သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် အခန်းများအား ဥပဒေမဲ့ ရောင်းစားသူ(၃)ဦးကို အလုပ်နှင့် ထောင်ဒဏ် (၁)နှစ်ချမှတ်

454

ထိုက်စံ (NP News)- ဖေဖော်ဝါ ရီ ၁၈
သုခဒဂုံ ပြည်သူ့အငှား အိမ်ရာတွင် အခန်းများအား ခွင့်ပြုချက်မရှိ ဥပဒေမဲ့ ရောင်းစားသူ(၃)ဦးကို အလုပ်နှင့် ထောင်ဒဏ် (၁)နှစ်ချမှတ်ခဲ့ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြို့ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာသည် နေရေး အခက်အခဲရှိသော ပြည်သူ အငြိမ်းစားဝန်ထမ်းနှင့် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများအား (၅) နှစ် ငှါးရမ်း နေထိုင်ခွင့်ပေးသည့် ပြည်သူ့အငှားအိမ်ရာဖြစ်ကြောင်းသိရသည်။
အဆိုပါငှားရမ်း နေထိုင်ခွင့် ရရှိသူများတွင် အချို့သည် ကိုယ်တိုင် နေထိုင်ခြင်းမရှိဘဲ ထပ်ဆင့် ငှားရမ်းခြင်း၊ ငှားရမ်းခွင့် စာရင်းတွင် မပါဝင်သူများအား နေထိုင်စေခြင်း၊ မိမိမပိုင်သော အခန်းများ နှင့် စျေးဆိုင်ခန်းများအား လက်ညှိုးထိုး ရောင်းစားခြင်း စသည့် ဆောင်ရွက်မှုများရှိနေကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေကြောင်းကို စစ်ဆေး ပေါ်ပေါက်သဖြင့် နိုင်ငံပိုင် အခန်းများအား ခွင့်ပြုချက်မရှိ ဥပဒေမဲ့ ရောင်းစားသူများနှင့် ပူးပေါင်းပါဝင်သူများကို တရားစွဲဆိုခဲ့ရာ (၃) ဦးကို တရားရုံးမှ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ ပုဒ်မ -၆(၁) အရ ပြစ်မှု ကျူးလွန်သဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁) နှစ် ကျခံစေခဲ့ကြောင်း သိရသည်။
ထို့နောက် ဌာနမှလည်း ၎င်းတို့၏အိမ်ခန်းငှားရမ်းခွင့်အား ပယ်ဖျက်ခဲ့ပြီး အခန်းကိုလည်း ပြန်လည် သိမ်းယူခဲ့ ကြောင်း သိရသည်။
သို့ဖြစ်၍ သုခဒဂုံ ပြည့်သူ့အငှါးအိမ်ရာ အတွင်း တရားဝင် နေထိုင်ခွင့် ရသူမှ အပ ထပ်ဆင့် ငှားရမ်းခြင်း၊ အိမ်ငှါးစာချုပ်တွင် မပါဝင်သူမျာ’ နေထိုင်စေခြင်းနှင့် အခန်းများအား အရောင်းအဝယ် လုပ်ခြင်းများကို ရှောင်ကျဉ်ကြရန် နှင့် စစ်ဆေး ပေါ်ပေါက်ပါက အခန်းငှါးရမ်းနေထိုင်ခွင့်ကို ပယ်ဖျက်၍ ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
သုခဒဂုံ ျပည္သူ႔အငွားအိမ္ရာတြင္ အခန္းမ်ားအား ဥပေဒမဲ့ ေရာင္းစားသူ(၃)ဦးကို အလုပ္ႏွင့္ ေထာင္ဒဏ္ (၁)ႏွစ္ခ်မွတ္
ထိုက္စံ (NP News)- ေဖေဖာ္ဝါ ရီ ၁၈
သုခဒဂုံ ျပည္သူ႔အငွား အိမ္ရာတြင္ အခန္းမ်ားအား ခြင့္ျပဳခ်က္မရွိ ဥပေဒမဲ့ ေရာင္းစားသူ(၃)ဦးကို အလုပ္ႏွင့္ ေထာင္ဒဏ္ (၁)ႏွစ္ခ်မွတ္ခဲ့ေၾကာင္း ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳ႕ေရးဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
သုခဒဂုံ ျပည္သူ႔အငွားအိမ္ရာသည္ ေနေရး အခက္အခဲရွိေသာ ျပည္သူ အၿငိမ္းစားဝန္ထမ္းႏွင့္ တာဝန္ထမ္းေဆာင္ဆဲ ဝန္ထမ္းမ်ားအား (၅) ႏွစ္ ငွါးရမ္း ေနထိုင္ခြင့္ေပးသည့္ ျပည္သူ႔အငွားအိမ္ရာျဖစ္ေၾကာင္းသိရသည္။
အဆိုပါငွားရမ္း ေနထိုင္ခြင့္ ရရွိသူမ်ားတြင္ အခ်ိဳ႕သည္ ကိုယ္တိုင္ ေနထိုင္ျခင္းမရွိဘဲ ထပ္ဆင့္ ငွားရမ္းျခင္း၊ ငွားရမ္းခြင့္ စာရင္းတြင္ မပါဝင္သူမ်ားအား ေနထိုင္ေစျခင္း၊ မိမိမပိုင္ေသာ အခန္းမ်ား ႏွင့္ ေစ်းဆိုင္ခန္းမ်ားအား လက္ညႇိဳးထိုး ေရာင္းစားျခင္း စသည့္ ေဆာင္႐ြက္မႈမ်ားရွိေနေၾကာင္း သိရသည္။
ထိုသို႔ ေဆာင္႐ြက္ေနေၾကာင္းကို စစ္ေဆး ေပၚေပါက္သျဖင့္ ႏိုင္ငံပိုင္ အခန္းမ်ားအား ခြင့္ျပဳခ်က္မရွိ ဥပေဒမဲ့ ေရာင္းစားသူမ်ားႏွင့္ ပူးေပါင္းပါဝင္သူမ်ားကို တရားစြဲဆိုခဲ့ရာ (၃) ဦးကို တရား႐ုံးမွ ျပည္သူပိုင္ပစၥည္း ကာကြယ္ေရးဥပေဒ ပုဒ္မ -၆(၁) အရ ျပစ္မႈ က်ဴးလြန္သျဖင့္ အလုပ္ႏွင့္ေထာင္ဒဏ္ (၁) ႏွစ္ က်ခံေစခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဌာနမွလည္း ၎တို႔၏အိမ္ခန္းငွားရမ္းခြင့္အား ပယ္ဖ်က္ခဲ့ၿပီး အခန္းကိုလည္း ျပန္လည္ သိမ္းယူခဲ့ ေၾကာင္း သိရသည္။
သို႔ျဖစ္၍ သုခဒဂုံ ျပည့္သူ႔အငွါးအိမ္ရာ အတြင္း တရားဝင္ ေနထိုင္ခြင့္ ရသူမွ အပ ထပ္ဆင့္ ငွားရမ္းျခင္း၊ အိမ္ငွါးစာခ်ဳပ္တြင္ မပါဝင္သူမ်ာ’ ေနထိုင္ေစျခင္းႏွင့္ အခန္းမ်ားအား အေရာင္းအဝယ္ လုပ္ျခင္းမ်ားကို ေရွာင္က်ဥ္ၾကရန္ ႏွင့္ စစ္ေဆး ေပၚေပါက္ပါက အခန္းငွါးရမ္းေနထိုင္ခြင့္ကို ပယ္ဖ်က္၍ ဥပေဒႏွင့္အညီ အေရးယူခံရမည္ျဖစ္ေၾကာင္း သိရသည္။