ပါကစ္စတန်က မီးရှုးမီးပန်းစက်ရုံတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၄)ဦးသေဆုံး

 79

Pika (NP News) - နိုဝင်ဘာ ၁၇

ပါကစ္စတန်နိုင်ငံတောင်ပိုင်းက မီးရှုးမီးပန်းစက်ရုံတစ်ခုမှာ ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၄)ဦးသေဆုံးပြီး အခြားလူ(၁၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ဗီဒီယိုဖိုင်တွေမှာ Sindh ပြည်နယ် ဟိုက်ဒရာဘတ်မြို့မှာရှိတဲ့ မီးရှုးမီးပန်းစက်ရုံ ကနေ မီးခိုးတွေထွက်လာတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ချက်ချင်းလုပ်ဆောင်ခဲ့ပြီး သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေအားလုံးကို ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ရဲမှူးချုပ် Adeel Chandio က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ပေါက်ကွဲမှု ဘာကြောင့်ဖြစ်ပွားရသလဲဆိုတဲ့အကြောင်းအရင်းတွေကို လက်ရှိအချိန်အထိ ရှင်းရှင်း လင်းလင်း မသိရှိရသေးဘူးလို့ Adeel Chandio က ပြောကြားခဲ့ပါတယ်။ အဲဒီစက်ရုံက မီးရှုးမီးပန်းတွေ ထုတ်လုပ်ခွင့် ရှိ/မရှိ နဲ့ ဘေးကင်းရေးလုပ်ထုံးလုပ်နည်းတွေကို လိုက်နာတာမျိုး ရှိ/မရှိ စုံစမ်းစစ်ဆေးမှုတွေကနေ ဆုံးဖြတ်မှုတွေလုပ်ဆောင်သွားမယ်လို့လည်း ပြည်နယ်တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံက မီးရှုးမီးပန်းစက်ရုံတွေမှာ နှစ်စဉ် လူအသေအပျောက်များတဲ့ ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ပါကစၥတန္က မီးရႈးမီးပန္းစက္႐ုံတစ္ခုမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၄)ဦးေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၁၇

ပါကစၥတန္ႏိုင္ငံေတာင္ပိုင္းက မီးရႈးမီးပန္းစက္႐ုံတစ္ခုမွာ ျပင္းထန္တဲ့ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံး လူ(၄)ဦးေသဆုံးၿပီး အျခားလူ(၁၁)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဆိုရွယ္မီဒီယာေပၚမွာတင္ထားတဲ့ဗီဒီယိုဖိုင္ေတြမွာ Sindh ျပည္နယ္ ဟိုက္ဒရာဘတ္ၿမိဳ႕မွာရွိတဲ့ မီးရႈးမီးပန္းစက္႐ုံ ကေန မီးခိုးေတြထြက္လာတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးေနာက္ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းေတြကို ခ်က္ခ်င္းလုပ္ေဆာင္ခဲ့ၿပီး ေသဆုံးသူေတြနဲ႔ ထိခိုက္ဒဏ္ရာရရွိသူေတြအားလုံးကို ေဆး႐ုံကို ပို႔ေဆာင္ခဲ့တယ္လို႔ ရဲမႉးခ်ဳပ္ Adeel Chandio က ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း ေပါက္ကြဲမႈ ဘာေၾကာင့္ျဖစ္ပြားရသလဲဆိုတဲ့အေၾကာင္းအရင္းေတြကို လက္ရွိအခ်ိန္အထိ ရွင္းရွင္း လင္းလင္း မသိရွိရေသးဘူးလို႔ Adeel Chandio က ေျပာၾကားခဲ့ပါတယ္။ အဲဒီစက္႐ုံက မီးရႈးမီးပန္းေတြ ထုတ္လုပ္ခြင့္ ရွိ/မရွိ နဲ႔ ေဘးကင္းေရးလုပ္ထုံးလုပ္နည္းေတြကို လိုက္နာတာမ်ိဳး ရွိ/မရွိ စုံစမ္းစစ္ေဆးမႈေတြကေန ဆုံးျဖတ္မႈေတြလုပ္ေဆာင္သြားမယ္လို႔လည္း ျပည္နယ္တာဝန္ရွိသူတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ပါကစၥတန္ႏိုင္ငံက မီးရႈးမီးပန္းစက္႐ုံေတြမွာ ႏွစ္စဥ္ လူအေသအေပ်ာက္မ်ားတဲ့ ေပါက္ကြဲမႈေတြ မၾကာခဏ ျဖစ္ပြားေလ့ရွိတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.