MMQR ပေါ်ပေါက်သည့် တစ်နှစ်ကျော်အတွင်း အသုံးပြုသူ လူဦးရေ (၂၄) သန်းကျော်ရှိ

 353

Pearl (NP News)-ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် ငွေသားအသုံးပြု၍ ငွေပေးချေမှုစနစ်မှ Cashless System သို့ တက်လှမ်းလျက်ရှိပြီး MMQR ပေါ်ပေါက်လာသည့်တစ်နှစ်ကျော်အတွင်း အသုံးပြုသူ လူဦးရေ (၂၄) သန်းကျော်ရှိကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက် အရ သိရသည်။
MMQR (Myanmar Quick Response) သည် ကုန်သည်တစ်ဦးအတွက် QR တစ်ခုတည်းဖြင့် ဘဏ်များနှင့် အခြားငွေပေးငွေယူ ကိစ္စများကိုပြုလုပ်နိုင်ပြီး MMQR စတင်ပေါ် ပေါက်ခဲ့သည့် (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်မှ (၂၀၂၆) ခုနှစ် ဇန်နဝါရီလကုန်အထိ MMQR အသုံးပြုမှုအနေဖြင့် Transaction သန်း (၃၀) ကျော်၊ ငွေပမာဏအားဖြင့် မြန်မာကျပ်ငွေ (၁၂ဒသမ၇) ထရီလျံကျော်ရှိကြောင်း သိရသည်။
ထို့အတူ MMQR အသုံးပြုသည့် ကုန်သည်ပေါင်း (၄၂၀ဝဝဝ) ဦးကျော်နှင့် အသုံးပြုသူ လူဦးရေ (၂၄) သန်းကျော် ရှိနေပြီး Cashless Society တည်ဆောက်ရန်အတွက် ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်များ၊ FinTech ကုမ္ပဏီများနှင့် ပြည်သူများအားလုံး ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်ရန် ဗဟိုဘဏ် (CBM) က တိုက်တွန်းထားသည်။
“ အခု CBM က digital payment လက်ခံဖို့ အသိပညာပေးလာတော့ စီးပွားရေးလုပ်ငန်းတွေဘက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့လိုတာပေါ့။ သူတို့တွေပါလာဖို့ဆိုရင် digital payment နဲ့ပေးရင် စားသုံးသူကို အလျှော့ပေး တာတို့၊ အလားတူပဲ ဆိုင်တွေ လုပ်ငန်းတွေအနေနဲ့လည်း digital နဲ့ လက်ခံထားရင် Tax လျော့တာတို့ မက်လုံး (incentive) ပေး ရင်ပိုအောင်မြင်နိုင်တယ်။ အခုလိုလုပ်လုပ်နိုင်ရင် digital payment တိုးတက်လာမယ်။ CBM က ငွေရိုက်ထုတ်စရိတ်ကိုလျှော့ပေးနိုင်တယ်။ ငွေနဲ့ လက်ခံရင်အခွန်ပိုပေးခိုင်းတာတို့လုပ်ပေါ့။ ပြည်သူတွေအနေနဲ့ digital payment ကို ယုံကြည်ပေးစေချင်တယ်။ နည်းပညာ (IT) အပေါ်စိုးရိမ်စရာမလိုဘူး”ဟု ဘဏ်လုပ်ငန်းနှင့် နီးစပ်သူ တစ်ဦးက NP News သို့ ပြောသည်။
ဗဟိုဘဏ်အနေဖြင့် ဆန်းသစ်တီထွင်မှုကို အားပေးသကဲ့သို့ ငွေကြေးတည်ငြိမ်မှုနှင့် စားသုံး သူကာကွယ်ရေးတို့ ကိုလည်း ခိုင်မာစွာ ထိန်းသိမ်းသွားမည့်အစီအမံများ ထည့်သွင်းသွားမည်ဖြစ်ကြောင်းလည်း ဗဟိုဘဏ်က အသိပေး ထားသည်။ လက်လီငွေပေးချေမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ MMQR ကို နိုင်ငံတကာအဆင့်မီဖန်တီးထားခြင်းဖြစ်ပြီး ဗဟို ဘဏ်မှ သတ်မှတ်ထားသော အမျိုးသား ငွေပေးချေမှုစံနှုန်းစနစ်တစ်ခုဖြစ်ကြောင်း သိရသည်။

Zawgyi Version:
MMQR ေပၚေပါက္သည့္ တစ္ႏွစ္ေက်ာ္အတြင္း အသုံးျပဳသူ လူဦးေရ (၂၄) သန္းေက်ာ္ရွိ
Pearl (NP News)-ေဖေဖာ္ဝါရီ ၂၂

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ ဦးေဆာင္မႈျဖင့္ ေငြသားအသုံးျပဳ၍ ေငြေပးေခ်မႈစနစ္မွ Cashless System သို႔ တက္လွမ္းလ်က္ရွိၿပီး MMQR ေပၚေပါက္လာသည့္တစ္ႏွစ္ေက်ာ္အတြင္း အသုံးျပဳသူ လူဦးေရ (၂၄) သန္းေက်ာ္ရွိေၾကာင္း ဗဟိုဘဏ္၏ ထုတ္ျပန္ခ်က္ အရ သိရသည္။
MMQR (Myanmar Quick Response) သည္ ကုန္သည္တစ္ဦးအတြက္ QR တစ္ခုတည္းျဖင့္ ဘဏ္မ်ားႏွင့္ အျခားေငြေပးေငြယူ ကိစၥမ်ားကိုျပဳလုပ္ႏိုင္ၿပီး MMQR စတင္ေပၚ ေပါက္ခဲ့သည့္ (၂၀၂၅) ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၈) ရက္မွ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလကုန္အထိ MMQR အသုံးျပဳမႈအေနျဖင့္ Transaction သန္း (၃၀) ေက်ာ္၊ ေငြပမာဏအားျဖင့္ ျမန္မာက်ပ္ေငြ (၁၂ဒသမ၇) ထရီလ်ံေက်ာ္ရွိေၾကာင္း သိရသည္။
ထို႔အတူ MMQR အသုံးျပဳသည့္ ကုန္သည္ေပါင္း (၄၂၀ဝဝဝ) ဦးေက်ာ္ႏွင့္ အသုံးျပဳသူ လူဦးေရ (၂၄) သန္းေက်ာ္ ရွိေနၿပီး Cashless Society တည္ေဆာက္ရန္အတြက္ ဗဟိုဘဏ္၊ ပုဂၢလိကဘဏ္မ်ား၊ FinTech ကုမၸဏီမ်ားႏွင့္ ျပည္သူမ်ားအားလုံး ဟန္ခ်က္ညီညီ ပူးေပါင္း ေဆာင္႐ြက္ရန္ ဗဟိုဘဏ္ (CBM) က တိုက္တြန္းထားသည္။
“ အခု CBM က digital payment လက္ခံဖို႔ အသိပညာေပးလာေတာ့ စီးပြားေရးလုပ္ငန္းေတြဘက္ကလည္း ပူးေပါင္းေဆာင္႐ြက္ဖို႔လိုတာေပါ့။ သူတို႔ေတြပါလာဖို႔ဆိုရင္ digital payment နဲ႔ေပးရင္ စားသုံးသူကို အေလွ်ာ့ေပး တာတို႔၊ အလားတူပဲ ဆိုင္ေတြ လုပ္ငန္းေတြအေနနဲ႔လည္း digital နဲ႔ လက္ခံထားရင္ Tax ေလ်ာ့တာတို႔ မက္လုံး (incentive) ေပး ရင္ပိုေအာင္ျမင္ႏိုင္တယ္။ အခုလိုလုပ္လုပ္ႏိုင္ရင္ digital payment တိုးတက္လာမယ္။ CBM က ေငြ႐ိုက္ထုတ္စရိတ္ကိုေလွ်ာ့ေပးႏိုင္တယ္။ ေငြနဲ႔ လက္ခံရင္အခြန္ပိုေပးခိုင္းတာတို႔လုပ္ေပါ့။ ျပည္သူေတြအေနနဲ႔ digital payment ကို ယုံၾကည္ေပးေစခ်င္တယ္။ နည္းပညာ (IT) အေပၚစိုးရိမ္စရာမလိုဘူး”ဟု ဘဏ္လုပ္ငန္းႏွင့္ နီးစပ္သူ တစ္ဦးက NP News သို႔ ေျပာသည္။
ဗဟိုဘဏ္အေနျဖင့္ ဆန္းသစ္တီထြင္မႈကို အားေပးသကဲ့သို႔ ေငြေၾကးတည္ၿငိမ္မႈႏွင့္ စားသုံး သူကာကြယ္ေရးတို႔ ကိုလည္း ခိုင္မာစြာ ထိန္းသိမ္းသြားမည့္အစီအမံမ်ား ထည့္သြင္းသြားမည္ျဖစ္ေၾကာင္းလည္း ဗဟိုဘဏ္က အသိေပး ထားသည္။ လက္လီေငြေပးေခ်မႈလုပ္ငန္းႏွင့္စပ္လ်ဥ္း၍ MMQR ကို ႏိုင္ငံတကာအဆင့္မီဖန္တီးထားျခင္းျဖစ္ၿပီး ဗဟို ဘဏ္မွ သတ္မွတ္ထားေသာ အမ်ိဳးသား ေငြေပးေခ်မႈစံႏႈန္းစနစ္တစ္ခုျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.