ရုရှားက ယူကရိန်းစစ်ပွဲကို အဆုံးအထိ တိုက်ပွဲဝင်သင့်တယ်လို့ ချေချင်းညာခေါင်းဆောင်ပြော

78
Pika (NP News) - ဇန်နဝါရီ ၃၁
ယူကရိန်းစစ်ပွဲကို အဆုံးသတ်မယ့်ဆွေးနွေးပွဲတွေကို ဆန့်ကျင်ကြောင်းနဲ့ ရုရှားက အဆုံးအထိ ဆက်လက် တိုက်ပွဲ ဝင်သွားသင့်တယ်လို့ ချေချင်းညာခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ်က ပြောကြားခဲ့ပါတယ်။
ရမ်ဇန်ကာဒီရော့ဗ်က “ရုရှားက ယူကရိန်းစစ်ပွဲကို အဆုံးအထိတိုက်ပွဲဝင်သင့်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ စစ်ပွဲကို အဆုံးသတ်မယ့် ဆွေးနွေးညှိနှိုင်းမှုတွေကို ကျွန်တော်ဆန့်ကျင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် သံတမန်ရေးဆိုင်ရာကြိုးပမ်းမှုတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာပဲ ရမ်ဇန်ကာဒီရော့ဗ်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါ တယ်။
ရမ်ဇန်ကာဒီရော့ဗ်ကို ပြန်ပေးဆွဲဖို့ အမေရိကန်ကို ယူကရိန်းသမ္မတဇီလန်စကီးက ယခုလအစောပိုင်းမှာ တိုက်တွန်း ခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်တွေ ဆက်လက်ဖြစ်ပွားလာတာလည်းဖြစ်ပါတယ်။ အဲဒီလုပ်ရပ်က ရုရှားသမ္မတ ပူတင်ဆီကို အားကောင်းတဲ့သတင်းစကားတစ်ခုပေးပို့နိုင်လိမ့်မှာဖြစ်သလို ယူကရိန်းပဋိပက္ခကို အဆုံးသတ်ဖို့ အတွက် အထောက်အကူဖြစ်စေလိမ့်မယ်လို့လည်း ဇီလန်စကီးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Zawgyi Version;
႐ုရွားက ယူကရိန္းစစ္ပြဲကို အဆုံးအထိ တိုက္ပြဲဝင္သင့္တယ္လို႔ ေခ်ခ်င္းညာေခါင္းေဆာင္ေျပာ
Pika (NP News) - ဇန္နဝါရီ ၃၁
ယူကရိန္းစစ္ပြဲကို အဆုံးသတ္မယ့္ေဆြးေႏြးပြဲေတြကို ဆန႔္က်င္ေၾကာင္းနဲ႔ ႐ုရွားက အဆုံးအထိ ဆက္လက္ တိုက္ပြဲ ဝင္သြားသင့္တယ္လို႔ ေခ်ခ်င္းညာေခါင္းေဆာင္ ရမ္ဇန္ကာဒီေရာ့ဗ္က ေျပာၾကားခဲ့ပါတယ္။
ရမ္ဇန္ကာဒီေရာ့ဗ္က “႐ုရွားက ယူကရိန္းစစ္ပြဲကို အဆုံးအထိတိုက္ပြဲဝင္သင့္တယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ စစ္ပြဲကို အဆုံးသတ္မယ့္ ေဆြးေႏြးညႇိႏႈိင္းမႈေတြကို ကြၽန္ေတာ္ဆန႔္က်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ သံတမန္ေရးဆိုင္ရာႀကိဳးပမ္းမႈေတြကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အရွိန္ျမႇင့္လုပ္ေဆာင္ေနခ်ိန္မွာပဲ ရမ္ဇန္ကာဒီေရာ့ဗ္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါ တယ္။
ရမ္ဇန္ကာဒီေရာ့ဗ္ကို ျပန္ေပးဆြဲဖို႔ အေမရိကန္ကို ယူကရိန္းသမၼတဇီလန္စကီးက ယခုလအေစာပိုင္းမွာ တိုက္တြန္း ခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္ေတြ ဆက္လက္ျဖစ္ပြားလာတာလည္းျဖစ္ပါတယ္။ အဲဒီလုပ္ရပ္က ႐ုရွားသမၼတ ပူတင္ဆီကို အားေကာင္းတဲ့သတင္းစကားတစ္ခုေပးပို႔ႏိုင္လိမ့္မွာျဖစ္သလို ယူကရိန္းပဋိပကၡကို အဆုံးသတ္ဖို႔ အတြက္ အေထာက္အကူျဖစ္ေစလိမ့္မယ္လို႔လည္း ဇီလန္စကီးက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။