သိထားသင့်တဲ့ ဗြိတိသျှတို့ရဲ့ မြို့ပြလူတန်းစားဉာဉ် အမျိုးသားရေး (အတွေးအမြင်ဆောင်းပါး)

172

HtayOung ( NP News )-နိုဝင်ဘာ ၁၃
===
သမ္မတ ထရမ့်နဲ့ BBC တို့အငြင်းပွားမှုမှာ ကျွန်တော့်ရဲ့ တစ်သီးပုဂ္ဂလအမြင်ဟာ အင်္ဂလိပ်တွေကို တစ်ဖက်သပ် အထင်ကြီးလွန်းရာ ရောက်နေပြီလားလို့ ထင်စရာ ရှိပါတယ်။ အမေရိကန်ဆိုတာ ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ အင်္ဂလိပ်စကားပြောနိုင်ငံပါ။ အမေရိကန်နဲ့ ယူကေဟာ ဗြိဇုံ နဲ့ ဗြုံဇိ ဆိုသလို စာလုံးပေါင်း သတ်ပုံနဲ့ ဓလေ့ စရိုက်အချို့ကလွဲလို့ ဘာမှ မကွာခြားဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။
ကမ္ဘာ့လူမျိုးတိုင်းမှာ လူသားပီသစွာ ကောင်းတဲ့အချက် ရှိသလို မကောင်းတဲ့အချက်တွေလဲ ရှိပါတယ်။ ကောင်း တဲ့အချက်ကို ကျွန်တော်တို့ အတုယူနိုင်ရင် အကျိုးရှိနိုင်တယ်၊ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ အသုံးချနိုင်တယ်လို့ ယူဆပါတယ်။
ဗြိတိသျှလူမျိုးတွေဟာ Bourgeois Mentality “မြို့ပြလူလတ်တန်းစား ဉာဉ်” ပိုင်ရှင်များဖြစ်အောင် မျိုးဆက်လိုက် တမင်မွေးမြူယူခဲ့ကြသူများဖြစ်ပါတယ်။ ဗြိတိသျှတို့ရဲ့ ဟိတ်ကြီး ဟန်ကြီး စရိုက်လို့ အကြမ်းဖျင်း ပြောနိုင်ပြီး ဒုတိယကမ္ဘာစစ်အပြီး ကွန်မြူနစ်ဝါဒ ခေတ်စားချိန် ကျွန်တော်တို့ အဖေအရွယ် မျိုးဆက်များနဲ့ ဆိုရှယ် လစ်စနစ်တည်ဆောက်ချိန် မြန်မာပြည်မှာ လူဖြစ်လာတဲ့ ကျွန်တော်တို့က “ဘူဇွာဉာဉ်” “အရင်းရှင်စရိုက်” အဖြစ် ကလော်ဆဲခဲ့ဖူးတယ်။
အံ့သြစရာကောင်းတာက ဗြိတိသျှတို့မှာ အဲ့ဒီစိတ်နေသဘောထားမျိုးဖြစ်အောင် ဘယ်ရှင်ဘုရင်- အာဏာရှင်ကမှ ပုံသွင်းသွားခြင်း မရှိပဲ၊ မြို့ပြနေ အရပ်သားများက အချင်းချင်း တိုင်ပင်ပြီး မျိုးဆက်တစ်ခုပြီး တစ်ခု တဖြည်းဖြည်း လေ့ကျင့်ယူ ပုံသွင်းယူခဲ့ကြခြင်း ဖြစ်ပါတယ်။
“အလကားပါကွာ ပဲစေ့လေးတစ်စေ့ ပန်းကန်ထဲထည့်၊ ဝတ်ကောင်း စားလှဝတ်ပြီး ဒါးတွေ-ခက်ရင်းတွေ ဇွန်း တွေနဲ့ စားရင်း တစ်နေကုန်ကြတာပါ” လို့ ငယ်ငယ်က ဦးလေးတစ်ယောက် ပြောဖူးတယ်။ အဲ့ဒီလောက်လည်း မဟုတ် ပါ။ ၁၅၅၈-၁၆၀၃ ခုနှစ် ပထမမြောက် အဲလစ်ဇ်ဘက် ဘုရင်မနောက်ပိုင်းနှစ် အင်္ဂလန်ဟာ တည်ငြိမ် အေးချမ်းတယ်၊ ဘာသာရေး အခြေတကျဖြစ်လာပြီး ပြဇာတ်-စာပေနဲ့ ယဉ်ကျေးမှု ထွန်းကားတယ်။ အရောင်း အဝယ် ကောင်းမွန်တဲ့အတွက် “ရွှေခေတ်” လို့ သတ်မှတ်ကြပါတယ်။ အဲလစ်ဇ်ဘက် ကွယ်လွန်ပြီးနောက် ဆက်ခံတဲ့ ပထမမြောက် ချားလ်ဘုရင်ကို “အိုလီဗာ ခရွမ်းဝဲလ်” က ကွပ်မျက်ပြီးနောက် အင်္ဂလန်-စကော့တ လန်-အိုင်ယာလန်တို့ပါ ယာယီသမ္မတနိုင်ငံရဲ့ အရှင်သခင်အဖြစ် ခံယူတယ်။ ခရွမ်းဝဲလ်အစိုးရ ပြိုလဲသွား ပြီးနောက် ဒုတိယမြောက် ချားလ်ဘုရင် တက်လာပြီး “စတူးရပ် (စတူးဝပ်) မင်းဆက်” စတင်ခဲ့ပါတယ်။
Bourgeois ဘူဂျိုဝါဆိုတာ ပြင်သစ်ဘာသာစကားဖြစ်ပြီး မြို့ပြနေ လူလတ်တန်းစားလို့ အဓိပ္ပါယ်ရပါတယ်။ လူ လတ်တန်းစားများအတွင်း ငွေကြေး-ပိုင်ဆိုင်မှုနဲ့ လူမှုရေးတည်ငြိမ်တဲ့ စီးပွားရေးစနစ်ဖြစ်ပေါ်စေခြင်း၊ ရိုးရာ ဓ လေ့နဲ့ လူမှုရေးစံနှုန်းများကို လိုက်နာခြင်း၊ မိသားစုမျိုးနွယ်အလိုက် လူမှုအသိုင်းအဝိုင်းအတွင်း အဆင့်အ တန်းကို ထိန်းသိမ်းခြင်း၊ သားစဉ်မြေးဆက် အနာဂတ်စီမံကိန်းချမှတ်တဲ့အနေနဲ့ ရင်းနှီးမြှုပ်နှံခြင်း၊ အိမ်ထောင် ရေး တည်ဆောက်ခြင်း၊ ရေရှည်ပညာရေးအတွက် စဉ်းစားခြင်းများ ပါဝင်ပါတယ်။
၁၈-၁၉ ရာစု စက်မှုတော်လှန်ရေးမှာ ဗဟိုချက်ဖြစ်တဲ့ ဗြိတိန်ရဲ့ လူလတ်တန်းစား စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ စက်ရုံပိုင်ရှင်များ ထွန်းပေါ်လာခြင်းဟာ ဒီစနစ်မွေးမြုရာမှာ အထောက်အကူဖြစ်ခဲ့ပါတယ်။ ခရစ် ယာန်ပရိုတက်စ်တင့်ဘာသာအရ အလုပ်ကို ဝတ္တရားအဖြစ် ရှု့မြင်ခြင်း၊ ရိုးရှင်းတဲ့ ဘဝနဲ့ စုဆောင်းခြင်းကို တန် ဖိုးထားလာခဲ့ကြတယ်။ ဗြိတိသျှတို့ရဲ့ ကမ္ဘာအရပ်ရပ် ကိုလိုနီပြုနိုင်ခြင်းဟာ စည်းမျဉ်းစည်းကမ်းနဲ့ အုပ်စိုးမှု စိတ်ဓါတ်များကို အထောက်အကူဖြစ်စေခဲ့ပါတယ်။ လူမှုအဆင့်အတန်းအလိုက် စာသင်ကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများအပြင် အောက်စ်ဖို့-ကင်းဗရစ်ချ်စတဲ့ တက္ကသိုလ်ကြီးများက အထက်တန်းလွှာ သားသမီးများကို လူမှုရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာပညာရပ်များ သင်ကြားပေးခဲ့ကြတယ်။
(ယူကေ) “ယူနိုက်တက် ကင်းဒမ်း” ဆိုတာ အင်္ဂလန်-စကော့တလန်-ဝေးလ်-အိုင်ယာလန်တို့ကို နိုင်ငံရေးအရ စုပေါင်းခေါ် ဆိုခြင်း ဖြစ်ပြီး “ဂရိတ်ဗြိတိန်” ဆိုတာက အင်္ဂလန်-ဝေးလ်-စကော့တလန်နဲ့ ဆက်စပ်ကျွန်းများကို စုပေါင်းပြီး ခေါ်ဆိုတဲ့ ပထဝီဝင်အသုံးအနှုန်းဖြစ်ပါတယ်။ လူမျိုးပေါင်းစုံပါဝင်နေတဲ့အတွက် မြို့ပြလူလတ်တန်း စား အမျိုးသားရေး အယူအဆဟာ ယူကေတစ်နိုင်ငံလုံး ပါဝင်တယ်လို့ မပြောနိုင်ပေမယ့် ရာနှုန်းအများစု ပါဝင် ခဲ့တာ အမှန်ပဲဖြစ်ပါတယ်။
အဲ့ဒီ အယူအဆတွေကို ခေတ်သစ် ကွန်ဆာဗေးတစ်ပါတီ(ယူကေ) မှာ အမွေအနှစ်အဖြစ် တွေ့နေရပါတယ်။ ဈေးကွက်လွတ်လပ်ခွင့်- ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်-ရိုးရာဓလေ့ထုံးတမ်းများကို အလေးပေးခဲ့ကြတယ်။ ဥရောပ သမဂ္ဂမှ ဗြိတိန် နှုတ်ထွက်ခြင်း Brexit “ဘရီဇစ်” လှုပ်ရှားမှုမှာ နေမဝင်အင်ပါယာခေတ် ကုန်သွယ်ရေး အချုပ် အချာပိုင်ခွင့် ရရှိရေး ပြန်လည် အသက်ဝင်လာခြင်းနဲ့ ဆင်တူပါတယ်။
ဗြိတိန်ရဲ့ အမျိုးသားရေးဝါဒဟာ (Ethno-nationalism) ဇာတိမျိုးနွယ်ကို အခြေခံခြင်း မရှိ၊ (Constructional -Nationalism) ဖွဲ့စည်းပုံအခြေခံဥပဒေပါ အမျိုးသားရေးနဲ့ Cultural National ယဉ်ကျေးမှုဆိုင်ရာ အမျိုးသား ရေးဖြစ်ပါတယ်။
ကျွန်တော် ယခုထိပြောနေသမျှမှာ နိုင်ငံရဲ့အမျိုးသားရေး စရိုက်လက္ခာကို သားစဉ်မြေးဆက် လိုအပ်သလို မွေး မြူယူနိုင်ကြောင်း ဖြစ်ပြီး ဗြိတိန်ရဲ့ ကွန်ဆာဗေးတစ် အယူအဆကို ပုံတူကူးရန် တိုက်တွန်းနေခြင်း မဟုတ်ပါ။ အာရှနိုင်ငံများဖြစ်တဲ့ ဂျပန်-ကိုရီးယား-တရုတ်တို့မှာ ၎င်းတို့ သဘာဝရာသီဥတု ရိုးရာဓလေ့စရိုက် လူနေမှုပုံစံ များမှ အပြုသဘောဆောင်သည်များကို အမျိုးသားရေး စရိုက်လက္ခဏာအဖြစ် သားစဉ်မြေးဆက် ပုံသွင်းယူခဲ့ ပုံသွင်း ယူနေဆဲ ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။
မြန်မာတွေဟာရိုးသား ကြိုးစားသူများဖြစ်ကြပြီး ပွဲလမ်းသဘင်ခုံမင်တယ်။ အဲ့ဒီ ပွဲလမ်းသဘင်တွေမှာ ရိုးရာယဉ် ကျေးမှု ပေါင်းစပ်ပြီး စိုးရိမ်-သောက အနည်းဆုံးနဲ့ အလုပ်လုပ်ရန် အသင့်ရှိနေတတ်တယ်။ သူတစ်ပါးကို ကူညီ ရန် တာဝန်ရှိတယ်လို့ အလိုလို မှတ်ယူသူများ ဖြစ်ကြပြီး ပေးကမ်းလှူဒါန်းရန် လက်မနှေးသူများဖြစ်တယ်။ အဲ့ဒီ လို ရေခံမြေခံကောင်း စိတ်နေသဘောထားကောင်းရှိသူတွေဟာ ကိုဗစ်ရောဂါ-ရေကြီးခြင်း-မြေငလျင်လှုပ်ခြင်း များ ကြောင့် လူ့အဖွဲ့အစည်းနေအချင်းချင်း အလိုလို ပူးကပ်နေကြဆဲဖြစ်တယ်။ စစ်ပွဲများကို စိတ်ပျက် စိတ်ကုန် နေပြီး ပြန်လည်ထူထောင်ရန် အားသန်နေတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးမှာ ဖက်ဒရယ်ဒီမိုကရေစနစ်ကို အ ထောက်အကူဖြစ်မယ့် အမျိုးသားရေး စရိုက်လက္ခဏာများကောင်းများကို မွေးမြူရန် မခဲယဉ်းဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။
.

Zawgyi Version:
(ႏိုဝင္ဘာ-၁၃၊ ၂၀၂၅) သိထားသင့္တဲ့ ၿဗိတိသွ်တို႔ရဲ႕ ၿမိဳ႕ျပလူတန္းစားဉာဥ္ အမ်ိဳးသားေရး
(အေတြးအျမင္ေဆာင္းပါး)
HtayOung ( NP News )-ႏိုဝင္ဘာ ၁၃
===
သမၼတ ထရမ့္နဲ႔ BBC တို႔အျငင္းပြားမွာ ကြၽန္ေတာ့္ရဲ႕ တစ္သီးပုဂၢလအျမင္ဟာ အဂၤလိပ္ေတြကို တစ္ဖက္သပ္ အထင္ႀကီးလြန္းရာ ေရာက္ေနၿပီလားလို႔ ထင္စရာ ရွိပါတယ္။ အေမရိကန္ဆိုတာ ၿဗိတိသွ် ကိုလိုနီျဖစ္ခဲ့ဖူးတဲ့ အဂၤလိပ္စကားေျပာႏိုင္ငံပါ။ အေမရိကန္နဲ႔ ယူေကဟာ ၿဗိဇုံ နဲ႔ ၿဗဳံဇိ ဆိုသလို စာလုံးေပါင္း သတ္ပုံနဲ႔ ဓေလ့ စ႐ိုက္အခ်ိဳ႕ကလြဲလို႔ ဘာမွ မကြာျခားဘူးလို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။
ကမာၻ႔လူမ်ိဳးတိုင္းမွာ လူသားပီသစြာ ေကာင္းတဲ့အခ်က္ ရွိသလို မေကာင္းတဲ့အခ်က္ေတြလဲ ရွိပါတယ္။ ေကာင္း တဲ့အခ်က္ကို ကြၽန္ေတာ္တို႔ အတုယူႏိုင္ရင္ အက်ိဳးရွိႏိုင္တယ္၊ ကြၽန္ေတာ္တို႔လူ႔အဖြဲ႕အစည္းမွာ အသုံးခ်ႏိုင္ တယ္လို႔ ယူဆပါတယ္။
ၿဗိတိသွ်လူမ်ိဳးေတြဟာ Bourgeois Mentality “ၿမိဳ႕ျပလူလတ္တန္းစား ဉာဥ္” ပိုင္ရွင္မ်ားျဖစ္ေအာင္ မ်ိဳးဆက္ လိုက္ တမင္ေမြးျမဴယူခဲ့ၾကသူမ်ားျဖစ္ပါတယ္။ ၿဗိတိသွ်တို႔ရဲ႕ ဟိတ္ႀကီး ဟန္ႀကီး စ႐ိုက္လို႔ အၾကမ္းဖ်င္း ေျပာ ႏိုင္ၿပီး ဒုတိယကမာၻစစ္အၿပီး ကြန္ျမဴနစ္ဝါဒ ေခတ္စားခ်ိန္ ကြၽန္ေတာ္တို႔ အေဖအ႐ြယ္ မ်ိဳးဆက္မ်ားနဲ႔ ဆိုရွယ္ လစ္စနစ္တည္ေဆာက္ခ်ိန္ ျမန္မာျပည္မွာ လူျဖစ္လာတဲ့ ကြၽန္ေတာ္တို႔က “ဘူဇြာဉာဥ္” “အရင္းရွင္စ႐ိုက္” အျဖစ္ ကေလာ္ဆဲခဲ့ဖူးတယ္။
အံ့ၾသစရာေကာင္းတာက ၿဗိတိသွ်တို႔မွာ အဲ့ဒီစိတ္ေနသေဘာထားမ်ိဳးျဖစ္ေအာင္ ဘယ္ရွင္ဘုရင္- အာဏာ ရွင္ကမွ ပုံသြင္းသြားျခင္း မရွိပဲ၊ ၿမိဳ႕ျပေန အရပ္သားမ်ားက အခ်င္းခ်င္း တိုင္ပင္ၿပီး မ်ိဳးဆက္တစ္ခုၿပီး တစ္ခု တျဖည္းျဖည္း ေလ့က်င့္ယူ ပုံသြင္းယူခဲ့ၾကျခင္း ျဖစ္ပါတယ္။
“အလကားပါကြာ ပဲေစ့ေလးတစ္ေစ့ ပန္းကန္ထဲထည့္၊ ဝတ္ေကာင္း စားလွဝတ္ၿပီး ဒါးေတြ-ခက္ရင္းေတြ ဇြန္း ေတြနဲ႔ စားရင္း တစ္ေနကုန္ၾကတာပါ” လို႔ ငယ္ငယ္က ဦးေလးတစ္ေယာက္ ေျပာဖူးတယ္။ အဲ့ဒီေလာက္လည္း မဟုတ္ ပါ။ ၁၅၅၈-၁၆၀၃ ခုႏွစ္ ပထမေျမာက္ အဲလစ္ဇ္ဘက္ ဘုရင္မေနာက္ပိုင္းႏွစ္ အဂၤလန္ဟာ တည္ၿငိမ္ ေအးခ်မ္းတယ္၊ ဘာသာေရး အေျခတက်ျဖစ္လာၿပီး ျပဇာတ္-စာေပနဲ႔ ယဥ္ေက်းမႈ ထြန္းကားတယ္။ အေရာင္း အဝယ္ ေကာင္းမြန္တဲ့အတြက္ “ေ႐ႊေခတ္” လို႔ သတ္မွတ္ၾကပါတယ္။ အဲလစ္ဇ္ဘက္ ကြယ္လြန္ၿပီးေနာက္ ဆက္ခံတဲ့ ပထမေျမာက္ ခ်ားလ္ဘုရင္ကို “အိုလီဗာ ခ႐ြမ္းဝဲလ္” က ကြပ္မ်က္ၿပီးေနာက္ အဂၤလန္-စေကာ့တ လန္-အိုင္ယာလန္တို႔ပါ ယာယီသမၼတႏိုင္ငံရဲ႕ အရွင္သခင္အျဖစ္ ခံယူတယ္။ ခ႐ြမ္းဝဲလ္အစိုးရ ၿပိဳလဲသြား ၿပီးေနာက္ ဒုတိယေျမာက္ ခ်ားလ္ဘုရင္ တက္လာၿပီး “စတူးရပ္ (စတူးဝပ္) မင္းဆက္” စတင္ခဲ့ပါတယ္။
Bourgeois ဘူဂ်ိဳဝါဆိုတာ ျပင္သစ္ဘာသာစကားျဖစ္ၿပီး ၿမိဳ႕ျပေန လူလတ္တန္းစားလို႔ အဓိပၸါယ္ရပါတယ္။ လူ လတ္တန္းစားမ်ားအတြင္း ေငြေၾကး-ပိုင္ဆိုင္မႈနဲ႔ လူမႈေရးတည္ၿငိမ္တဲ့ စီးပြားေရးစနစ္ျဖစ္ေပၚေစျခင္း၊ ႐ိုးရာ ဓ ေလ့နဲ႔ လူမႈေရးစံႏႈန္းမ်ားကို လိုက္နာျခင္း၊ မိသားစုမ်ိဳးႏြယ္အလိုက္ လူမႈအသိုင္းအဝိုင္းအတြင္း အဆင့္အ တန္းကို ထိန္းသိမ္းျခင္း၊ သားစဥ္ေျမးဆက္ အနာဂတ္စီမံကိန္းခ်မွတ္တဲ့အေနနဲ႔ ရင္းႏွီးျမႇဳပ္ႏွံျခင္း၊ အိမ္ေထာင္ ေရး တည္ေဆာက္ျခင္း၊ ေရရွည္ပညာေရးအတြက္ စဥ္းစားျခင္းမ်ား ပါဝင္ပါတယ္။
၁၈-၁၉ ရာစု စက္မႈေတာ္လွန္ေရးမွာ ဗဟိုခ်က္ျဖစ္တဲ့ ၿဗိတိန္ရဲ႕ လူလတ္တန္းစား စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ကုန္သည္မ်ား၊ စက္႐ုံပိုင္ရွင္မ်ား ထြန္းေပၚလာျခင္းဟာ ဒီစနစ္ေမြးျမဳရာမွာ အေထာက္အကူျဖစ္ခဲ့ပါတယ္။ ခရစ္ ယာန္ပ႐ိုတက္စ္တင့္ဘာသာအရ အလုပ္ကို ဝတၱရားအျဖစ္ ရႈ႕ျမင္ျခင္း၊ ႐ိုးရွင္းတဲ့ ဘဝနဲ႔ စုေဆာင္းျခင္းကို တန္ ဖိုးထားလာခဲ့ၾကတယ္။ ၿဗိတိသွ်တို႔ရဲ႕ ကမာၻအရပ္ရပ္ ကိုလိုနီျပဳႏိုင္ျခင္းဟာ စည္းမ်ဥ္းစည္းကမ္းနဲ႔ အုပ္စိုးမႈ စိတ္ဓါတ္မ်ားကို အေထာက္အကူျဖစ္ေစခဲ့ပါတယ္။ လူမႈအဆင့္အတန္းအလိုက္ စာသင္ေက်ာင္းမ်ား၊ ပုဂၢလိက ေက်ာင္းမ်ားအျပင္ ေအာက္စ္ဖို႔-ကင္းဗရစ္ခ်္စတဲ့ တကၠသိုလ္ႀကီးမ်ားက အထက္တန္းလႊာ သားသမီးမ်ားကို လူမႈေရးနဲ႔ အုပ္ခ်ဳပ္ေရးဆိုင္ရာပညာရပ္မ်ား သင္ၾကားေပးခဲ့ၾကတယ္။
(ယူေက) “ယူႏိုက္တက္ ကင္းဒမ္း” ဆိုတာ အဂၤလန္-စေကာ့တလန္-ေဝးလ္-အိုင္ယာလန္တို႔ကို ႏိုင္ငံေရးအရ စုေပါင္းေခၚ ဆိုျခင္း ျဖစ္ၿပီး “ဂရိတ္ၿဗိတိန္” ဆိုတာက အဂၤလန္-ေဝးလ္-စေကာ့တလန္နဲ႔ ဆက္စပ္ကြၽန္းမ်ားကို စုေပါင္းၿပီး ေခၚဆိုတဲ့ ပထဝီဝင္အသုံးအႏႈန္းျဖစ္ပါတယ္။ လူမ်ိဳးေပါင္းစုံပါဝင္ေနတဲ့အတြက္ ၿမိဳ႕ျပလူလတ္တန္း စား အမ်ိဳးသားေရး အယူအဆဟာ ယူေကတစ္ႏိုင္ငံလုံး ပါဝင္တယ္လို႔ မေျပာႏိုင္ေပမယ့္ ရာႏႈန္းအမ်ားစု ပါဝင္ ခဲ့တာ အမွန္ပဲျဖစ္ပါတယ္။
အဲ့ဒီ အယူအဆေတြကို ေခတ္သစ္ ကြန္ဆာေဗးတစ္ပါတီ(ယူေက) မွာ အေမြအႏွစ္အျဖစ္ ေတြ႕ေနရပါတယ္။ ေဈးကြက္လြတ္လပ္ခြင့္- ပုဂၢလိက ပိုင္ဆိုင္ခြင့္-႐ိုးရာဓေလ့ထုံးတမ္းမ်ားကို အေလးေပးခဲ့ၾကတယ္။ ဥေရာပ သမဂၢမွ ၿဗိတိန္ ႏႈတ္ထြက္ျခင္း Brexit “ဘရီဇစ္” လႈပ္ရွားမႈမွာ ေနမဝင္အင္ပါယာေခတ္ ကုန္သြယ္ေရး အခ်ဳပ္ အခ်ာပိုင္ခြင့္ ရရွိေရး ျပန္လည္ အသက္ဝင္လာျခင္းနဲ႔ ဆင္တူပါတယ္။
ၿဗိတိန္ရဲ႕ အမ်ိဳးသားေရးဝါဒဟာ (Ethno-nationalism) ဇာတိမ်ိဳးႏြယ္ကို အေျခခံျခင္း မရွိ၊ (Constructional -Nationalism) ဖြဲ႕စည္းပုံအေျခခံဥပေဒပါ အမ်ိဳးသားေရးနဲ႔ Cultural National ယဥ္ေက်းမႈဆိုင္ရာ အမ်ိဳးသား ေရးျဖစ္ပါတယ္။
ကြၽန္ေတာ္ ယခုထိေျပာေနသမွ်မွာ ႏိုင္ငံရဲ႕အမ်ိဳးသားေရး စ႐ိုက္လကၡာကို သားစဥ္ေျမးဆက္ လိုအပ္သလို ေမြး ျမဴယူႏိုင္ေၾကာင္း ျဖစ္ၿပီး ၿဗိတိန္ရဲ႕ ကြန္ဆာေဗးတစ္ အယူအဆကို ပုံတူကူးရန္ တိုက္တြန္းေနျခင္း မဟုတ္ပါ။ အာရွႏိုင္ငံမ်ားျဖစ္တဲ့ ဂ်ပန္-ကိုရီးယား-တ႐ုတ္တို႔မွာ ၎တို႔ သဘာဝရာသီဥတု ႐ိုးရာဓေလ့စ႐ိုက္ လူေနမႈပုံစံ မ်ားမွ အျပဳသေဘာေဆာင္သည္မ်ားကို အမ်ိဳးသားေရး စ႐ိုက္လကၡဏာအျဖစ္ သားစဥ္ေျမးဆက္ ပုံသြင္းယူခဲ့ ပုံသြင္း ယူေနဆဲ ျဖစ္ေၾကာင္း ေတြ႕ႏိုင္ပါတယ္။
ျမန္မာေတြဟာ႐ိုးသား ႀကိဳးစားသူမ်ားျဖစ္ၾကၿပီး ပြဲလမ္းသဘင္ခုံမင္တယ္။ အဲ့ဒီ ပြဲလမ္းသဘင္ေတြမွာ ႐ိုးရာယဥ္ ေက်းမႈ ေပါင္းစပ္ၿပီး စိုးရိမ္-ေသာက အနည္းဆုံးနဲ႔ အလုပ္လုပ္ရန္ အသင့္ရွိေနတတ္တယ္။ သူတစ္ပါးကို ကူညီ ရန္ တာဝန္ရွိတယ္လို႔ အလိုလို မွတ္ယူသူမ်ား ျဖစ္ၾကၿပီး ေပးကမ္းလႉဒါန္းရန္ လက္မေႏွးသူမ်ားျဖစ္တယ္။ အဲ့ဒီ လို ေရခံေျမခံေကာင္း စိတ္ေနသေဘာထားေကာင္းရွိသူေတြဟာ ကိုဗစ္ေရာဂါ-ေရႀကီးျခင္း-ေျမငလ်င္လႈပ္ျခင္း မ်ား ေၾကာင့္ လူ႔အဖြဲ႕အစည္းေနအခ်င္းခ်င္း အလိုလို ပူးကပ္ေနၾကဆဲျဖစ္တယ္။ စစ္ပြဲမ်ားကို စိတ္ပ်က္ စိတ္ကုန္ ေနၿပီး ျပန္လည္ထူေထာင္ရန္ အားသန္ေနတဲ့ ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕အစည္းႀကီးမွာ ဖက္ဒရယ္ဒီမိုကေရစနစ္ကို အ ေထာက္အကူျဖစ္မယ့္ အမ်ိဳးသားေရး စ႐ိုက္လကၡဏာမ်ားေကာင္းမ်ားကို ေမြးျမဴရန္ မခဲယဥ္းဘူးလို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။
.