တရုတ်(တိုင်ပေ)မြို့တော် တိုင်ပေမှာ အမျိုးသားတစ်ဦးက ဓါးနဲ့လိုက်ထိုးမှုကြောင့် အနည်းဆုံးလူ(၃)ဦးသေဆုံး

101

Pika(NP News) ဒီဇင်ဘာ ၂၂
တရုတ်(တိုင်ပေ)ကျွန်း မြို့တော် တိုင်ပေမှာ ဓါးတစ်ချောင်းနဲ့မီးခိုးဗုံးတွေကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၃)ဦးသေဆုံးပြီး အခြားလူ(၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။သံသယရှိသူအမျိုးသားဟာ မြေအောက်ရထားဘူတာရုံရဲ့ထွက်ပေါက်တွေထဲကတစ်ခုကို မီးခိုးဗုံးတွေပစ်ထည့်ခဲ့ပြီး တွေ့ရာလူကို ဓါးနဲ့လိုက်ထိုးခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်အတွင်း လူနှစ်ဦးက ဓါးဒဏ်ရာတွေကြောင့် သေဆုံးသွားတာဖြစ်ပြီး အခြားလူတစ်ဦးက နှလုံးခုန်ရပ်ပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အသက်(၂၇)နှစ်အရွယ်သံသယရှိသူအမျိုးသားကို လိုက်လံဖမ်းဆီးခဲ့ပြီး သံသယရှိသူက အဆောက်အအုံတစ်ခုပေါ်မှာ ခုန်ချခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာတွေရရှိခဲ့မှုနဲ့အတူ နောက်ပိုင်းမှာ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ မီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်တွေမှာ သံသယရှိသူအမျိုးသားက ဓါးရှည်တစ်ချောင်းကိုကိုင်ဆောင်ထားပြီး ကျောပိုးအိတ်ထဲမှာရှိတဲ့မီးခိုးဗုံးတွေကို ကျောပိုးအိတ်ထဲကနေ ထုတ်ပြီး လမ်းဘေးကို ပစ်ချနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

Zawgyi Version:
တ႐ုတ္(တိုင္ေပ)ၿမိဳ႕ေတာ္ တိုင္ေပမွာ အမ်ိဳးသားတစ္ဦးက ဓါးနဲ႔လိုက္ထိုးမႈေၾကာင့္ အနည္းဆုံးလူ(၃)ဦးေသဆုံး
Pika(NP News) ဒီဇင္ဘာ ၂၂
တ႐ုတ္(တိုင္ေပ)ကြၽန္း ၿမိဳ႕ေတာ္ တိုင္ေပမွာ ဓါးတစ္ေခ်ာင္းနဲ႔မီးခိုးဗုံးေတြကိုင္ေဆာင္ထားတဲ့ အမ်ိဳးသားတစ္ဦးရဲ႕ တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူ(၃)ဦးေသဆုံးၿပီး အျခားလူ(၉)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔သိရပါတယ္။သံသယရွိသူအမ်ိဳးသားဟာ ေျမေအာက္ရထားဘူတာ႐ုံရဲ႕ထြက္ေပါက္ေတြထဲကတစ္ခုကို မီးခိုးဗုံးေတြပစ္ထည့္ခဲ့ၿပီး ေတြ႕ရာလူကို ဓါးနဲ႔လိုက္ထိုးခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။အဲ့ဒီျဖစ္ရပ္အတြင္း လူႏွစ္ဦးက ဓါးဒဏ္ရာေတြေၾကာင့္ ေသဆုံးသြားတာျဖစ္ၿပီး အျခားလူတစ္ဦးက ႏွလုံးခုန္ရပ္ၿပီး ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ မီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။အဲ့ဒီျဖစ္ရပ္ျဖစ္ပြားခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕က အသက္(၂၇)ႏွစ္အ႐ြယ္သံသယရွိသူအမ်ိဳးသားကို လိုက္လံဖမ္းဆီးခဲ့ၿပီး သံသယရွိသူက အေဆာက္အအုံတစ္ခုေပၚမွာ ခုန္ခ်ခဲ့ျခင္းေၾကာင့္ ထိခိုက္ဒဏ္ရာေတြရရွိခဲ့မႈနဲ႔အတူ ေနာက္ပိုင္းမွာ ေဆး႐ုံမွာ ေသဆုံးသြားခဲ့တယ္လို႔ မီဒီယာေတြက ေရးသားေဖာ္ျပထားပါတယ္။ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ဗီဒီယိုဖိုင္ေတြမွာ သံသယရွိသူအမ်ိဳးသားက ဓါးရွည္တစ္ေခ်ာင္းကိုကိုင္ေဆာင္ထားၿပီး ေက်ာပိုးအိတ္ထဲမွာရွိတဲ့မီးခိုးဗုံးေတြကို ေက်ာပိုးအိတ္ထဲကေန ထုတ္ၿပီး လမ္းေဘးကို ပစ္ခ်ေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။