မြန်မာနှင့် အီဂျစ်လယ်ယာထွက်ကုန်များ ကုန်သွယ်မှုမြှင့်တင်ရန်ကိစ္စပါသော လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေး MoU လက်မှတ်ရေးထိုး

 241

သန့်ဇင် (NP News) - နိုဝင်ဘာ ၄

မြန်မာနှင့် အီဂျစ်လယ်ယာထွက်ကုန်များ ကုန်သွယ်မှုမြှင့်တင်ရန်ကိစ္စပါသော လယ်ယာကဏ္ဍ ပူးပေါင်းဆောင် ရွက်ရေးနားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
(၂)နိုင်ငံအကြား လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာကို အောက်တိုဘာ ၂၈ ရက်က အီဂျစ်နိုင်ငံကိုင်ရိုမြို့ရှိ လယ်ယာစိုက်ပျိုးရေးနှင့်မြေယာပြုပြင်ပြောင်းလဲရေးဝန်ကြီးဌာန၌ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါနားလည်မှုစာချွန်လွှာကို အီဂျစ်လယ်ယာစိုက်ပျိုးရေးနှင့် မြေယာပြုပြင်ပြောင်းလဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ မိုစတာဖာအယ်လ်ဆာယက်နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တို့က အီဂျစ်စိုက်ပျိုးရေးနှင့် မြေယာပြုပြင်ပြောင်းလဲရေးဝန်ကြီး မစ္စတာအလာဖာရော့နှင့် အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်တို့ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းသည် မြန်မာ-အီဂျစ်ဆက်ဆံရေးအတွက်အရေးကြီးသော သမိုင်း မှတ်တိုင်တစ်ခုဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် မြန်မာနှင့်အီဂျစ်တို့ ပထမဆုံးလက်မှတ်ရေးထိုးခဲ့သော စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုနားလည်မှု စာချွန်လွှာ(MoU) ၏ ဒုတိယမြောက်လက်မှတ်ရေးထိုးမှုဖြစ်ကြောင်း သိရသည်။

နားလည်မှုစာချွန်လွှာတွင် စိုက်ပျိုးရေးနည်းပညာဖလှယ်ရေး၊ စွမ်းရည်မြှင့်တင်ရေး၊ သုတေသနပူးပေါင်း ဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့သောစိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကဲ့သို့ နယ်ပယ်များ၌နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ လယ်ယာထွက်ကုန်များ ကုန်သွယ်မှုမြှင့်တင်ကာ နှစ်နိုင်ငံအကြား ရေရှည်လက်တွဲ ဆောင်ရွက်ရေးကို အထောက်အကူပြုစေမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် အီဂျစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစသည့် စိုက်ပျိုးရေးသွင်းအားစုများတင်ပို့ရန်နှင့် မြန်မာနိုင်ငံမှ အီဂျစ်သို့ ပဲမျိုးစုံ၊ ဆန်နှင့်ပင်လယ်စာအပါအဝင် အခြားထုတ်ကုန်များတင်ပို့ရန် ဆွေးနွေးမှုများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန နှင့် အီဂျစ်နိုင်ငံစိုက်ပျိုးရေးဗဟိုသုတေသနဌာနတို့ပူးပေါင်း၍ ချည်မျှင်အလွန် ရှည်ဝါ၊ အာလူး အပါအဝင် အရည်အသွေးကောင်း သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန် သင်တန်းသားများ စေလွှတ်ရေး၊ စိုက်ပျိုးရေးပညာရှင်များ အပြန်အလှန်စေလွှတ်ရေးနှင့် EICA သင်တန်းများ တက်ရောက်နိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Verion:
ျမန္မာႏွင့္ အီဂ်စ္လယ္ယာထြက္ကုန္မ်ား ကုန္သြယ္မႈျမႇင့္တင္ရန္ကိစၥပါေသာ လယ္ယာက႑ပူးေပါင္းေဆာင္႐ြက္ေရး MoU လက္မွတ္ေရးထိုး
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၄
ျမန္မာႏွင့္ အီဂ်စ္လယ္ယာထြက္ကုန္မ်ား ကုန္သြယ္မႈျမႇင့္တင္ရန္ကိစၥပါေသာ လယ္ယာက႑ ပူးေပါင္းေဆာင္ ႐ြက္ေရးနားလည္မႈ စာခြၽန္လႊာ (MoU) လက္မွတ္ေရးထိုးခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
(၂)ႏိုင္ငံအၾကား လယ္ယာက႑ပူးေပါင္းေဆာင္႐ြက္ေရးနားလည္မႈစာခြၽန္လႊာကို ေအာက္တိုဘာ ၂၈ ရက္က အီဂ်စ္ႏိုင္ငံကိုင္႐ိုၿမိဳ႕ရွိ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ေျမယာျပဳျပင္ေျပာင္းလဲေရးဝန္ႀကီးဌာန၌ လက္မွတ္ေရးထိုးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါနားလည္မႈစာခြၽန္လႊာကို အီဂ်စ္လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ေျမယာျပဳျပင္ေျပာင္းလဲေရးဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး မစၥတာ မိုစတာဖာအယ္လ္ဆာယက္ႏွင့္ စိုက္ပ်ိဳးေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာရဲတင့္ထြန္း တို႔က အီဂ်စ္စိုက္ပ်ိဳးေရးႏွင့္ ေျမယာျပဳျပင္ေျပာင္းလဲေရးဝန္ႀကီး မစၥတာအလာဖာေရာ့ႏွင့္ အီဂ်စ္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္တင္ရွိန္တို႔ေရွ႕ေမွာက္၌ လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
နားလည္မႈစာခြၽန္လႊာလက္မွတ္ေရးထိုးျခင္းသည္ ျမန္မာ-အီဂ်စ္ဆက္ဆံေရးအတြက္အေရးႀကီးေသာ သမိုင္း မွတ္တိုင္တစ္ခုျဖစ္ၿပီး ၁၉၉၄ ခုႏွစ္တြင္ ျမန္မာႏွင့္အီဂ်စ္တို႔ ပထမဆုံးလက္မွတ္ေရးထိုးခဲ့ေသာ စိုက္ပ်ိဳးေရး ပူးေပါင္းေဆာင္႐ြက္မႈနားလည္မႈ စာခြၽန္လႊာ(MoU) ၏ ဒုတိယေျမာက္လက္မွတ္ေရးထိုးမႈျဖစ္ေၾကာင္း သိရသည္။

နားလည္မႈစာခြၽန္လႊာတြင္ စိုက္ပ်ိဳးေရးနည္းပညာဖလွယ္ေရး၊ စြမ္းရည္ျမႇင့္တင္ေရး၊ သုေတသနပူးေပါင္း ေဆာင္႐ြက္မႈႏွင့္ ေရရွည္တည္တံ့ေသာစိုက္ပ်ိဳးေရးဆိုင္ရာအေလ့အက်င့္ကဲ့သို႔ နယ္ပယ္မ်ား၌ႏွစ္ႏိုင္ငံ ပူးေပါင္း ေဆာင္႐ြက္မႈတိုးျမႇင့္ေရး၊ လယ္ယာထြက္ကုန္မ်ား ကုန္သြယ္မႈျမႇင့္တင္ကာ ႏွစ္ႏိုင္ငံအၾကား ေရရွည္လက္တြဲ ေဆာင္႐ြက္ေရးကို အေထာက္အကူျပဳေစမည္ျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ အီဂ်စ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ဓာတ္ေျမၾသဇာ၊ ပိုးသတ္ေဆးစသည့္ စိုက္ပ်ိဳးေရးသြင္းအားစုမ်ားတင္ပို႔ရန္ႏွင့္ ျမန္မာႏိုင္ငံမွ အီဂ်စ္သို႔ ပဲမ်ိဳးစုံ၊ ဆန္ႏွင့္ပင္လယ္စာအပါအဝင္ အျခားထုတ္ကုန္မ်ားတင္ပို႔ရန္ ေဆြးေႏြးမႈမ်ားလည္း ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ စိုက္ပ်ိဳးေရးဦးစီးဌာန ႏွင့္ အီဂ်စ္ႏိုင္ငံစိုက္ပ်ိဳးေရးဗဟိုသုေတသနဌာနတို႔ပူးေပါင္း၍ ခ်ည္မွ်င္အလြန္ ရွည္ဝါ၊ အာလူး အပါအဝင္ အရည္အေသြးေကာင္း သီးႏွံမ်ား စိုက္ပ်ိဳးထုတ္လုပ္ရန္ သင္တန္းသားမ်ား ေစလႊတ္ေရး၊ စိုက္ပ်ိဳးေရးပညာရွင္မ်ား အျပန္အလွန္ေစလႊတ္ေရးႏွင့္ EICA သင္တန္းမ်ား တက္ေရာက္ႏိုင္ေရးတို႔ကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.