတြကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း၊ တ႐ုတ္ဒုစ႐ိုက္ သမားေတြႀကီးမႉးတဲ့ KK Park နဲ႔ က်ားဖ်န႔္စင္တာ ႏွိမ္နင္းခံရတာဟာ KNU လက္တြင္းမွအက်ိဳးစီးပြား ကို တပ္မေတာ္လိုလားသူလက္နက္ကိုင္ေတြထံ ေျပာင္းလဲမႈသာျဖစ္လိမ့္မယ္လို႔ BBC (21 October 2025) က ယမန္ေန႔ကေရးပါတယ္။ အေမရိကန္၊ ၿဗိတိန္နဲ႔ ေတာင္ကိုရီးယားတို႔လို စက္မႈတိုင္းျပည္ႀကီး ေတြကႏိုင္ငံသားေတြ ေငြေၾကးအေျမာက္အျမား လိမ္လည္ခံရတာ၊ ျပန္ေပးဆြဲသတ္ျဖတ္ခံရတာေၾကာင့္ ျမန္မာနဲ႔ ကေမာၻဒီးယားတို႔ဟာ ကမာၻ႔အလယ္မွာ မ်က္ ႏွာပ်က္စရာျဖစ္ေနရပါတယ္။ ဒီျဖစ္ရပ္ကို ပိုမိုရႈပ္ ေထြးသြားေစတာကေတာ့ အသက္(၂၆)ႏွစ္အ႐ြယ္ ဘီလာ ႐ုစ္ေမာ္ဒယ္မိန္းမပ်ိဳဟာ ထိုင္းႏိုင္ငံမွ ျမန္မာ ႏိုင္ငံအတြင္း ျပန္ေပးဆြဲခံရတာမဟုတ္ေၾကာင္း ထိုင္းအာဏာပိုင္ေတြက သတင္းထုတ္ျပန္တာ ျဖစ္ပါ တယ္။ စက္တင္ဘာလ (၁၂)ရက္က ဘန္ေကာက္ၿမိဳ႕ကိုေရာက္ရွိလာတဲ့ ဘီလာ႐ုစ္ေမာ္ဒယ္ “ဗီရာ ကရတ္ဆိုဗာ” ဟာ စက္တင္ဘာလ (၂၀)ရက္ (ရး၂၀)နာရီမွာ ထိုင္း ေလေၾကာင္းလိုင္း TG-301 နဲ႔ ရန္ကုန္ၿမိဳ႕ကိုထြက္ခြာ သြားေၾကာင္း၊ အၾကပ္ကိုင္ၿခိမ္းေျခာက္ခံရတဲ့ လကၡ ဏာမရွိဘဲ ၎ရဲ႕ ဆႏၵ အေလ်ာက္လာျဖစ္ပုံရတယ္လို႔ ထိုင္းလူဝင္မႈ ႀကီးၾကပ္ေရးက CCTV မွတ္တမ္းေတြနဲ႔ သတင္းထုတ္ျပန္ ပါတယ္။ ဒီအတိုင္းဆို ဘီလာ႐ုစ္ ေမာ္ဒယ္ ညႇဥ္းပန္းႏွိပ္စက္သတ္ျဖတ္ခံရၿပီး ကိုယ္တြင္းအဂၤါေတြ ထုတ္ ယူခံရမႈဟာ ရန္ကုန္ၿမိဳ႕ေပၚမွာပဲလား၊ ထိုင္း-ျမန္မာနယ္စပ္မွာလား ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။ က်ားဖ်န႔္တို႔ရဲ႕ ႐ိုင္းစိုင္းရက္စက္မႈဟာ ကမ္းကုန္ေနပါတယ္။ ျမန္မာႏိုင္ငံကို လွည့္ျဖား ေခၚယူခံရတဲ့ ဘီလာ႐ုစ္မိန္းမပ်ိဳဗီရာဟာ အြန္လိုင္းမွတစ္ဆင့္ ႏိုင္ငံျခားသားေယာက်ာ္းေတြကို အီစီကလီ လုပ္ၿပီး ေငြညႇစ္ေပးရေၾကာင္း၊ သတ္မွတ္ခ်က္မျပည့္မီျခင္းေၾကာင့္ ႐ိုက္ႏွက္ႏွိပ္စက္ခံရေၾကာင္းသိရွိရၿပီး ေအာက္တိုဘာလ (၆)ရက္မွာ ေပ်ာက္ဆုံးသြားခဲ့ေၾကာင္း အဲဒီေနာက္ ကိုယ္တြင္းအဂၤါေတြကိုထုတ္ယူၿပီး အေလာင္းကို မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း၊ ႐ုပ္ႂကြင္း ျပန္ရလိုလွ်င္ ေဒၚလာ(၅)သိန္း (ထိုင္းဘတ္ ၁၆ သန္း ခန႔္)ေပးရမယ္လို႔ မိဘေတြထံဆက္သြယ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ပူေပါင္းေဆာင္႐ြက္ဖို႔ျငင္းဆိုခဲ့ေၾကာင္း၊ ဗီရာရဲ႕မိဘေတြဟာ ဘီလာ႐ုစ္ႏိုင္ငံျခားေရးဌာန အကူအညီနဲ႔ ျမန္မာႏိုင္ငံကိုသြားေရာက္ဖို႔စီစဥ္ခဲ့တယ္လို႔ Nation (21 October 2025) ကေရးသားပါတယ္။ သက္ဆိုင္ရာတာဝန္ရွိသူေတြကို ေငြေၾကးအေျမာက္ အျမား လာဘ္ထိုးၿပီး က်ဴးလြန္ျခင္းျဖစ္တယ္လို႔ စြပ္စြဲေနၾကတဲ့ဒီျဖစ္ရပ္ေတြဟာ ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕ အစည္းကိုၿခိမ္းေျခာက္ေနပါတယ္။ လူတစ္စုရဲ႕လုပ္ရပ္ဟာ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ ေငြေၾကး တည္ ၿငိမ္မႈကိုတားဆီးေနပါတယ္။ အလုပ္အကိုင္ရွားပါးၿပီး ဆင္းရဲခ်မ္းသာကြာျခားခ်က္ ႀကီးမားလွတဲ့ တိုင္း ျပည္မွာ ကြၽန္ေတာ္တို႔ရဲ႕ အ႐ြယ္ေကာင္း မ်ိဳးဆက္သစ္ေတြရဲ႕ဘဝလုံၿခဳံေရးကို စိန္ေခၚေနပါတယ္။