E-Government ဖော်ဆောင်ရန် နိုင်ငံရေးဆုံးဖြတ်ချက်သာ အရေးကြီးဟု ဦးကိုကိုကြီးဆို

146

Pearl (NP News) - နိုဝင်ဘာ ၁၈
E-Government ဖော်ဆောင်ရန် နိုင်ငံရေးဆုံးဖြတ်ချက်သာအရေးကြီးကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက NP News သို့ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၂) ရက်က ပြောသည်။
လာဘ်ပေးလာဘ်ယူကိစ္စများဖြေရှင်းနိုင်ရန်၊ စည်းမျဉ်းစည်းကမ်းတင်းကြပ်မှုများဆောင်ရွက် နိုင်ရန်နှင့် အချို့လုပ်ငန်းစဉ်များအတွက် E-Government မဖြစ်မနေအကောင်အထည်ဖော်ဆောင်ရန် လိုအပ်နေပြီး ထိုသို့ဖော်ဆောင်ရန် နိုင်ငံရေးဆုံးဖြတ်ချက်သာအရေးကြီးကြောင်း ဦးကိုကိုကြီးကပြော သည်။
“E-Government ကိုစခဲ့တာဟာ ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက်ကတည်းကစခဲ့တာ။ တကယ် သာ နိုင်ငံရေးဆန္ဒပြင်းပြင်းပြပြရှိရင် အဲဒီလောက်ကြာစရာ အကြောင်းမရှိဘူး။ ဒီပြဿနာတွေအားလုံး မှာ နည်းပညာအခက်အခဲထက်ကို နိုင်ငံရေးဆုံးဖြတ်ချက် (Political Decision) ပေါ့နော်။ ဒါကို တကယ် ကို ပြင်းပြတဲ့ဆန္ဒနဲ့ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ နိုင်ငံရေးပိုင်းဖြတ်မှုက အရေးကြီးတယ်လို့မြင်ပါ တယ်။ ဒါကြောင့်မို့ အုပ်ချုပ်ရေးမှာ ကြိုးနီစနစ်တွေလျှော့ချဖို့ စည်းမျဉ်းစည်းကမ်း တင်းကြပ်တာတွေ နောက်တခါ လာဘ်ပေးလာဘ်ယူကိစ္စတွေဖြေရှင်းနိုင်ဖို့ E-Government မဖြစ်မနေ အမြန်ဆုံး အကောင် အထည်ဖော်အောင်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ ရွေးကောက်ပွဲကြေငြာစာတမ်းမှာ ဖော်ပြထားတာဖြစ် ပါတယ်”ဟု ဦးကိုကိုကြီးက NP News သို့ပြောသည်။
လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနှင့် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် ဌာနဆိုင်ရာ အချို့တွင် E -Government ၏အစိတ်အပိုင်းများဖြစ်သည့် အွန်လိုင်းစနစ်ဖြင့်အသုံးပြုခြင်း၊ ဆော့ဖ်ဝဲ များအသုံးပြု၍စိစစ်ခြင်းများကို ဆောင်ရွက်နေပြီဖြစ်ပြီး E -Government အမြန်ဆုံးဖော်ဆောင်နိုင်ရေး အတွက် နိုင်ငံရေးအရ ဦးဆောင်ဦးရွက်ပြုမည့်လူများ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင်လည်း မူတည် ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“အားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုပေါ် မှာမူတည်တယ်။ ကျွန်တော်တို့ကတော့ အမြန်ဆုံး E-Government ပေါ်ပေါက်လာဖို့အတွက် Digital Economy ပေါ်ပေါက်လာဖို့အတွက် လူနေမှုပုံစံတွေပါ အများကြီးပြောင်းသွားမယ်။ နောက်ဆုံးပြောရရင် စမတ်ကတ်တစ်ခုတည်းနဲ့ ဘက်စုံသုံးနိုင်တဲ့အခြေ အနေမျိုးရောက်လာဖို့ဆိုတာက ဌာနဆိုင်ရာအကြီးအကဲတွေ နိုင်ငံရေးအရ ဦးဆောင် ဦးရွက်ပြုတဲ့ လူ တွေအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ မူတည်တယ်လို့မြင်ပါတယ်။ အဓိကက ရွေးကောက်ပွဲ ကြော်ငြာစာတမ်းမှာလည်း ဖော်ပြထားတာတွေရှိတယ်။
E -Government ဖော်ဆောင်ဖို့ ကိန်းဂဏန်းစာရင်းဇယားတွေမှန်ကန်ဖို့ကလည်း အရေးကြီး တယ်။ ဘာကြောင့်လဲဆိုတော့ နာဂစ်ကာလ အလွန်ဆန္ဒခံယူပွဲလုပ်တုန်းကဆိုရင် လူဦးရေစာရင်းက သန်း (၆၀)ကျော်နေတယ်။ အဲဒီလိုမျိုးက ဌာနဆိုင်ရာအသီးသီးမှာ တိတိကျကျနဲ့ စီမံကိန်းတွေ ရေးဆွဲ မယ်လုပ်မယ်ဆိုရင် အချက်အလက်အခြေခံတဲ့စီမံခန့်ခွဲမှုဖြစ်ဖို့ဆိုရင် ကိန်းဂဏန်း စာရင်းဇယားတွေ မှန် ကန်ဖို့ကလည်းအရေးကြီးတယ်။ ကျွန်တော်တို့က ဌာနဆိုင်ရာနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းစာရင်းဇယား တွေ အတတ်နိုင်ဆုံး မှန်ကန်တိကျဖို့ အဲဒါကိုလုပ်ရမယ်လို့ထင်ပါတယ်”ဟု ဦးကိုကိုကြီးက ပြောသည်။

Zawgyi Version:
E-Government ေဖာ္ေဆာင္ရန္ ႏိုင္ငံေရးဆုံးျဖတ္ခ်က္သာ အေရးႀကီးဟု ဦးကိုကိုႀကီးဆို
Pearl (NP News) - ႏိုဝင္ဘာ ၁၈
E-Government ေဖာ္ေဆာင္ရန္ ႏိုင္ငံေရးဆုံးျဖတ္ခ်က္သာအေရးႀကီးေၾကာင္း ျပည္သူ႔ပါတီ ဥကၠ႒ ဦးကိုကိုႀကီးက NP News သို႔ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၁၂) ရက္က ေျပာသည္။
လာဘ္ေပးလာဘ္ယူကိစၥမ်ားေျဖရွင္းႏိုင္ရန္၊ စည္းမ်ဥ္းစည္းကမ္းတင္းၾကပ္မႈမ်ားေဆာင္႐ြက္ ႏိုင္ရန္ႏွင့္ အခ်ိဳ႕လုပ္ငန္းစဥ္မ်ားအတြက္ E-Government မျဖစ္မေနအေကာင္အထည္ေဖာ္ေဆာင္ရန္ လိုအပ္ေနၿပီး ထိုသို႔ေဖာ္ေဆာင္ရန္ ႏိုင္ငံေရးဆုံးျဖတ္ခ်က္သာအေရးႀကီးေၾကာင္း ဦးကိုကိုႀကီးကေျပာ သည္။
“E-Government ကိုစခဲ့တာဟာ ဗိုလ္ခ်ဳပ္ႀကီးခင္ၫြန႔္လက္ထက္ကတည္းကစခဲ့တာ။ တကယ္ သာ ႏိုင္ငံေရးဆႏၵျပင္းျပင္းျပျပရွိရင္ အဲဒီေလာက္ၾကာစရာ အေၾကာင္းမရွိဘူး။ ဒီျပႆနာေတြအားလုံး မွာ နည္းပညာအခက္အခဲထက္ကို ႏိုင္ငံေရးဆုံးျဖတ္ခ်က္ (Political Decision) ေပါ့ေနာ္။ ဒါကို တကယ္ ကို ျပင္းျပတဲ့ဆႏၵနဲ႔ မျဖစ္ျဖစ္ေအာင္လုပ္မယ္ဆိုတဲ့ ႏိုင္ငံေရးပိုင္းျဖတ္မႈက အေရးႀကီးတယ္လို႔ျမင္ပါ တယ္။ ဒါေၾကာင့္မို႔ အုပ္ခ်ဳပ္ေရးမွာ ႀကိဳးနီစနစ္ေတြေလွ်ာ့ခ်ဖို႔ စည္းမ်ဥ္းစည္းကမ္း တင္းၾကပ္တာေတြ ေနာက္တခါ လာဘ္ေပးလာဘ္ယူကိစၥေတြေျဖရွင္းႏိုင္ဖို႔ E-Government မျဖစ္မေန အျမန္ဆုံး အေကာင္ အထည္ေဖာ္ေအာင္ေဆာင္႐ြက္ဖို႔လိုအပ္တယ္လို႔ ေ႐ြးေကာက္ပြဲေၾကျငာစာတမ္းမွာ ေဖာ္ျပထားတာျဖစ္ ပါတယ္”ဟု ဦးကိုကိုႀကီးက NP News သို႔ေျပာသည္။
လက္ရွိတြင္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာနအပါအဝင္ ဌာနဆိုင္ရာ အခ်ိဳ႕တြင္ E -Government ၏အစိတ္အပိုင္းမ်ားျဖစ္သည့္ အြန္လိုင္းစနစ္ျဖင့္အသုံးျပဳျခင္း၊ ေဆာ့ဖ္ဝဲ မ်ားအသုံးျပဳ၍စိစစ္ျခင္းမ်ားကို ေဆာင္႐ြက္ေနၿပီျဖစ္ၿပီး E -Government အျမန္ဆုံးေဖာ္ေဆာင္ႏိုင္ေရး အတြက္ ႏိုင္ငံေရးအရ ဦးေဆာင္ဦး႐ြက္ျပဳမည့္လူမ်ား၏ ပူးေပါင္းေဆာင္႐ြက္မႈအေပၚတြင္လည္း မူတည္ ေၾကာင္း ၎က ဆက္လက္ေျပာသည္။
“အားလုံးရဲ႕ပူးေပါင္းေဆာင္႐ြက္မႈေပၚ မွာမူတည္တယ္။ ကြၽန္ေတာ္တို႔ကေတာ့ အျမန္ဆုံး E-Government ေပၚေပါက္လာဖို႔အတြက္ Digital Economy ေပၚေပါက္လာဖို႔အတြက္ လူေနမႈပုံစံေတြပါ အမ်ားႀကီးေျပာင္းသြားမယ္။ ေနာက္ဆုံးေျပာရရင္ စမတ္ကတ္တစ္ခုတည္းနဲ႔ ဘက္စုံသုံးႏိုင္တဲ့အေျခ အေနမ်ိဳးေရာက္လာဖို႔ဆိုတာက ဌာနဆိုင္ရာအႀကီးအကဲေတြ ႏိုင္ငံေရးအရ ဦးေဆာင္ ဦး႐ြက္ျပဳတဲ့ လူ ေတြအားလုံးရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈအေပၚမွာ မူတည္တယ္လို႔ျမင္ပါတယ္။ အဓိကက ေ႐ြးေကာက္ပြဲ ေၾကာ္ျငာစာတမ္းမွာလည္း ေဖာ္ျပထားတာေတြရွိတယ္။
E -Government ေဖာ္ေဆာင္ဖို႔ ကိန္းဂဏန္းစာရင္းဇယားေတြမွန္ကန္ဖို႔ကလည္း အေရးႀကီး တယ္။ ဘာေၾကာင့္လဲဆိုေတာ့ နာဂစ္ကာလ အလြန္ဆႏၵခံယူပြဲလုပ္တုန္းကဆိုရင္ လူဦးေရစာရင္းက သန္း (၆၀)ေက်ာ္ေနတယ္။ အဲဒီလိုမ်ိဳးက ဌာနဆိုင္ရာအသီးသီးမွာ တိတိက်က်နဲ႔ စီမံကိန္းေတြ ေရးဆြဲ မယ္လုပ္မယ္ဆိုရင္ အခ်က္အလက္အေျခခံတဲ့စီမံခန႔္ခြဲမႈျဖစ္ဖို႔ဆိုရင္ ကိန္းဂဏန္း စာရင္းဇယားေတြ မွန္ ကန္ဖို႔ကလည္းအေရးႀကီးတယ္။ ကြၽန္ေတာ္တို႔က ဌာနဆိုင္ရာနဲ႔ပတ္သက္တဲ့ ကိန္းဂဏန္းစာရင္းဇယား ေတြ အတတ္ႏိုင္ဆုံး မွန္ကန္တိက်ဖို႔ အဲဒါကိုလုပ္ရမယ္လို႔ထင္ပါတယ္”ဟု ဦးကိုကိုႀကီးက ေျပာသည္။