လာမယ့်နှစ်မှာ ဥရောပသမဂ္ဂကို ဝင်ရောက်ခွင့်ရဖို့ ယူကရိန်းမျှော်လင့်နေ

 182

Pika (NP News)-ဇန်နဝါရီ ၂၉
လာမယ့်နှစ်အတွင်းမှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ယူကရိန်းကို ဝင်ရောက်ခွင့်ပေးဖို့ ယူကရိန်းသမ္မတဇီလန်စကီးက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ယူကရိန်းကို အဖွဲ့ဝင်အဖြစ် လက်ခံ/မခံဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကြားမှာ အငြင်းပွားမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာလုပ်ဆောင်ခဲ့တဲ့ ရုရှား-အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲတွေကို ဩစတြီးယားဝန်ကြီးချုပ် ခရစ်ရှန် စတော့ကာနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ဆွေးနွေးပွဲတွေဟာ စစ်ရေးကိစ္စတွေကို အဓိကထားအာရုံစိုက်ခဲ့သလို လုံခြုံရေးအာမခံချက်တွေကိုလည်း အာရုံစိုက်ခဲ့တယ်လို့ ဇီလန်စကီးက ထပ်မံပြောကြားခဲ့ပါတယ်။ဇီလန်စကီးက” ယူကရိန်းရဲ့ ဥရောပသမဂ္ဂမှာ ပါဝင်ရေးဟာ ကျွန်တော်တို့အတွက်သာမက ဥရောပတစ်ဝှမ်းလုံးအတွက်ပါ အဓိကလုံခြုံရေးအာမခံချက်တွေထဲကတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ လာမယ့်နှစ်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ယူကရိန်းကို ဝင်ရောက်ခွင့်ပေးဖို့ မိတ်ဖက်နိုင်ငံတွေက ထောက်ခံမယ်လို့မျှော်လင့်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
လာမယ့္ႏွစ္မွာ ဥေရာပသမဂၢကို ဝင္ေရာက္ခြင့္ရဖို႔ ယူကရိန္းေမွ်ာ္လင့္ေန
Pika (NP News)-ဇန္နဝါရီ ၂၉
လာမယ့္ႏွစ္အတြင္းမွာ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ယူကရိန္းကို ဝင္ေရာက္ခြင့္ေပးဖို႔ ယူကရိန္းသမၼတဇီလန္စကီးက ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ယူကရိန္းကို အဖြဲ႕ဝင္အျဖစ္ လက္ခံ/မခံဆိုတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြၾကားမွာ အျငင္းပြားမႈေတြ ရွိခဲ့တယ္လို႔လည္း သိရပါတယ္။ယူေအအီးႏိုင္ငံ အဘူဒါဘီၿမိဳ႕မွာလုပ္ေဆာင္ခဲ့တဲ့ ႐ုရွား-အေမရိကန္-ယူကရိန္း ေဆြးေႏြးပြဲေတြကို ဩစႀတီးယားဝန္ႀကီးခ်ဳပ္ ခရစ္ရွန္ စေတာ့ကာနဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။ေဆြးေႏြးပြဲေတြဟာ စစ္ေရးကိစၥေတြကို အဓိကထားအာ႐ုံစိုက္ခဲ့သလို လုံၿခဳံေရးအာမခံခ်က္ေတြကိုလည္း အာ႐ုံစိုက္ခဲ့တယ္လို႔ ဇီလန္စကီးက ထပ္မံေျပာၾကားခဲ့ပါတယ္။ဇီလန္စကီးက” ယူကရိန္းရဲ႕ ဥေရာပသမဂၢမွာ ပါဝင္ေရးဟာ ကြၽန္ေတာ္တို႔အတြက္သာမက ဥေရာပတစ္ဝွမ္းလုံးအတြက္ပါ အဓိကလုံၿခဳံေရးအာမခံခ်က္ေတြထဲကတစ္ခုျဖစ္ပါတယ္။ဒါေၾကာင့္မလို႔ လာမယ့္ႏွစ္မွာ ဥေရာပသမဂၢအဖြဲ႕ဝင္အျဖစ္ ယူကရိန္းကို ဝင္ေရာက္ခြင့္ေပးဖို႔ မိတ္ဖက္ႏိုင္ငံေတြက ေထာက္ခံမယ္လို႔ေမွ်ာ္လင့္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.