ကာရေဘီယံပင်လယ်ပြင်ကို အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ရောက်ရှိလာ

426

Pika (NP News) - နိုဝင်ဘာ ၁၈
အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ဟာ ကာရေဘီယံပင်လယ်ကို ရောက်ရှိလာပြီဖြစ် တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ကြေညာခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံအနီးမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ တည်ရှိမှုကို သိသိသာသာ တိုးချဲ့ခဲ့တယ်လို့လည်း သိရပါတယ်။ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုတိုက်ဖျက်ရေး အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ကာရေဘီယံပင်လယ်ပြင်မှာ စစ်ရေးတည်ဆောက်မှုတွေကို တိုးချဲ့ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
အမေရိကန်က စစ်ရေးတည်ဆောက်မှုတွေကို အရှိန်မြှင့်တင်လာတာဟာ ဗင်နီဇွဲလားအာဏာရှင် နီကိုလက်စ် မာဒူရိုကို ဆန့်ကျင်တဲ့စစ်ရေးအရဝင်ရောက်စွက်ဖက်မှုတွေ လုပ်ဆောင်ဖို့ စဉ်းစားနေတာဖြစ်နိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း အများအပြားထွက်ပေါ်လာခဲ့ပါတယ်။ ကာရေဘီယံပင်လယ်ပြင်ကို လေယာဉ်တင် သင်္ဘောတိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ ဝင်ရောက်ခဲ့မှုနဲ့အတူ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းတွေနဲ့ မူးယစ်ဆေးဝါးအကြမ်းဖက်မှုတွေကိုတန်ပြန်မယ့် ညွှန်ကြားချက်ကို လိုက်နာနေ တယ်လို့ အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်ရေးအဖွဲ့မှာ အဆင့်အမြင့်ဆုံး အမေရိကန်လေယာဉ်တင်သင်္ဘော၊ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောနှစ်စီး၊ ထောက်ပံ့ရေးသင်္ဘော တွေ နဲ့ လေယာဉ်တွေပါဝင်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ကာေရဘီယံပင္လယ္ျပင္ကို အေမရိကန္ေလယာဥ္တင္သေဘၤာ တိုက္ခိုက္ေရးအဖြဲ႕တစ္ဖြဲ႕ေရာက္ရွိလာ
Pika (NP News) - ႏိုဝင္ဘာ ၁၈
အေမရိကန္ရဲ႕ ေလယာဥ္တင္သေဘၤာတိုက္ခိုက္ေရးအဖြဲ႕တစ္ဖြဲ႕ဟာ ကာေရဘီယံပင္လယ္ကို ေရာက္ရွိလာၿပီျဖစ္ တယ္လို႔ အေမရိကန္စစ္တပ္က ထုတ္ျပန္ေၾကညာခဲ့ၿပီး ဗင္နီဇြဲလားႏိုင္ငံအနီးမွာရွိတဲ့ အေမရိကန္တပ္ဖြဲ႕ေတြရဲ႕ တည္ရွိမႈကို သိသိသာသာ တိုးခ်ဲ႕ခဲ့တယ္လို႔လည္း သိရပါတယ္။ မူးယစ္ေဆးဝါး ေမွာင္ခိုေရာင္းဝယ္မႈတိုက္ဖ်က္ေရး အစီအစဥ္ရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ ကာေရဘီယံပင္လယ္ျပင္မွာ စစ္ေရးတည္ေဆာက္မႈေတြကို တိုးခ်ဲ႕ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။
အေမရိကန္က စစ္ေရးတည္ေဆာက္မႈေတြကို အရွိန္ျမႇင့္တင္လာတာဟာ ဗင္နီဇြဲလားအာဏာရွင္ နီကိုလက္စ္ မာဒူ႐ိုကို ဆန႔္က်င္တဲ့စစ္ေရးအရဝင္ေရာက္စြက္ဖက္မႈေတြ လုပ္ေဆာင္ဖို႔ စဥ္းစားေနတာျဖစ္ႏိုင္တယ္ဆိုတဲ့ ထင္ေၾကးေပးမႈေတြလည္း အမ်ားအျပားထြက္ေပၚလာခဲ့ပါတယ္။ ကာေရဘီယံပင္လယ္ျပင္ကို ေလယာဥ္တင္ သေဘၤာတိုက္ခိုက္ေရးအဖြဲ႕တစ္ဖြဲ႕ ဝင္ေရာက္ခဲ့မႈနဲ႔အတူ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ႏိုင္ငံျဖတ္ေက်ာ္ ရာဇဝတ္အဖြဲ႕အစည္းေတြနဲ႔ မူးယစ္ေဆးဝါးအၾကမ္းဖက္မႈေတြကိုတန္ျပန္မယ့္ ၫႊန္ၾကားခ်က္ကို လိုက္နာေန တယ္လို႔ အေမရိကန္ေတာင္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီတိုက္ခိုက္ေရးအဖြဲ႕မွာ အဆင့္အျမင့္ဆုံး အေမရိကန္ေလယာဥ္တင္သေဘၤာ၊ ပဲ့ထိန္းဒုံးက်ည္ဖ်က္သေဘၤာႏွစ္စီး၊ ေထာက္ပံ့ေရးသေဘၤာ ေတြ နဲ႔ ေလယာဥ္ေတြပါဝင္တယ္လို႔လည္း သိရပါတယ္။