အိုမန်ပင်လယ်ကွေ့သို့ အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ရောက်ရှိလာ

631

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၆
အမေရိကန်နှင့် အီရန်တို့၏ စစ်ရေးတင်းမာမှု အမြင့်ဆုံးရေချိန်သို့ ရောက်ရှိနေချိန်၌ အမေရိကန်ရေတပ်၏ အင်အားအကြီးဆုံး တိုက်ခိုက်ရေးအုပ်စုတစ်ခုဖြစ်သည့် USS Abraham Lincoln (CVN-72) လေယာဉ်တင်သင်္ဘောအုပ်စုသည် အိုမန်ပင်လယ်ကွေ့ (Gulf of Oman) ရေပြင်သို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။အဆိုပါ လေယာဉ်တင်သင်္ဘောအုပ်စုသည် တောင်တရုတ်ပင်လယ်ပြင်မှတဆင့် မလက္ကာရေလက်ကြားကို ဖြတ်ကျော်ကာ အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းအတိုင်း အရှိန်အဟုန်ဖြင့် ခုတ်မောင်းလာခဲ့ခြင်းဖြစ်သည်။လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) ၏ စစ်ဆင်ရေးဧရိယာအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး၊ ၎င်းနှင့်အတူ တိုမာဟောခ့်
ခရုဇ်ဒုံးကျည်များ တပ်ဆင်ထားသည့် Arleigh Burke-class ဖျက်သင်္ဘောများဖြစ်ကြသော USS Spruance၊ USS Michael Murphy နှင့် USS Frank E. Petersen Jr. တို့လည်း ပါဝင်ကြောင်း သိရသည်။
သမ္မတ ထရမ့်၏ တိုက်ရိုက်အမိန့်ဖြင့် အဆိုပါစစ်သင်္ဘောအုပ်စုကို အရှေ့အလယ်ပိုင်းသို့ အရေးပေါ်စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းလှုပ်ရှားမှုကို "Big Flotilla" (ရေတပ်အင်အားအလုံးအရင်း) ဟု တင်စားခေါ်ဝေါ်ခဲ့သည်။ အီရန်နိုင်ငံအတွင်း ဆန္ဒပြမှုများအပေါ် အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုများနှင့် နျူကလီးယားစီမံကိန်းဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် အမေရိကန်က စစ်ရေးအရ ဖိအားပေးရန် ပြင်ဆင်လာခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
အီရန်ဖက်မှလည်း အမေရိကန်၏စစ်ရေးလှုပ်ရှားမှုကို ပြင်းထန်စွာ သတိပေးထားပြီး၊ မိမိတို့၏ ရေပိုင်နက်နှင့် လုံခြုံရေးကို ထိပါးလာပါက (ဘက်စုံစစ်ပွဲ) ဆင်နွှဲသွားမည်ဖြစ်ကြောင်း တုံ့ပြန်ထားသည်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည်ပါရှန်ပင်လယ်ကွေ့ဝ၊ ဟော်မုဇ်ရေလက်ကြားအနီးတွင် စစ်ရေးလေ့ကျင့်မှုများနှင့် ကင်းလှည့်မှုများကို တိုးမြှင့်ထားကြောင်း ဂြိုလ်တုဓာတ်ပုံများအရ သိရသည်။

Zawgyi Version:
အိုမန္ပင္လယ္ေကြ႕သို႔ အေမရိကန္ ေလယာဥ္တင္သေဘၤာအုပ္စု ေရာက္ရွိလာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၆
အေမရိကန္ႏွင့္ အီရန္တို႔၏ စစ္ေရးတင္းမာမႈ အျမင့္ဆုံးေရခ်ိန္သို႔ ေရာက္ရွိေနခ်ိန္၌ အေမရိကန္ေရတပ္၏ အင္အားအႀကီးဆုံး တိုက္ခိုက္ေရးအုပ္စုတစ္ခုျဖစ္သည့္ USS Abraham Lincoln (CVN-72) ေလယာဥ္တင္သေဘၤာအုပ္စုသည္ အိုမန္ပင္လယ္ေကြ႕ (Gulf of Oman) ေရျပင္သို႔ ေရာက္ရွိလာခဲ့ေၾကာင္းသိရသည္။အဆိုပါ ေလယာဥ္တင္သေဘၤာအုပ္စုသည္ ေတာင္တ႐ုတ္ပင္လယ္ျပင္မွတဆင့္ မလကၠာေရလက္ၾကားကို ျဖတ္ေက်ာ္ကာ အိႏၵိယသမုဒၵရာလမ္းေၾကာင္းအတိုင္း အရွိန္အဟုန္ျဖင့္ ခုတ္ေမာင္းလာခဲ့ျခင္းျဖစ္သည္။လက္ရွိအခ်ိန္တြင္ အေရွ႕အလယ္ပိုင္းေဒသရွိ အေမရိကန္ဗဟိုကြပ္ကဲမႈဌာနခ်ဳပ္ (CENTCOM) ၏ စစ္ဆင္ေရးဧရိယာအတြင္းသို႔ ဝင္ေရာက္လာျခင္းျဖစ္ၿပီး၊ ၎ႏွင့္အတူ တိုမာေဟာခ့္
ခ႐ုဇ္ဒုံးက်ည္မ်ား တပ္ဆင္ထားသည့္ Arleigh Burke-class ဖ်က္သေဘၤာမ်ားျဖစ္ၾကေသာ USS Spruance၊ USS Michael Murphy ႏွင့္ USS Frank E. Petersen Jr. တို႔လည္း ပါဝင္ေၾကာင္း သိရသည္။
သမၼတ ထရမ့္၏ တိုက္႐ိုက္အမိန႔္ျဖင့္ အဆိုပါစစ္သေဘၤာအုပ္စုကို အေရွ႕အလယ္ပိုင္းသို႔ အေရးေပၚေစလႊတ္ခဲ့ျခင္းျဖစ္ၿပီး ယင္းလႈပ္ရွားမႈကို "Big Flotilla" (ေရတပ္အင္အားအလုံးအရင္း) ဟု တင္စားေခၚေဝၚခဲ့သည္။ အီရန္ႏိုင္ငံအတြင္း ဆႏၵျပမႈမ်ားအေပၚ အစိုးရ၏ အၾကမ္းဖက္ႏွိမ္နင္းမႈမ်ားႏွင့္ န်ဴကလီးယားစီမံကိန္းဆိုင္ရာ စိုးရိမ္ပူပန္မႈမ်ားေၾကာင့္ အေမရိကန္က စစ္ေရးအရ ဖိအားေပးရန္ ျပင္ဆင္လာျခင္းျဖစ္သည္ဟု စစ္ေရးေလ့လာသူမ်ားက သုံးသပ္ၾကသည္။
အီရန္ဖက္မွလည္း အေမရိကန္၏စစ္ေရးလႈပ္ရွားမႈကို ျပင္းထန္စြာ သတိေပးထားၿပီး၊ မိမိတို႔၏ ေရပိုင္နက္ႏွင့္ လုံၿခဳံေရးကို ထိပါးလာပါက (ဘက္စုံစစ္ပြဲ) ဆင္ႏႊဲသြားမည္ျဖစ္ေၾကာင္း တုံ႔ျပန္ထားသည္။ အီရန္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕ (IRGC) သည္ပါရွန္ပင္လယ္ေကြ႕ဝ၊ ေဟာ္မုဇ္ေရလက္ၾကားအနီးတြင္ စစ္ေရးေလ့က်င့္မႈမ်ားႏွင့္ ကင္းလွည့္မႈမ်ားကို တိုးျမႇင့္ထားေၾကာင္း ၿဂိဳလ္တုဓာတ္ပုံမ်ားအရ သိရသည္။