လာမယ့်(၅)နှစ်အတွင်း ဒုံးကျည်တွေ ဆက်လက်တီထွင်ဖန်တီးထုတ်လုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် အချက်ပြ

327

Pika (NP News) - ဒီဇင်ဘာ ၂၇
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းဟာ နိုင်ငံရဲ့အဓိကလက်နက်စက်ရုံတွေကို သွားရောက်လည်ပတ်စဉ် အချိန်အတွင်း လာမယ့်(၅)နှစ်အတွင်းမှာ ဒုံးကျည်တွေကို ဆက်လက်တီထွင်ဖန်တီးထုတ်လုပ်ဖို့ အချက်ပြခဲ့ တယ်လို့ သိရပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်နဲ့ ကျည်ဆန်ထုတ်လုပ်ရေးကဏ္ဍဟာ စစ်ပွဲတားဆီးရေးကို မြှင့်တင်ရာမှာ အလွန်အရေးတယ်လို့ ကင်ဂျုံအန်းက ပြောကြားခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် (၂၀၂၆)ခုနှစ်အစောပိုင်းမှာ ကျင်းပဖို့ မျှော်လင့်ထားတဲ့ပါတီညီလာခံကိုတင်သွင်းမယ့် အဓိကလက်နက်စက်ရုံ တွေ ခေတ်မီအောင်ပြုလုပ်ဖို့အတွက် စာရွက်စာတမ်းမူကြမ်းတွေကို ကင်ဂျုံအန်းက အတည်ပြုခဲ့တယ်လို့လည်း KCNA က ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီမူကြမ်းတွေအရ လာမယ့်(၅)နှစ်အတွင်း မြောက်ကိုရီးယားအတွက် ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်တစ်ခုကို ချမှတ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
တန်ချိန်(၈၇၀၀)အလေးချိန်ရှိတဲ့နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စီး တည်ဆောက်မှုနဲ့ မြေပြင်မှ ဝေဟင်ပစ်တာဝေးပစ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်မှုကို ကင်ဂျုံအန်းနဲ့ သမီးဖြစ်သူကင်ဂျူအေးတို့က ကြီးကြပ်ခဲ့ ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုဖော်ပြချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
လာမယ့္(၅)ႏွစ္အတြင္း ဒုံးက်ည္ေတြ ဆက္လက္တီထြင္ဖန္တီးထုတ္လုပ္ဖို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ အခ်က္ျပ
Pika (NP News) - ဒီဇင္ဘာ ၂၇
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းဟာ ႏိုင္ငံရဲ႕အဓိကလက္နက္စက္႐ုံေတြကို သြားေရာက္လည္ပတ္စဥ္ အခ်ိန္အတြင္း လာမယ့္(၅)ႏွစ္အတြင္းမွာ ဒုံးက်ည္ေတြကို ဆက္လက္တီထြင္ဖန္တီးထုတ္လုပ္ဖို႔ အခ်က္ျပခဲ့ တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ဒုံးက်ည္နဲ႔ က်ည္ဆန္ထုတ္လုပ္ေရးက႑ဟာ စစ္ပြဲတားဆီးေရးကို ျမႇင့္တင္ရာမွာ အလြန္အေရးတယ္လို႔ ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့တယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံပိုင္သတင္းေအဂ်င္စီ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ (၂၀၂၆)ခုႏွစ္အေစာပိုင္းမွာ က်င္းပဖို႔ ေမွ်ာ္လင့္ထားတဲ့ပါတီညီလာခံကိုတင္သြင္းမယ့္ အဓိကလက္နက္စက္႐ုံ ေတြ ေခတ္မီေအာင္ျပဳလုပ္ဖို႔အတြက္ စာ႐ြက္စာတမ္းမူၾကမ္းေတြကို ကင္ဂ်ဳံအန္းက အတည္ျပဳခဲ့တယ္လို႔လည္း KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။ အဲဒီမူၾကမ္းေတြအရ လာမယ့္(၅)ႏွစ္အတြင္း ေျမာက္ကိုရီးယားအတြက္ ဖြံ႕ၿဖိဳး တိုးတက္ေရးအစီအစဥ္တစ္ခုကို ခ်မွတ္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
တန္ခ်ိန္(၈၇၀၀)အေလးခ်ိန္ရွိတဲ့န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သေဘၤာတစ္စီး တည္ေဆာက္မႈနဲ႔ ေျမျပင္မွ ေဝဟင္ပစ္တာေဝးပစ္ဒုံးက်ည္ေတြ စမ္းသပ္ပစ္လႊတ္မႈကို ကင္ဂ်ဳံအန္းနဲ႔ သမီးျဖစ္သူကင္ဂ်ဴေအးတို႔က ႀကီးၾကပ္ခဲ့ ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုေဖာ္ျပခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။