အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံသို့ ဘရာမော့စ်ဒုံးကျည်ရောင်းချရေး ရုရှား၏ ခွင့်ပြုချက် အိန္ဒိယ စောင့်မျှော်နေ

 436

Htay Oung (NP News) - ဒီဇင်ဘာ ၂၇
အိန္ဒိယဟာ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့ထံ “ဘရာမော့စ်ဒုံးကျည်” ရောင်းချရေး အပြီးသတ်ရန် နီးကပ် နေပေမယ့် ရုရှားထံမှ တရားဝင်ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ RAW ခေါ် နယူးဒေလီ ပြည်ပ ‌ထောက်လှမ်း ရေးရဲ့လက်ရုန်းတပ်ဆွယ် IDRW အိန္ဒိယကာကွယ်ရေးသုတေသနဌာန ၂ဝ၂၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က ရေးသားခဲ့ပါတယ်။
နာမည်ကျော် ဘရာမော့စ်ကို အိန္ဒိယနဲ့ ရုရှားတို့က ပူးတွဲတီထွင်ခဲ့ခြင်းဖြစ်ပြီး ရုရှားနည်းပညာကို အသုံးပြုထားတဲ့ အတွက် တင်ပို့မှုများ မစတင်မီ မော်စကိုထံမှ ကန့်ကွက်ခြင်း မရှိကြောင်း စာဖြင့်ရေးသားချက်ရရှိဖို့ လိုအပ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံနှစ်နိုင်ငံနဲ့ ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ရောက်ရှိနေပြီး ဈေးနှုန်းများ၊ နည်းပညာ ဆိုင်ရာလိုအပ်ချက်များ၊ လေ့ကျင့်မှုနဲ့ ရေရှည်ပံ့ပိုးမှုများကိုပေးအပ်ရန် နယူးဒေလီက သဘောတူညီထားပြီး ဖြစ်ပါတယ်။
အိန္ဒိယ ဗြဟ္မပုတ္တရမြစ်နဲ့ ရုရှား မော်စကိုမြစ် နှစ်စင်းကို ပေါင်းစပ်အမည်ပေးထားတဲ့ BrahMos ဒုံးကျည်ဟာ နျူက လီယာထိပ်ဖူးသယ်ဆောင်ပြီး မိုင် ၅၆ဝ ခန့်အထိ ရောက်ရှိနိုင်တယ်။ မြေပြင်မှ မြေပြင်ပစ်-ရေငုပ်သင်္ဘောနဲ့ သင်္ဘောများမှာ သယ်ဆောင်နိုင်တဲ့အပြင်၊ လေယာဉ်မှလဲ ပစ်လွှတ်နိုင်တဲ့ ခရု့ဇ်အမျိုးအစား ဒုံးကျည်ဖြစ်ပါတယ်။ ပျံသန်းတဲ့ အမြင့်နဲ့ အမြန်နှုန်းအရ တရုတ် ဒုံးခွင်းဒုံးများက ဘရာမော့စ်အားလုံးကို တားဆီးနိုင်စွမ်း မရှိကြောင်း၊ နယူးဒေလီမှာ ဘရာမော့စ် ၁၅,၀၀၀ ကျော် ထုတ်လုပ်ထားပြီး ၁၄,ဝဝဝ ကို အိန္ဒိယလက်နက် ကိုင်တပ်များက အသုံးပြုနေတယ်လို့ ယူဆရပါတယ်။ ဘရာမော့စ်ကို အီဂျစ်-မလေးရှား-ထိုင်း-စင်္ကာပူအပါဝင် ၁၇ နိုင်ငံက ဝယ်ယူ လိုကြောင်း ကမ်းလှမ်းထားပါတယ်။
အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့ဟာ အဓိကအားဖြင့် ရေကြောင်းကာကွယ်ရေးနဲ့ ကမ်းရိုးတန်းလုံခြုံရေးအတွက် ဘရာမော့စ်ကို ဝယ်ယူလိုကြပါတယ်။ ဗီယက်နမ်အနေနဲ့ တောင်တရုတ်ပင်လယ် ကျူးကျော်ရန်စမှုများကို တားဆီး ကာကွယ်ရေးနည်းလမ်းတစ်ခုအဖြစ် ရှုမြင်ထားပြီး အင်ဒိုနီးရှားကတော့ သူ့ရဲ့ကျယ်ပြန့်လှတဲ့ ပင်လယ်ရေပြင် ပိုင်နက်နဲ့ အရေးကြီးသင်္ဘောလမ်းကြောင်းများကို ကာကွယ်ဖို့ လိုအပ်နေပါတယ်။ ဒုံးကျည်ရဲ့မျက်မြင်သက်သေပြ ခဲ့ပြီးဖြစ်တဲ့ မြန်နှုန်းမြင့်မားမှု၊ တိကျမှုနဲ့ စွမ်းဆောင်ရည်တို့ဟာ ဝယ်ယူလိုသူများအတွက် အဓိက ဆွဲဆောင်မှုများ ဖြစ်တယ်။
ဖိလစ်ပိုင်ကို ဘရာမော့စ် ရောင်းချခဲ့တဲ့ အိန္ဒိယဟာ အဆင့်မြင့်လက်နက်များကို ပို့ဆောင်- ထောက်ပံ့ပေးနိုင်တဲ့ တိုင်းပြည်ဖြစ်ကြောင်း ပြသနေပါတယ်။ ရုရှားရဲ့ ခွင့်ပြုချက်ရလျင် ရချင်း အိန္ဒိယအနေနဲ့ အမြန်ဆုံး ဆက်လက် ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ယခု သဘောတူညီချက်တွေဟာ အိန္ဒိယရဲ့ကာကွယ်ရေးပစ္စည်း တင်ပို့မှုနဲ့ အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးမှာ နယူးဒေလီရဲ့ အခန်းကဏ္ဍကို အားကောင်းစေလိမ့်မယ်လို့ IDRW က ဆိုပါတယ်။

၂၀၂၅ ခုနှစ် အိန္ဒိယဟာ နိုင်ငံအများစုကို ကျော်ဖြတ်ပြီး အမေရိကန်နဲ့ တရုတ်ပြီးလျင် ကမ္ဘာ့ တတိယမြောက် စစ်အင်အားကြီး နိုင်ငံဖြစ်လာတယ်လို့ နယူးဒေလီအခြေစိုက် Zee News က ၂ဝ၂၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်မှာ ရေးသားခဲ့ပါတယ်။ လာမယ့် ၂ဝ၂၆ ခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ် ၂ဝ၂၅ ရာခိုင်နှုန်း တိုးမြှင့်ရန် လျာထားပြီး ကာကွယ်ရေးပစ္စည်း ပို့ကုန်များကိုလည်း ရူပီးငွေ ကုဋေ ၃၀,၀၀၀၀ အထိ တိုးမြှင့်ဖို့ ဆောင်ရွက်နေပါတယ်။ မိမိကိုယ်မိမိ မှီခိုအားထားမှုနဲ့ ခေတ်မီနည်းပညာကို အလေးပေးခြင်းဟာ ကမ္ဘာ့ကာကွယ်ရေးပစ္စည်းဈေးကွက်မှာ အိန္ဒိယကို အားကောင်းမောင်းသန် ကစားသမားတစ်ဦးအဖြစ် ပြောင်းလဲပေးနေပါတယ်။
Zee News ရဲ့အဲဒီနေ့ထုတ် အခြားသတင်းတစ်ပုဒ်မှာတော့ တရုတ်က ပါကစ္စတန်ကို နျူကလီယာဒုံးကျည် သယ်ဆောင်နိုင်တဲ့ တိုက်ပွဲဝင် ရေငုပ်သင်္ဘော ၈ စင်း ပေးအပ်မှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ အိန္ဒိယ ရေတပ်က မိုင် ၂၂ဝဝ နီးပါးပစ်လွှတ်နိုင်တဲ့ ပြည်တွင်းထုတ် K-4 ပဲ့ထိန်းဒုံးကျည်ကို နျူကလီယာရေငုပ်သင်္ဘော “အရိန္ဒမာ” က စမ်းသပ်ပြီးနောက် ယခုဖြစ်ရပ်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။
အိန္ဒိယကို ဆန့်ကျင်ဘက်ပြုပြီး တရုတ်က ပါကစ္စတန်ကို ကာကွယ်ရေးသဘောတူညီချက်များနဲ့ ကြာမြင့်စွာ အားဖြည့်ပေးခဲ့ပါတယ်။ အမေရိကန်ပင်တာဂွန်စစ်ဌာနချုပ်ရဲ့အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်ထံမှ ရေငုပ်သင်္ဘော ၄-စီးကို ပါကစ္စတန်က စတင်ရရှိမှာဖြစ်ကြောင်း၊ ၎င်းနဲ့အတူ သင်္ဘောဖျက်ဒုံး ကျည်များနဲ့ ပဲ့ထိန်းဒုံးကျည်များလည်း ပါဝင်ပြီး အပြန်အလှန်အားဖြင့် ပါကစ္စတန်က အီရန်နယ်စပ်အနီး ၎င်းရဲ့ “ဂွာဒါရေနက်ဆိပ်ကမ်း” အတွင်း တရုတ်ကို ဝင်ရောက်ခွင့်ပြုရမှာ ဖြစ်ကြောင်း၊ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ရေနံ တင်သင်္ဘောများ သွားလာနေတဲ့ အာရေဗျပင်လယ်မှာ တရုတ်ရဲ့တည်ရှိမှုကို ပြသခြင်းဖြစ်တယ်လို့ အိန္ဒိယမီဒီ ယာက ရေးတယ်
#HtayOung #OungMarine

Zawgyi Version:
အင္ဒိုနီးရွားနဲ႔ ဗီယက္နမ္ႏိုင္ငံသို႔ ဘရာေမာ့စ္ဒုံးက်ည္ေရာင္းခ်ေရး ႐ုရွား၏ ခြင့္ျပဳခ်က္ အိႏၵိယ ေစာင့္ေမွ်ာ္ေန
Htay Oung (NP News) - ဒီဇင္ဘာ ၂၇
အိႏၵိယဟာ အင္ဒိုနီးရွားနဲ႔ ဗီယက္နမ္ႏိုင္ငံတို႔ထံ “ဘရာေမာ့စ္ဒုံးက်ည္” ေရာင္းခ်ေရး အၿပီးသတ္ရန္ နီးကပ္ ေနေပမယ့္ ႐ုရွားထံမွ တရားဝင္ခြင့္ျပဳခ်က္ကို ေစာင့္ဆိုင္းေနတယ္လို႔ RAW ေခၚ နယူးေဒလီ ျပည္ပ ‌ေထာက္လွမ္း ေရးရဲ႕လက္႐ုန္းတပ္ဆြယ္ IDRW အိႏၵိယကာကြယ္ေရးသုေတသနဌာန ၂ဝ၂၅ ခုႏွစ္ ဒီဇင္ဘာလ ၂၄ ရက္က ေရးသားခဲ့ပါတယ္။
နာမည္ေက်ာ္ ဘရာေမာ့စ္ကို အိႏၵိယနဲ႔ ႐ုရွားတို႔က ပူးတြဲတီထြင္ခဲ့ျခင္းျဖစ္ၿပီး ႐ုရွားနည္းပညာကို အသုံးျပဳထားတဲ့ အတြက္ တင္ပို႔မႈမ်ား မစတင္မီ ေမာ္စကိုထံမွ ကန႔္ကြက္ျခင္း မရွိေၾကာင္း စာျဖင့္ေရးသားခ်က္ရရွိဖို႔ လိုအပ္ပါတယ္။ အေရွ႕ေတာင္အာရွႏိုင္ငံႏွစ္ႏိုင္ငံနဲ႔ ေဆြးေႏြးမႈေတြဟာ ေနာက္ဆုံးအဆင့္ေရာက္ရွိေနၿပီး ေဈးႏႈန္းမ်ား၊ နည္းပညာ ဆိုင္ရာလိုအပ္ခ်က္မ်ား၊ ေလ့က်င့္မႈနဲ႔ ေရရွည္ပံ့ပိုးမႈမ်ားကိုေပးအပ္ရန္ နယူးေဒလီက သေဘာတူညီထားၿပီး ျဖစ္ပါတယ္။
အိႏၵိယ ျဗဟၼပုတၱရျမစ္နဲ႔ ႐ုရွား ေမာ္စကိုျမစ္ ႏွစ္စင္းကို ေပါင္းစပ္အမည္ေပးထားတဲ့ BrahMos ဒုံးက်ည္ဟာ န်ဴက လီယာထိပ္ဖူးသယ္ေဆာင္ၿပီး မိုင္ ၅၆ဝ ခန႔္အထိ ေရာက္ရွိႏိုင္တယ္။ ေျမျပင္မွ ေျမျပင္ပစ္-ေရငုပ္သေဘၤာနဲ႔ သေဘၤာမ်ားမွာ သယ္ေဆာင္ႏိုင္တဲ့အျပင္၊ ေလယာဥ္မွလဲ ပစ္လႊတ္ႏိုင္တဲ့ ခ႐ု႕ဇ္အမ်ိဳးအစား ဒုံးက်ည္ျဖစ္ပါတယ္။ ပ်ံသန္းတဲ့ အျမင့္နဲ႔ အျမန္ႏႈန္းအရ တ႐ုတ္ ဒုံးခြင္းဒုံးမ်ားက ဘရာေမာ့စ္အားလုံးကို တားဆီးႏိုင္စြမ္း မရွိေၾကာင္း၊ နယူးေဒလီမွာ ဘရာေမာ့စ္ ၁၅,၀၀၀ ေက်ာ္ ထုတ္လုပ္ထားၿပီး ၁၄,ဝဝဝ ကို အိႏၵိယလက္နက္ ကိုင္တပ္မ်ားက အသုံးျပဳေနတယ္လို႔ ယူဆရပါတယ္။ ဘရာေမာ့စ္ကို အီဂ်စ္-မေလးရွား-ထိုင္း-စကၤာပူအပါဝင္ ၁၇ ႏိုင္ငံက ဝယ္ယူ လိုေၾကာင္း ကမ္းလွမ္းထားပါတယ္။
အင္ဒိုနီးရွားနဲ႔ ဗီယက္နမ္တို႔ဟာ အဓိကအားျဖင့္ ေရေၾကာင္းကာကြယ္ေရးနဲ႔ ကမ္း႐ိုးတန္းလုံၿခဳံေရးအတြက္ ဘရာေမာ့စ္ကို ဝယ္ယူလိုၾကပါတယ္။ ဗီယက္နမ္အေနနဲ႔ ေတာင္တ႐ုတ္ပင္လယ္ က်ဴးေက်ာ္ရန္စမႈမ်ားကို တားဆီး ကာကြယ္ေရးနည္းလမ္းတစ္ခုအျဖစ္ ရႈျမင္ထားၿပီး အင္ဒိုနီးရွားကေတာ့ သူ႔ရဲ႕က်ယ္ျပန႔္လွတဲ့ ပင္လယ္ေရျပင္ ပိုင္နက္နဲ႔ အေရးႀကီးသေဘၤာလမ္းေၾကာင္းမ်ားကို ကာကြယ္ဖို႔ လိုအပ္ေနပါတယ္။ ဒုံးက်ည္ရဲ႕မ်က္ျမင္သက္ေသျပ ခဲ့ၿပီးျဖစ္တဲ့ ျမန္ႏႈန္းျမင့္မားမႈ၊ တိက်မႈနဲ႔ စြမ္းေဆာင္ရည္တို႔ဟာ ဝယ္ယူလိုသူမ်ားအတြက္ အဓိက ဆြဲေဆာင္မႈမ်ား ျဖစ္တယ္။
ဖိလစ္ပိုင္ကို ဘရာေမာ့စ္ ေရာင္းခ်ခဲ့တဲ့ အိႏၵိယဟာ အဆင့္ျမင့္လက္နက္မ်ားကို ပို႔ေဆာင္- ေထာက္ပံ့ေပးႏိုင္တဲ့ တိုင္းျပည္ျဖစ္ေၾကာင္း ျပသေနပါတယ္။ ႐ုရွားရဲ႕ ခြင့္ျပဳခ်က္ရလ်င္ ရခ်င္း အိႏၵိယအေနနဲ႔ အျမန္ဆုံး ဆက္လက္ ေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။ ယခု သေဘာတူညီခ်က္ေတြဟာ အိႏၵိယရဲ႕ကာကြယ္ေရးပစၥည္း တင္ပို႔မႈနဲ႔ အင္ဒို-ပစိဖိတ္ေဒသ လုံၿခဳံေရးမွာ နယူးေဒလီရဲ႕ အခန္းက႑ကို အားေကာင္းေစလိမ့္မယ္လို႔ IDRW က ဆိုပါတယ္။

၂၀၂၅ ခုႏွစ္ အိႏၵိယဟာ ႏိုင္ငံအမ်ားစုကို ေက်ာ္ျဖတ္ၿပီး အေမရိကန္နဲ႔ တ႐ုတ္ၿပီးလ်င္ ကမာၻ႔ တတိယေျမာက္ စစ္အင္အားႀကီး ႏိုင္ငံျဖစ္လာတယ္လို႔ နယူးေဒလီအေျခစိုက္ Zee News က ၂ဝ၂၅ ခုႏွစ္ ဒီဇင္ဘာလ ၂၅ ရက္မွာ ေရးသားခဲ့ပါတယ္။ လာမယ့္ ၂ဝ၂၆ ခုႏွစ္မွာ ကာကြယ္ေရးအသုံးစရိတ္ ၂ဝ၂၅ ရာခိုင္ႏႈန္း တိုးျမႇင့္ရန္ လ်ာထားၿပီး ကာကြယ္ေရးပစၥည္း ပို႔ကုန္မ်ားကိုလည္း ႐ူပီးေငြ ကုေဋ ၃၀,၀၀၀၀ အထိ တိုးျမႇင့္ဖို႔ ေဆာင္႐ြက္ေနပါတယ္။ မိမိကိုယ္မိမိ မွီခိုအားထားမႈနဲ႔ ေခတ္မီနည္းပညာကို အေလးေပးျခင္းဟာ ကမာၻ႔ကာကြယ္ေရးပစၥည္းေဈးကြက္မွာ အိႏၵိယကို အားေကာင္းေမာင္းသန္ ကစားသမားတစ္ဦးအျဖစ္ ေျပာင္းလဲေပးေနပါတယ္။
Zee News ရဲ႕အဲဒီေန႔ထုတ္ အျခားသတင္းတစ္ပုဒ္မွာေတာ့ တ႐ုတ္က ပါကစၥတန္ကို န်ဴကလီယာဒုံးက်ည္ သယ္ေဆာင္ႏိုင္တဲ့ တိုက္ပြဲဝင္ ေရငုပ္သေဘၤာ ၈ စင္း ေပးအပ္မွာ ျဖစ္တယ္လို႔ ေဖာ္ျပပါတယ္။ အိႏၵိယ ေရတပ္က မိုင္ ၂၂ဝဝ နီးပါးပစ္လႊတ္ႏိုင္တဲ့ ျပည္တြင္းထုတ္ K-4 ပဲ့ထိန္းဒုံးက်ည္ကို န်ဴကလီယာေရငုပ္သေဘၤာ “အရိႏၵမာ” က စမ္းသပ္ၿပီးေနာက္ ယခုျဖစ္ရပ္ေပၚေပါက္လာျခင္းျဖစ္ပါတယ္။
အိႏၵိယကို ဆန႔္က်င္ဘက္ျပဳၿပီး တ႐ုတ္က ပါကစၥတန္ကို ကာကြယ္ေရးသေဘာတူညီခ်က္မ်ားနဲ႔ ၾကာျမင့္စြာ အားျဖည့္ေပးခဲ့ပါတယ္။ အေမရိကန္ပင္တာဂြန္စစ္ဌာနခ်ဳပ္ရဲ႕အစီရင္ခံစာအရ ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလမွာ တ႐ုတ္ထံမွ ေရငုပ္သေဘၤာ ၄-စီးကို ပါကစၥတန္က စတင္ရရွိမွာျဖစ္ေၾကာင္း၊ ၎နဲ႔အတူ သေဘၤာဖ်က္ဒုံး က်ည္မ်ားနဲ႔ ပဲ့ထိန္းဒုံးက်ည္မ်ားလည္း ပါဝင္ၿပီး အျပန္အလွန္အားျဖင့္ ပါကစၥတန္က အီရန္နယ္စပ္အနီး ၎ရဲ႕ “ဂြာဒါေရနက္ဆိပ္ကမ္း” အတြင္း တ႐ုတ္ကို ဝင္ေရာက္ခြင့္ျပဳရမွာ ျဖစ္ေၾကာင္း၊ ဒီလုပ္ရပ္ဟာ ႏိုင္ငံတကာ ေရနံ တင္သေဘၤာမ်ား သြားလာေနတဲ့ အာေရဗ်ပင္လယ္မွာ တ႐ုတ္ရဲ႕တည္ရွိမႈကို ျပသျခင္းျဖစ္တယ္လို႔ အိႏၵိယမီဒီ ယာက ေရးတယ္
#HtayOung #OungMarine

Related news

© 2021. All rights reserved.