ဆွစ်ဇာလန်နာရီအမှတ်တံဆိပ် Hublot ၏ သံတမန်အဖြစ်ခန့်အပ်ခံခဲ့ရသည့် BTS အဖွဲ့ဝင် ဂျောင်ကွတ်

66

Pika (NP News) - ဖေဖော်ဝါရီ ၂၂
တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျောင်ကွတ်သည် ဆွစ်ဇာလန်နာရီအမှတ်တံဆိပ် Hublot ၏ သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရကြောင်းသိရသည်။ ထို့ပြင် ဂျောင်ကွတ်ကို သံတမန်အဖြစ်ခန့်အပ်မှုကို Hublot ကုမ္ပဏီက မကြာသေးမီရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အင်စတာဂရမ်ပလက်ဖောင်းတွင် Hublot ကုမ္ပဏီက တင်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုတွင် ဂျောင်ကွတ်ပါလာ မှုနှင့်အတူ ARMY များကို အံ့အားသင့်သွားစေခဲ့ ကြောင်းသိရသည်။ အဆိုပါဗီဒီယိုဖိုင်တစ်ခုတွင် ဂျောင်ကွတ်၏မျက်နှာကို ဖော်ပြထားခြင်းမျိုး မရှိသော်လည်း ၎င်း၏ဆံပင်ပုံစံနှင့်ကိုယ်လုံးကိုယ်ပေါက်ကို ပရိသတ်များက မှတ်မိသွားခဲ့ပြီးနောက် ဆိုရှယ်မီဒီ ယာတွင် ယခုကဲ့သို့ပျံ့နှံ့သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ပွဲဦးထွက်ပြီးနောက်ပိုင်းတည်းက အောင်မြင် ကျော်ကြားလာခဲ့သော ဂျောင်ကွတ်သည် ကမ္ဘာလုံး ဆိုင်ရာအနုပညာရှင်နှင့် ဖျော်ဖြေသူတစ်ယောက် အဖြစ် ရပ်တည် နိုင်ခဲ့ပြီဖြစ်ပြီး ဂီတပလက်ဖောင်း များစွာတွင် စံချိန်များစွာကို ချိုးဖျက်ထားကြောင်း လည်းသိရသည်။ ထို့ပြင် (၂၀၂၂)ခုနှစ် ကမ္ဘာ့ဖလားတွင် ဂျောင်ကွတ်သည် Dreamers သီချင်းဖြင့် သီဆိုဖျော်ဖြေမှုများလုပ်ဆောင်ခဲ့ပြီး ကမ္ဘာတစ် ဝန်း ပရိသတ်များကြားတွင် ပိုမိုရေပန်းစားလာခဲ့ကြောင်းလည်းသိရသည်။ ဂျောင်ကွတ်၏ တစ်ကိုယ်တော် သီချင်း Seven သည်လည်း Spotify ပလက်ဖောင်းတွင် ထုတ်လွှင့်မှု(၂ ဒသမ ၅)ဘီလျံကျော်သွားခဲ့သည့် ပထမဆုံး K-pop တစ်ကိုယ်တော်သီချင်းဖြစ် လာခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ဆြစ္ဇာလန္နာရီအမွတ္တံဆိပ္ Hublot ၏ သံတမန္အျဖစ္ခန႔္အပ္ခံခဲ့ရသည့္ BTS အဖြဲ႕ဝင္ ေဂ်ာင္ကြတ္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂
ေတာင္ကိုရီးယားနာမည္ေက်ာ္အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ေဂ်ာင္ကြတ္သည္ ဆြစ္ဇာလန္နာရီအမွတ္တံဆိပ္ Hublot ၏ သံတမန္အျဖစ္ ခန႔္အပ္ခံခဲ့ရေၾကာင္းသိရသည္။ ထို႔ျပင္ ေဂ်ာင္ကြတ္ကို သံတမန္အျဖစ္ခန႔္အပ္မႈကို Hublot ကုမၸဏီက မၾကာေသးမီရက္ပိုင္းအတြင္း ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အင္စတာဂရမ္ပလက္ေဖာင္းတြင္ Hublot ကုမၸဏီက တင္ခဲ့သည့္ ဗီဒီယိုဖိုင္တစ္ခုတြင္ ေဂ်ာင္ကြတ္ပါလာ မႈႏွင့္အတူ ARMY မ်ားကို အံ့အားသင့္သြားေစခဲ့ ေၾကာင္းသိရသည္။ အဆိုပါဗီဒီယိုဖိုင္တစ္ခုတြင္ ေဂ်ာင္ကြတ္၏မ်က္ႏွာကို ေဖာ္ျပထားျခင္းမ်ိဳး မရွိေသာ္လည္း ၎၏ဆံပင္ပုံစံႏွင့္ကိုယ္လုံးကိုယ္ေပါက္ကို ပရိသတ္မ်ားက မွတ္မိသြားခဲ့ၿပီးေနာက္ ဆိုရွယ္မီဒီ ယာတြင္ ယခုကဲ့သို႔ပ်ံ႕ႏွံ႔သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ပြဲဦးထြက္ၿပီးေနာက္ပိုင္းတည္းက ေအာင္ျမင္ ေက်ာ္ၾကားလာခဲ့ေသာ ေဂ်ာင္ကြတ္သည္ ကမာၻလုံး ဆိုင္ရာအႏုပညာရွင္ႏွင့္ ေဖ်ာ္ေျဖသူတစ္ေယာက္ အျဖစ္ ရပ္တည္ ႏိုင္ခဲ့ၿပီျဖစ္ၿပီး ဂီတပလက္ေဖာင္း မ်ားစြာတြင္ စံခ်ိန္မ်ားစြာကို ခ်ိဳးဖ်က္ထားေၾကာင္း လည္းသိရသည္။ ထို႔ျပင္ (၂၀၂၂)ခုႏွစ္ ကမာၻ႔ဖလားတြင္ ေဂ်ာင္ကြတ္သည္ Dreamers သီခ်င္းျဖင့္ သီဆိုေဖ်ာ္ေျဖမႈမ်ားလုပ္ေဆာင္ခဲ့ၿပီး ကမာၻတစ္ ဝန္း ပရိသတ္မ်ားၾကားတြင္ ပိုမိုေရပန္းစားလာခဲ့ေၾကာင္းလည္းသိရသည္။ ေဂ်ာင္ကြတ္၏ တစ္ကိုယ္ေတာ္ သီခ်င္း Seven သည္လည္း Spotify ပလက္ေဖာင္းတြင္ ထုတ္လႊင့္မႈ(၂ ဒသမ ၅)ဘီလ်ံေက်ာ္သြားခဲ့သည့္ ပထမဆုံး K-pop တစ္ကိုယ္ေတာ္သီခ်င္းျဖစ္ လာခဲ့ေၾကာင္းလည္း သိရသည္။