Myanmar’s Cars and Spare Parts Biggest Expo 2026 ပြပွဲတွင် Brand New EV Cars နှင့် Spare Parts အပါအဝင် ဆိုင်ခန်းပေါင်း (၆၀) ကျော်ပါဝင်ပြသ

172

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၂၂
Myanmar’s Cars and Spare Parts Biggest Expo 2026 ပြပွဲတွင် Brand New EV Cars နှင့် Spare Parts အပါအဝင် ဆိုင်ခန်းပေါင်း (၆၀) ကျော်ပါဝင်ပြသနေကြောင်း ပွဲစီစဉ်သည့် SPEC Event Company ထံမှ သိရသည်။
2026 ခုနှစ်၏ အကြီးမားဆုံး Myanmar’s Cars and Spare Parts Biggest Expo 2026 ပြပွဲကြီးကို SPEC Event Company မှ စီစဥ်ပြီး MAMDA, MORS, MYACSAA, YRMADA အသင်းတို့ကြီးမှူးကာ ရန်ကုန်မြို့၊ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်တွင် ဖေဖော်ဝါရီလ (၂၀) ရက်မှ (၂၂) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲကြီးတွင် ဆိုင်ခန်းပေါင်း (၆၀) ကျော် ပါဝင်ပြသထားပြီး Brand New EV Cars များ၊ Fuel Cars များ၊ Used Cars များ သာမက အရည်အသွေးမြင့် Spare Parts နှင့် Automotive Accessories ထိပ်တန်းအမှတ်တံဆိပ်များကိုလည်း စုံလင်စွာ ပါဝင်ပြသထားကြောင်း သိရသည်။
ယင်းပြပွဲအား မြန်မာနိုင်ငံရှိ ကားလုပ်ငန်းရှင်များ၊ ကားချစ်သူများနှင့် Automotive Industry ကို စိတ်ဝင်စားသူများအား မြန်မာ့ မော်တော်ကားလောက၏ အနာဂတ်သစ်များကို ကိုယ်တိုင်ကြည့်ရှုလေ့လာနိုင်စေရန်၊ နည်းပညာအဆင့်မြင့်ပြီး အရည်အသွေးမြင့်မားသော နောက်ဆုံးပေါ် ကားများ နှင့် Automotive Accessories များကို စျေးနှုန်းသင့်တင့်စွာဖြင့် သေချာစိစစ်လေ့လာရွေးချယ် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲတွင် နိုင်ငံတွင်း ထိပ်တန်း ကုမ္ပဏီများနှင့် နာမည်ကြီး အမှတ်တံဆိပ်များဖြစ်ကြသော KIA၊ BAIC – AGB Motor၊ JMC၊ Great Big Boss နှင့် Takhon Lin Latt စသည့် ကုမ္ပဏီများလည်း ပါဝင်ပြသနေကြောင်း သိရသည်။

Zawgyi Version:
Myanmar’s Cars and Spare Parts Biggest Expo 2026 ျပပြဲတြင္ Brand New EV Cars ႏွင့္ Spare Parts အပါအဝင္ ဆိုင္ခန္းေပါင္း (၆၀) ေက်ာ္ပါဝင္ျပသ
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၂၂
Myanmar’s Cars and Spare Parts Biggest Expo 2026 ျပပြဲတြင္ Brand New EV Cars ႏွင့္ Spare Parts အပါအဝင္ ဆိုင္ခန္းေပါင္း (၆၀) ေက်ာ္ပါဝင္ျပသေနေၾကာင္း ပြဲစီစဥ္သည့္ SPEC Event Company ထံမွ သိရသည္။
2026 ခုႏွစ္၏ အႀကီးမားဆုံး Myanmar’s Cars and Spare Parts Biggest Expo 2026 ျပပြဲႀကီးကို SPEC Event Company မွ စီစဥ္ၿပီး MAMDA, MORS, MYACSAA, YRMADA အသင္းတို႔ႀကီးမႉးကာ ရန္ကုန္ၿမိဳ႕၊ ျပည္လမ္းရွိ ျပည္သူ႔ရင္ျပင္တြင္ ေဖေဖာ္ဝါရီလ (၂၀) ရက္မွ (၂၂) ရက္ေန႔အထိ စည္ကားသိုက္ၿမိဳက္စြာ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျပပြဲႀကီးတြင္ ဆိုင္ခန္းေပါင္း (၆၀) ေက်ာ္ ပါဝင္ျပသထားၿပီး Brand New EV Cars မ်ား၊ Fuel Cars မ်ား၊ Used Cars မ်ား သာမက အရည္အေသြးျမင့္ Spare Parts ႏွင့္ Automotive Accessories ထိပ္တန္းအမွတ္တံဆိပ္မ်ားကိုလည္း စုံလင္စြာ ပါဝင္ျပသထားေၾကာင္း သိရသည္။
ယင္းျပပြဲအား ျမန္မာႏိုင္ငံရွိ ကားလုပ္ငန္းရွင္မ်ား၊ ကားခ်စ္သူမ်ားႏွင့္ Automotive Industry ကို စိတ္ဝင္စားသူမ်ားအား ျမန္မာ့ ေမာ္ေတာ္ကားေလာက၏ အနာဂတ္သစ္မ်ားကို ကိုယ္တိုင္ၾကည့္ရႈေလ့လာႏိုင္ေစရန္၊ နည္းပညာအဆင့္ျမင့္ၿပီး အရည္အေသြးျမင့္မားေသာ ေနာက္ဆုံးေပၚ ကားမ်ား ႏွင့္ Automotive Accessories မ်ားကို ေစ်းႏႈန္းသင့္တင့္စြာျဖင့္ ေသခ်ာစိစစ္ေလ့လာေ႐ြးခ်ယ္ ဝယ္ယူႏိုင္ရန္ ရည္႐ြယ္ကာ က်င္းပရျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျပပြဲတြင္ ႏိုင္ငံတြင္း ထိပ္တန္း ကုမၸဏီမ်ားႏွင့္ နာမည္ႀကီး အမွတ္တံဆိပ္မ်ားျဖစ္ၾကေသာ KIA၊ BAIC – AGB Motor၊ JMC၊ Great Big Boss ႏွင့္ Takhon Lin Latt စသည့္ ကုမၸဏီမ်ားလည္း ပါဝင္ျပသေနေၾကာင္း သိရသည္။