အမေရိကန်နိုင်ငံမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ(၄)ဦးသေဆုံးပြီး အခြားလူ(၁၀)ဦးထိခိုက်ဒဏ်ရာရရှိ

 225

Pika (NP News)-ဒီဇင်ဘာ ၁
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် စတော့တန်မြို့မှာရှိတဲ့ ပွဲကျင်းပနေတဲ့နေရာတစ်ခုမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၄)ဦးသေဆုံးပြီး အခြားလူ(၁၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါ့ပြင် ပစ်ခတ်မှုအတွင်း သေဆုံးသူတွေထဲမှာ ကလေးတွေကော လူကြီးတွေကောပါဝင်တယ်လို့ ရဲအရာရှိ ဟယ်သာဘရန့်က ပြောကြားခဲ့ပါတယ်။အစောပိုင်းဆုံးဖြတ်ချက်တွေအရ ဒီပစ်ခတ်မှုဟာ ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်နိုင်ဖွယ်ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဟယ်သာဘရန့်ကပြောကြားခဲ့ပါတယ်။ပစ်ခတ်မှုဟာ အခြားစီးပွားရေးလုပ်ငန်းတွေနဲ့အတူ ကားပါကင်တစ်ခုကို မျှဝေထားတဲ့ ပွဲကျင်းပတဲ့ခန်းမတစ်ခုအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ပစ်ခတ်မှုနဲ့ပတ်သက်တဲ့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို စုံစမ်းစစ်ဆေးသူတွေက ဆက်လက်စုံစမ်းလျက်ရှိတယ်လို့လည်း သိရပါတယ်။ပြီးတော့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေနဲ့ပတ်သက်တဲ့ နောက်ထပ်သတင်းအချက်အလက်တွေကို အာဏာပိုင်တွေက ထုတ်ပြန်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘဲ လူအများအပြားကို ဆေးရုံကိုပို့ဆောင်ခဲ့တဲ့အကြောင်းကိုပဲ ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံမွာ ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ရာ လူ(၄)ဦးေသဆုံးၿပီး အျခားလူ(၁၀)ဦးထိခိုက္ဒဏ္ရာရရွိ
Pika (NSS)-ဒီဇင္ဘာ ၁
အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ စေတာ့တန္ၿမိဳ႕မွာရွိတဲ့ ပြဲက်င္းပေနတဲ့ေနရာတစ္ခုမွာ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၄)ဦးေသဆုံးၿပီး အျခားလူ(၁၀)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ တာဝန္ရွိသူတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ပစ္ခတ္မႈအတြင္း ေသဆုံးသူေတြထဲမွာ ကေလးေတြေကာ လူႀကီးေတြေကာပါဝင္တယ္လို႔ ရဲအရာရွိ ဟယ္သာဘရန႔္က ေျပာၾကားခဲ့ပါတယ္။အေစာပိုင္းဆုံးျဖတ္ခ်က္ေတြအရ ဒီပစ္ခတ္မႈဟာ ပစ္မွတ္ထားတဲ့ တိုက္ခိုက္မႈတစ္ခုျဖစ္ႏိုင္ဖြယ္ရွိတယ္လို႔ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ဟယ္သာဘရန႔္ကေျပာၾကားခဲ့ပါတယ္။ပစ္ခတ္မႈဟာ အျခားစီးပြားေရးလုပ္ငန္းေတြနဲ႔အတူ ကားပါကင္တစ္ခုကို မွ်ေဝထားတဲ့ ပြဲက်င္းပတဲ့ခန္းမတစ္ခုအတြင္းမွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ပစ္ခတ္မႈနဲ႔ပတ္သက္တဲ့ ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကို စုံစမ္းစစ္ေဆးသူေတြက ဆက္လက္စုံစမ္းလ်က္ရွိတယ္လို႔လည္း သိရပါတယ္။ၿပီးေတာ့ ပစ္ခတ္မႈအတြင္း ေသဆုံးခဲ့သူေတြနဲ႔ပတ္သက္တဲ့ ေနာက္ထပ္သတင္းအခ်က္အလက္ေတြကို အာဏာပိုင္ေတြက ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘဲ လူအမ်ားအျပားကို ေဆး႐ုံကိုပို႔ေဆာင္ခဲ့တဲ့အေၾကာင္းကိုပဲ ထုတ္ျပန္ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.