အရှေ့ပစိဖိတ်ပင်လယ်ပြင်က မူးယစ်မှောင်ခိုသင်္ဘောတစ်စီးကို အမေရိကန်စစ်တပ်တိုက်ခိုက်ဖျက်ဆီး

240

Pika(NP News) - ဇန်နဝါရီ ၂၆
အရှေ့ပစိဖိတ်ပင်လယ်ပြင်မှာရှိတဲ့ မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရတဲ့ သင်္ဘောတစ်စီးကို အမေရိကန်စစ်တပ်က တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံးလူ(၂)ဦးသေဆုံးခဲ့တယ်လို့ အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာ အမေရိကန်စစ်တပ်က ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရိုကို ပြန်ပေးဆွဲမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ပြီးခဲ့တဲ့နှစ်စက်တင်ဘာလကနေစတင်ခဲ့တဲ့ Operation Southern Spearလို့အမည်ပေးထားတဲ့ စစ်ဆင်ရေးရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန်က မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံးလူ(၁၁၇)ဦး သေဆုံးထားတယ်လို့လည်း သိရပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာ ဥပဒေမဲ့သတ်ဖြတ်မှုတွေကို ကျူးလွန်တာမျိုးဖြစ်ပြီး နိုင်ငံတကာဥပဒေကိုထိခိုက်စေကာ ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေတာမျိုးဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က သတိပေးပြောဆိုခဲ့ပါတယ်။အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်က”ညွှန်ကြားမှုတွေအရ အမေရိကန်စစ်တပ်ဟာ မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရတဲ့ သင်္ဘောတစ်စီးကို တိုက်ခိုက်မှုတွေ အောင်မြင်စွာလုပ်ဆောင်ခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အေရွ႕ပစိဖိတ္ပင္လယ္ျပင္က မူးယစ္ေမွာင္ခိုသေဘၤာတစ္စီးကို အေမရိကန္စစ္တပ္တိုက္ခိုက္ဖ်က္ဆီး
Pika(NP News) - ဇန္နဝါရီ ၂၆
အေရွ႕ပစိဖိတ္ပင္လယ္ျပင္မွာရွိတဲ့ မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရတဲ့ သေဘၤာတစ္စီးကို အေမရိကန္စစ္တပ္က တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တာေၾကာင့္ အနည္းဆုံးလူ(၂)ဦးေသဆုံးခဲ့တယ္လို႔ အေမရိကန္ေတာင္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။အဲ့ဒီတိုက္ခိုက္မႈဟာ အေမရိကန္စစ္တပ္က ဗင္နီဇြဲလားသမၼတနီကိုလက္စ္မာဒူ႐ိုကို ျပန္ေပးဆြဲမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္လုပ္ေဆာင္ခဲ့တဲ့ တိုက္ခိုက္မႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ၿပီးခဲ့တဲ့ႏွစ္စက္တင္ဘာလကေနစတင္ခဲ့တဲ့ Operation Southern Spearလို႔အမည္ေပးထားတဲ့ စစ္ဆင္ေရးရဲ႕တစ္စိတ္တစ္ပိုင္းအေနနဲ႔ အေမရိကန္က မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရတဲ့ သေဘၤာေတြကို တိုက္ခိုက္မႈေတြ ဆက္တိုက္လုပ္ေဆာင္ခဲ့တာေၾကာင့္ အနည္းဆုံးလူ(၁၁၇)ဦး ေသဆုံးထားတယ္လို႔လည္း သိရပါတယ္။အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြဟာ ဥပေဒမဲ့သတ္ျဖတ္မႈေတြကို က်ဴးလြန္တာမ်ိဳးျဖစ္ၿပီး ႏိုင္ငံတကာဥပေဒကိုထိခိုက္ေစကာ ေဒသတြင္းတည္ၿငိမ္မႈကို ၿခိမ္းေျခာက္ေနတာမ်ိဳးျဖစ္တယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္က သတိေပးေျပာဆိုခဲ့ပါတယ္။အေမရိကန္ေတာင္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က”ၫႊန္ၾကားမႈေတြအရ အေမရိကန္စစ္တပ္ဟာ မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရတဲ့ သေဘၤာတစ္စီးကို တိုက္ခိုက္မႈေတြ ေအာင္ျမင္စြာလုပ္ေဆာင္ခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။