Wicked: For Good ရုပ်ရှင်ပွဲဦးထွက် အခမ်းအနားပွဲမှာ ပေါ့စ်အဆိုတော်၊ သရုပ်ဆောင် အာရီနာဂရန်ဒီ ကို ဆွဲလားရမ်းလား လုပ်ခဲ့သူ အမျိုးသား ထောင်ဒဏ် ၉ ရက် ချမှတ်ခံရ

 85

ရောင်နီ (NP News) - နိုဝင်ဘာ ၁၈
စင်ကာပူမှာ ပြုလုပ်တဲ့ Wicked: For Good ပွဲဦးထွက်ပြသမှု ဖွင့်ပွဲမှာ ပရိသတ်တွေနဲ့နှုတ်ဆက်နေတဲ့ အဆိုတော်၊ သရုပ်ဆောင် အာရီနာဂရန်ဒီ ကို လူအုပ်ကြားထဲ ကြမ်းကြမ်းရမ်းရမ်း အတင်းဆွဲလားရမ်းလားလုပ်ခဲ့တဲ့ ဝမ် အမည်ရှိ အသက် ၂၆ နှစ်အရွယ် သြစတြေးလျအမျိုးသားတစ်ဦးကို အများပြည်သူအနှောင့်အယှက်ဖြစ်စေမှုနဲ့ တနင်္လာနေ့ (နိုဝင်ဘာ ၁၇ ရက်) က ထောင်ဒဏ် ၉ ရက် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကတော့ နိုဝင်ဘာ ၁၃ ရက်နေ့က Resorts World Sentosa မှာ ဖြစ်ပွားသွားခဲ့တာဖြစ်ပြီး ဆိုရှယ် မီဒီယာမှာ ပြန့်နှံ့နေတဲ့ဗီဒီယိုတွေအရ ဝမ် ဟာ အတားအဆီးတစ်ခုကို ခုန်ကျော်ကာ အာရီနာဂရန်ရဲ့ပုခုံးကို ပွေ့ဖက်ပြီး ခုန်ပေါက်နေတာ တွေ့ရပါတယ်။ ရုပ်ရှင်ထဲမှာ အစိမ်းရောင်အသားအရေနဲ့ Elphaba အဖြစ် သရုပ်ဆောင်တဲ့ တွဲဖက်သရုပ်ဆောင် ဆိုင်သီယာအာရီဗို က ၎င်းကို တားဆီးခဲ့တာတွေ့ရပါတယ်။ ဝမ် ဟာ ဒီဖြစ်ရပ် ကြောင့် နိုဝင်ဘာ ၁၄ ရက်က စ ချုပ်နှောင်ခံခဲ့ရတာဖြစ်ပြီး Wicked: For Good ရုပ်ရှင်ရဲ့စင်ကာပူ ပွဲဦးထွက်ပြသမှု မှာ ရုန်းရင်းဆန်ခတ်ဖြစ်မှုနဲ့ အများပြည်သူကို စိတ်အနှောင့်အယှက်ဖြစ်စေမှုစွဲချက်အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
ဝမ် ကတော့ ပြစ်ဒဏ်အတွက် စောဒဂတက်ခြင်းမရှိပဲ အမိန့်ချမှတ်ရာမှာလည်း အပြုံးမပျက် ရှိနေခဲ့ပါ တယ်။ ဝမ်ဟာ နိုဝင်ဘာ ၁၁ ရက်က Wicked ရုပ်ရှင်ဖွင့်ပွဲအခမ်းအနားတက်ရောက်ဖို့နဲ့ အားလပ်ရက်ခရီးထွက်ဖို့ အတွက် စင်ကာပူသို့ရောက်ရှိနေခဲ့တာဖြစ်ပြီး အာရီနာဂရန်ဒီနဲ့တွေ့ရဖို့ဟာ သူ့ရဲ့အိမ်မက်ဖြစ်တယ်လို့ သိရပါတယ်။ စင်ကာပူမှာ လူထုအနှောင့်အယှက်ဖြစ်စေမှုအတွက် ထောင်ဒဏ် သုံးလအထိ (သို့မဟုတ်) ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂၀၀၀ အထိ (သို့မဟုတ်) နှစ်မျိုးလုံး ချမှတ်ခံရနိုင်ပါတယ်။

Zawgyi Version:
Wicked: For Good ႐ုပ္ရွင္ပြဲဦးထြက္ အခမ္းအနားပြဲမွာ ေပါ့စ္အဆိုေတာ္၊ သ႐ုပ္ေဆာင္ အာရီနာဂရန္ဒီ ကို ဆြဲလား ရမ္းလား လုပ္ခဲ့သူ အမ်ိဳးသား ေထာင္ဒဏ္ ၉ ရက္ ခ်မွတ္ခံရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၈
စင္ကာပူမွာ ျပဳလုပ္တဲ့ Wicked: For Good ပြဲဦးထြက္ျပသမႈ ဖြင့္ပြဲမွာ ပရိသတ္ေတြနဲ႔ႏႈတ္ဆက္ေနတဲ့ အဆိုေတာ္၊ သ႐ုပ္ေဆာင္ အာရီနာဂရန္ဒီ ကို လူအုပ္ၾကားထဲ ၾကမ္းၾကမ္းရမ္းရမ္း အတင္းဆြဲလားရမ္းလားလုပ္ခဲ့တဲ့ ဝမ္ အမည္ရွိ အသက္ ၂၆ ႏွစ္အ႐ြယ္ ၾသစေၾတးလ်အမ်ိဳးသားတစ္ဦးကို အမ်ားျပည္သူအေႏွာင့္အယွက္ျဖစ္ေစမႈနဲ႔ တနလၤာေန႔ (ႏိုဝင္ဘာ ၁၇ ရက္) က ေထာင္ဒဏ္ ၉ ရက္ ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။
ျဖစ္စဥ္ကေတာ့ ႏိုဝင္ဘာ ၁၃ ရက္ေန႔က Resorts World Sentosa မွာ ျဖစ္ပြားသြားခဲ့တာျဖစ္ၿပီး ဆိုရွယ္ မီဒီယာမွာ ျပန႔္ႏွံ႔ေနတဲ့ဗီဒီယိုေတြအရ ဝမ္ ဟာ အတားအဆီးတစ္ခုကို ခုန္ေက်ာ္ကာ အာရီနာဂရန္ရဲ႕ပုခုံးကို ေပြ႕ဖက္ၿပီး ခုန္ေပါက္ေနတာ ေတြ႕ရပါတယ္။ ႐ုပ္ရွင္ထဲမွာ အစိမ္းေရာင္အသားအေရနဲ႔ Elphaba အျဖစ္ သ႐ုပ္ေဆာင္တဲ့ တြဲဖက္သ႐ုပ္ေဆာင္ ဆိုင္သီယာအာရီဗို က ၎ကို တားဆီးခဲ့တာေတြ႕ရပါတယ္။ ဝမ္ ဟာ ဒီျဖစ္ရပ္ ေၾကာင့္ ႏိုဝင္ဘာ ၁၄ ရက္က စ ခ်ဳပ္ေႏွာင္ခံခဲ့ရတာျဖစ္ၿပီး Wicked: For Good ႐ုပ္ရွင္ရဲ႕စင္ကာပူ ပြဲဦးထြက္ျပသမႈ မွာ ႐ုန္းရင္းဆန္ခတ္ျဖစ္မႈနဲ႔ အမ်ားျပည္သူကို စိတ္အေႏွာင့္အယွက္ျဖစ္ေစမႈစြဲခ်က္အတြက္ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ပါတယ္။
ဝမ္ ကေတာ့ ျပစ္ဒဏ္အတြက္ ေစာဒဂတက္ျခင္းမရွိပဲ အမိန႔္ခ်မွတ္ရာမွာလည္း အၿပဳံးမပ်က္ ရွိေနခဲ့ပါ တယ္။ ဝမ္ဟာ ႏိုဝင္ဘာ ၁၁ ရက္က Wicked ႐ုပ္ရွင္ဖြင့္ပြဲအခမ္းအနားတက္ေရာက္ဖို႔နဲ႔ အားလပ္ရက္ခရီးထြက္ဖို႔ အတြက္ စင္ကာပူသို႔ေရာက္ရွိေနခဲ့တာျဖစ္ၿပီး အာရီနာဂရန္ဒီနဲ႔ေတြ႕ရဖို႔ဟာ သူ႔ရဲ႕အိမ္မက္ျဖစ္တယ္လို႔ သိရပါတယ္။ စင္ကာပူမွာ လူထုအေႏွာင့္အယွက္ျဖစ္ေစမႈအတြက္ ေထာင္ဒဏ္ သုံးလအထိ (သို႔မဟုတ္) ဒဏ္ေငြ စင္ကာပူေဒၚလာ ၂၀၀၀ အထိ (သို႔မဟုတ္) ႏွစ္မ်ိဳးလုံး ခ်မွတ္ခံရႏိုင္ပါတယ္။

Related news

© 2021. All rights reserved.