တောင်ငူတွင် ဝါယာကြိုးရှော့ဖြစ်ရာမှ ဝါးတူစက်ရုံ မီးလောင်မှု ဖြစ်ပွား

 327

ထိုက်စံ (NP News)- ဖေဖောဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင်၊ ကျွန်းကုန်းကျေးရွာတွင် ဝါယာကြိုးရှော့ဖြစ်ရာမှ ဝါးတူစက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တောင်ငူအရေးပေါ်ကယ်ဆယ်ရေး ပရဟိတအဖွဲ့၏ တာဝန်ရှိသူတစ်ဉီးထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၂၀ ရက်) ၊ မနက်ပိုင်း (၂)နာရီ (၁၇)မိနစ် အချိန်က ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင်၊ ကျွန်းကုန်းကျေးရွာရှိ (ရွှေလက်၀ါး)၀ါးတူးစက်ရုံတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အခြောက်ခံတဲ့ပေါင်းဖိုကို သွားတဲ့ ဝါယာကြိုးပေါ့။ အဲဒီဝါယာကြိုးကနေစပြီး မီးစလောင်တာ လို့ပြောတယ်ဗျ။ ဝါးတူကို အခြောက်ခံတာပေါ့။ ပေါင်းခံတဲ့ အိုးဘက်ကို သွားတဲ့ဝါယာကြိုးပေါ့။ ထိခိုက်သူတော့ မရှိပါဘူးဗျ” ၎င်းကပြောသည်။
ထိုသို့ ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ငူခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုများ၊ မြို့သစ်နယ်မြေစခန်းမှ မီးသတ်ယာဉ်အုပ်စုများ နှင့် Taungoo Rescue (T-Rescue) အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့တို့၏မီးငြိမ်းသတ်ယာဉ် နှင့် ရှာဖွယ်ကယ်ဆယ်ရေးယာဉ်များမှ ထွက်ခွါငြိမ်းသတ်ခဲ့ရာ မနက်ပိုင်း (၂)နာရီ (၃၀)မိနစ် အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဝါးတူများထားရှိသည့် ဂိုဒေါင် နှင့် ဝါးတူများအား အခြောက်ခံရာတွင် အသုံးပြုသည့် ဘွိုင်လာဖိုကြီး (၂)လုံး တို့မှာ မီးလောင်ဆုံးရှုံး ပျက်ဆီးခဲ့ပြီး ထိခိုက်ဒဏ်ရရှိသူ မရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၈ ရက်)၊ နေ့လည်ပိုင်း (၁၂)နာရီကျော်ကလည်း ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံတစ်ခု ဝါယာရှော့ဖြစ်ရာမှတဆင့် မီးလောင်မှုဖြစ် ပွားခဲ့ရာ လူ(၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေတာင္ငူတြင္ ဝါယာႀကိဳးေရွာ့ျဖစ္ရာမွ ဝါးတူစက္႐ုံ မီးေလာင္မႈ ျဖစ္ပြား
ထိုက္စံ (NP News)- ေဖေဖာဝါရီ ၂၀
ပဲခူးတိုင္းေဒသႀကီး ၊ ေတာင္ငူခ႐ိုင္၊ ကြၽန္းကုန္းေက်း႐ြာတြင္ ဝါယာႀကိဳးေရွာ့ျဖစ္ရာမွ ဝါးတူစက္႐ုံ မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း ေတာင္ငူအေရးေပၚကယ္ဆယ္ေရး ပရဟိတအဖြဲ႕၏ တာဝန္ရွိသူတစ္ဉီးထံ ဆက္သြယ္ေမးျမန္းခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီ ၂၀ ရက္) ၊ မနက္ပိုင္း (၂)နာရီ (၁၇)မိနစ္ အခ်ိန္က ပဲခူးတိုင္းေဒသႀကီး ၊ ေတာင္ငူခ႐ိုင္၊ ကြၽန္းကုန္းေက်း႐ြာရွိ (ေ႐ႊလက္၀ါး)၀ါးတူးစက္႐ုံတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“အေျခာက္ခံတဲ့ေပါင္းဖိုကို သြားတဲ့ ဝါယာႀကိဳးေပါ့။ အဲဒီဝါယာႀကိဳးကေနစၿပီး မီးစေလာင္တာ လို႔ေျပာတယ္ဗ်။ ဝါးတူကို အေျခာက္ခံတာေပါ့။ ေပါင္းခံတဲ့ အိုးဘက္ကို သြားတဲ့ဝါယာႀကိဳးေပါ့။ ထိခိုက္သူေတာ့ မရွိပါဘူးဗ်” ၎ကေျပာသည္။
ထိုသို႔ ျဖစ္ပြားေၾကာင္း သတင္းရရွိသျဖင့္ ေတာင္ငူခ႐ိုင္ မီးသတ္စခန္းမွ မီးသတ္ယာဥ္အုပ္စုမ်ား၊ ၿမိဳ႕သစ္နယ္ေျမစခန္းမွ မီးသတ္ယာဥ္အုပ္စုမ်ား ႏွင့္ Taungoo Rescue (T-Rescue) အေရးေပၚကယ္ဆယ္ေရးပရဟိတအဖြဲ႕တို႔၏မီးၿငိမ္းသတ္ယာဥ္ ႏွင့္ ရွာဖြယ္ကယ္ဆယ္ေရးယာဥ္မ်ားမွ ထြက္ခြါၿငိမ္းသတ္ခဲ့ရာ မနက္ပိုင္း (၂)နာရီ (၃၀)မိနစ္ အခ်ိန္တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ဝါးတူမ်ားထားရွိသည့္ ဂိုေဒါင္ ႏွင့္ ဝါးတူမ်ားအား အေျခာက္ခံရာတြင္ အသုံးျပဳသည့္ ဘြိဳင္လာဖိုႀကီး (၂)လုံး တို႔မွာ မီးေလာင္ဆုံးရႈံး ပ်က္ဆီးခဲ့ၿပီး ထိခိုက္ဒဏ္ရရွိသူ မရွိေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီ ၁၈ ရက္)၊ ေန႔လည္ပိုင္း (၁၂)နာရီေက်ာ္ကလည္း ေ႐ႊျပည္သာၿမိဳ႕နယ္၊ ဝါးတရာစက္မႈဇုန္တြင္ အထည္ခ်ဳပ္စက္႐ုံတစ္ခု ဝါယာေရွာ့ျဖစ္ရာမွတဆင့္ မီးေလာင္မႈျဖစ္ ပြားခဲ့ရာ လူ(၂)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.