လှည်းကူးမြို့နယ်၌ ရှေ့ာတိုက်ဒုံး (၆)လုံး တွေ့ရှိ

 599

စော(NP News)- ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ဆင်ဖုန် (မြောက်) ကျေးရွာအနီးရှိ လယ်ကွင်းအတွင်း၌ ရှေ့ာတိုက်ဒုံး (၆)လုံး တွေ့ရှိခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ရက်)၊ နံနက် (၆)နာရီခွဲအချိန်က အဆိုပါလယ်ကွင်းအတွင်းတွင်
PC ပိုက် (အပြာ) စွတ်ထားသည့် မသင်္ကာဖွယ်ပစ္စည်းများ တွေ့ရှိရသည်ကို ပြည်သူများ၏ သတင်းပေးချက်များအရ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးခဲ့ရာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များက ပစ်ခတ်ရန် ပြင်ဆင်ထားသည့် PC ပိုက် (အပြာ) စွတ်လျက်အနေအထားဖြင့် ရှော့တိုက်ဒုံး (၆) လုံးကို တွေ့ရှိရသဖြင့် အန္တရာယ်ကင်းရှင်းစေရေးအတွက် ဒုံးသီးများကို စနစ်တကျ သက်မဲ့ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းနေရာတစ်ဝိုက်အား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများ၏ သတင်းများနှင့် အကြမ်းဖက်လုပ်ရပ်များကို မသင်္ကာဖွယ်တွေ့ရှိပါက ယခုကဲ့သို့ သတင်းပေးပို့ခြင်းဖြင့် အများပြည်သူတို့ ထိခိုက်ပျက်စီးမည့်အန္တရာယ်မှ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
လွည္းကူးၿမိဳ႕နယ္၌ ေရွ႕ာတိုက္ဒုံး (၆)လုံး ေတြ႕ရွိ
ေစာ(NP News)- ေဖေဖာ္ဝါရီ ၂၂
ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္ ဆင္ဖုန္ (ေျမာက္) ေက်း႐ြာအနီးရွိ လယ္ကြင္းအတြင္း၌ ေရွ႕ာတိုက္ဒုံး (၆)လုံး ေတြ႕ရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၁ရက္)၊ နံနက္ (၆)နာရီခြဲအခ်ိန္က အဆိုပါလယ္ကြင္းအတြင္းတြင္
PC ပိုက္ (အျပာ) စြတ္ထားသည့္ မသကၤာဖြယ္ပစၥည္းမ်ား ေတြ႕ရွိရသည္ကို ျပည္သူမ်ား၏ သတင္းေပးခ်က္မ်ားအရ နယ္ေျမခံလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ စစ္ေဆးခဲ့ရာ PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕ဝင္မ်ားက ပစ္ခတ္ရန္ ျပင္ဆင္ထားသည့္ PC ပိုက္ (အျပာ) စြတ္လ်က္အေနအထားျဖင့္ ေရွာ့တိုက္ဒုံး (၆) လုံးကို ေတြ႕ရွိရသျဖင့္ အႏၲရာယ္ကင္းရွင္းေစေရးအတြက္ ဒုံးသီးမ်ားကို စနစ္တက် သက္မဲ့ျပဳလုပ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းေနရာတစ္ဝိုက္အား နယ္ေျမခံလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ားႏွင့္ စုံစမ္းစစ္ေဆးမႈမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ အၾကမ္းဖက္သမားမ်ား၏ သတင္းမ်ားႏွင့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို မသကၤာဖြယ္ေတြ႕ရွိပါက ယခုကဲ့သို႔ သတင္းေပးပို႔ျခင္းျဖင့္ အမ်ားျပည္သူတို႔ ထိခိုက္ပ်က္စီးမည့္အႏၲရာယ္မွ ကာကြယ္ေစာင့္ေရွာက္ႏိုင္မည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.