ပြည်ပသို့ လုပ်သားစေလွှတ်မှုနှင့် ပတ်သက်၍ အစိုးရသစ်ထံ အကြံပြုချက်များတင်ပြရန်ပြင်ဆင်ထား

 216

Pearl (NP News) - ဖေဖော်ဝါရီလ ၁၈
အစိုးရသစ်ကို ပြည်ပသို့ လုပ်သားစေလွှတ် မှုနှင့်ပတ်သက်၍ အကြံပြုချက်များတင်ပြရန် ပြင်ဆင် ထားကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
ဂျပန်နိုင်ငံသို့ လုပ်သားစေလွှတ်ရာတွင် ပြီးခဲ့သည့်နှစ်မေလက အလုပ်သမားဝန်ကြီးဌာနမှ ချ မှတ်ထားသည့်မူဝါဒများအတိုင်း အလုပ်ခေါ်စာများ တင်ပြထားသော်လည်း လက်ရှိအချိန်ထိ စေလွှတ်ခွင့် မရသေးကြောင်း၊ မေလမတိုင်မီတင်ပြထားသည့် အလုပ်ခေါ်စာများသာစေလွှတ်ခွင့်ရသည့်အတွက် လစဉ် လုပ်သား (၄၀ဝ) ခန့်သာစေလွှတ်နေကြောင်း သိရသည်။
ထို့အတူ အခြားနိုင်ငံများသို့ လုပ်သားစေ လွှတ်ရာတွင်လည်း OWIC ကတ်မရရှိမှုအပါအဝင် အခြားသောအခက်အခဲများရှိနေသည့်အတွက် ရှမ်း ပြည်နယ် တာချီလိတ်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်း နိုင်ငံသို့သွားရောက်ကာ ထိုင်းနိုင်ငံမှတစ်ဆင့် တတိယနိုင်ငံများသို့ တရားမဝင်သွားရောက်မှုများရှိနေကြောင်း သိရသည်။
" SOP စတဲ့ (၅) လပိုင်း (၂) ရက်ကစပြီး Demand အသစ်တွေစတင်ရတယ်။ အဲဒါတွေက အခုထိ လွှတ်ခွင့်မရသေးဘူး။ SOP စနစ်အရသတ် မှတ်ထားတဲ့ Demand တွေကနေ တစ်စောင်မှမထွက် ရသေးဘူး။ ခုထွက်နေတာ အရင်နှစ်က အဟောင်းတွေ၊ လက်ကျန်တွေ။ (၄)လပိုင်း အစိုးရသစ်တက်ရင်တော့ အပြောင်းအလဲရှိမလားတော့ မပြောတတ်ဘူး။ လက်ရှိ ကတော့ တော်တော်အခက်အခဲရှိကြတယ်။ အဲဒါတွေကို ပြန်တင်ပြဖို့လုပ်ထားတယ်။ အစကနေအဆုံး ပြည်ပ ရောက်ဖို့ဆို အနည်းဆုံး (၁၁)လကြာတယ်။ တကယ် တမ်း တစ်လကို သတ်မှတ်ထားတာ (၁၂၀ဝ)လို့ သတ် မှတ်ထားတာ။ ထွက်ခွင့်ရတာက (၄၀ဝ၊ ၅၀ဝ)ပေါ့။ မိမိ အစီအစဉ်နဲ့သွားတာတွေကပိုများနေတယ်" ဟု ပြည်ပ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက အေဂျင်စီလုပ်ငန်း ရှင်များအကြား အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ပြီး အဆိုပါဆွေးနွေးပွဲအရ ပြည်ပသို့ လုပ်သားစေလွှတ် မှုနှင့်ပတ်သက်၍ လူဦးရေကန့်သတ်ချက်နှင့် Time Frame သတ်မှတ်ချက်များကိုပြင်ဆင်နိုင်ရန်အတွက် လာမည့်အစိုးရအသစ်ကို အကြံပြုတင်ပြသွားမည်ဖြစ် ကြောင်းလည်းသိရသည်။
" အေဂျင်စီတွေအားလုံးစုပြီးတော့ ဝပ်ရှော့ လုပ်ပြီးသွားပြီ။ SOP ကို ပြင်ဆင်ဖို့ အကြံပြုချက်တွေ ပေါ့နော်။ အဓိကကတော့ အလုပ်သမားဝန်ကြီးဌာနမှာ Time Frame တွေရှိတယ်။ ဘယ်အဆင့်ကို ဘယ် လောက်နဲ့လုပ်ပေးမယ်ဆိုတဲ့ Time Frame တွေရှိ တယ်။ အခု Time Frame မရှိတော့ အကုန် ဒုက္ခ ရောက်ကုန်ရော။ ဥပမာ Demand တင်တာကနေ Forwarding Letter ရတဲ့အထိ ဟိုးအရင်တုန်းကဆို (၁) ပတ်၊ (၂) ပတ်ပဲကြာတာလေ။ အခု (၅)လကြာ တယ်။ နိုင်ငံအလိုက် အကုန်ဆွေးနွေးပြီးသွားပြီ။ ဘာတွေ တင်ပြရမလဲဆိုတာ။ အဓိကကတော့ လူဦးရေကန့်သတ် ချက်နဲ့ Time Frame ပေါ့နော်။ သူတို့ရဲ့ Timeline က အချိန်ဘယ်လောက်သတ်မှတ်မှာလဲ။ ပြီးရင် တစ်လ ကို လူဦးရေ ဘယ်လောက်သတ်မှတ်ပြီး စေလွှတ်ခွင့်ပြု မှာလဲ ။ ဒါတွေလည်း ပါတာပေါ့"ဟု ပြောသည်။

Zawgyi Version:
ျပည္ပသို႔ လုပ္သားေစလႊတ္မႈႏွင့္ ပတ္သက္၍ အစိုးရသစ္ထံ အႀကံျပဳခ်က္မ်ားတင္ျပရန္ျပင္ဆင္ထား
Pearl (NP News) - ေဖေဖာ္ဝါရီလ ၁၈
အစိုးရသစ္ကို ျပည္ပသို႔ လုပ္သားေစလႊတ္ မႈႏွင့္ပတ္သက္၍ အႀကံျပဳခ်က္မ်ားတင္ျပရန္ ျပင္ဆင္ ထားေၾကာင္း ျပည္ပအလုပ္အကိုင္ရွာေဖြေရးလုပ္ငန္း လုပ္ကိုင္ေနသူမ်ားထံမွ သိရသည္။
ဂ်ပန္ႏိုင္ငံသို႔ လုပ္သားေစလႊတ္ရာတြင္ ၿပီးခဲ့သည့္ႏွစ္ေမလက အလုပ္သမားဝန္ႀကီးဌာနမွ ခ် မွတ္ထားသည့္မူဝါဒမ်ားအတိုင္း အလုပ္ေခၚစာမ်ား တင္ျပထားေသာ္လည္း လက္ရွိအခ်ိန္ထိ ေစလႊတ္ခြင့္ မရေသးေၾကာင္း၊ ေမလမတိုင္မီတင္ျပထားသည့္ အလုပ္ေခၚစာမ်ားသာေစလႊတ္ခြင့္ရသည့္အတြက္ လစဥ္ လုပ္သား (၄၀ဝ) ခန႔္သာေစလႊတ္ေနေၾကာင္း သိရသည္။
ထို႔အတူ အျခားႏိုင္ငံမ်ားသို႔ လုပ္သားေစ လႊတ္ရာတြင္လည္း OWIC ကတ္မရရွိမႈအပါအဝင္ အျခားေသာအခက္အခဲမ်ားရွိေနသည့္အတြက္ ရွမ္း ျပည္နယ္ တာခ်ီလိတ္နယ္စပ္ဂိတ္မွတစ္ဆင့္ ထိုင္း ႏိုင္ငံသို႔သြားေရာက္ကာ ထိုင္းႏိုင္ငံမွတစ္ဆင့္ တတိယႏိုင္ငံမ်ားသို႔ တရားမဝင္သြားေရာက္မႈမ်ားရွိေနေၾကာင္း သိရသည္။
" SOP စတဲ့ (၅) လပိုင္း (၂) ရက္ကစၿပီး Demand အသစ္ေတြစတင္ရတယ္။ အဲဒါေတြက အခုထိ လႊတ္ခြင့္မရေသးဘူး။ SOP စနစ္အရသတ္ မွတ္ထားတဲ့ Demand ေတြကေန တစ္ေစာင္မွမထြက္ ရေသးဘူး။ ခုထြက္ေနတာ အရင္ႏွစ္က အေဟာင္းေတြ၊ လက္က်န္ေတြ။ (၄)လပိုင္း အစိုးရသစ္တက္ရင္ေတာ့ အေျပာင္းအလဲရွိမလားေတာ့ မေျပာတတ္ဘူး။ လက္ရွိ ကေတာ့ ေတာ္ေတာ္အခက္အခဲရွိၾကတယ္။ အဲဒါေတြကို ျပန္တင္ျပဖို႔လုပ္ထားတယ္။ အစကေနအဆုံး ျပည္ပ ေရာက္ဖို႔ဆို အနည္းဆုံး (၁၁)လၾကာတယ္။ တကယ္ တမ္း တစ္လကို သတ္မွတ္ထားတာ (၁၂၀ဝ)လို႔ သတ္ မွတ္ထားတာ။ ထြက္ခြင့္ရတာက (၄၀ဝ၊ ၅၀ဝ)ေပါ့။ မိမိ အစီအစဥ္နဲ႔သြားတာေတြကပိုမ်ားေနတယ္" ဟု ျပည္ပ အလုပ္အကိုင္ရွာေဖြေရးလုပ္ငန္းလုပ္ကိုင္ေနသူတစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက ေအဂ်င္စီလုပ္ငန္း ရွင္မ်ားအၾကား အလုပ္႐ုံေဆြးေႏြးပြဲက်င္းပခဲ့ၿပီး အဆိုပါေဆြးေႏြးပြဲအရ ျပည္ပသို႔ လုပ္သားေစလႊတ္ မႈႏွင့္ပတ္သက္၍ လူဦးေရကန႔္သတ္ခ်က္ႏွင့္ Time Frame သတ္မွတ္ခ်က္မ်ားကိုျပင္ဆင္ႏိုင္ရန္အတြက္ လာမည့္အစိုးရအသစ္ကို အႀကံျပဳတင္ျပသြားမည္ျဖစ္ ေၾကာင္းလည္းသိရသည္။
" ေအဂ်င္စီေတြအားလုံးစုၿပီးေတာ့ ဝပ္ေရွာ့ လုပ္ၿပီးသြားၿပီ။ SOP ကို ျပင္ဆင္ဖို႔ အႀကံျပဳခ်က္ေတြ ေပါ့ေနာ္။ အဓိကကေတာ့ အလုပ္သမားဝန္ႀကီးဌာနမွာ Time Frame ေတြရွိတယ္။ ဘယ္အဆင့္ကို ဘယ္ ေလာက္နဲ႔လုပ္ေပးမယ္ဆိုတဲ့ Time Frame ေတြရွိ တယ္။ အခု Time Frame မရွိေတာ့ အကုန္ ဒုကၡ ေရာက္ကုန္ေရာ။ ဥပမာ Demand တင္တာကေန Forwarding Letter ရတဲ့အထိ ဟိုးအရင္တုန္းကဆို (၁) ပတ္၊ (၂) ပတ္ပဲၾကာတာေလ။ အခု (၅)လၾကာ တယ္။ ႏိုင္ငံအလိုက္ အကုန္ေဆြးေႏြးၿပီးသြားၿပီ။ ဘာေတြ တင္ျပရမလဲဆိုတာ။ အဓိကကေတာ့ လူဦးေရကန႔္သတ္ ခ်က္နဲ႔ Time Frame ေပါ့ေနာ္။ သူတို႔ရဲ႕ Timeline က အခ်ိန္ဘယ္ေလာက္သတ္မွတ္မွာလဲ။ ၿပီးရင္ တစ္လ ကို လူဦးေရ ဘယ္ေလာက္သတ္မွတ္ၿပီး ေစလႊတ္ခြင့္ျပဳ မွာလဲ ။ ဒါေတြလည္း ပါတာေပါ့"ဟု ေျပာသည္။

Related news

© 2021. All rights reserved.