ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန် ကုသရေးဦးစီးဌာနက အသိပေးတိုက်တွန်း

 173

သန့်မင်းအိမ် (NP News)- ဖေဖော်ဝါရီ ၂၃

ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနကအသိပေး တိုက်တွန်းထားသည်။

ကြက်ငှက်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ရာသီမရွေး ကူးစက် ကျရောက်ဖြစ်ပွားတတ်သဖြင့် မိမိတို့ကြက်၊ ဘဲ၊ ငုံးခြံများတွင် အဆိုပါရောဂါ ကူးစက်ကျရောက်ခြင်း မရှိစေရေးအတွက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို စနစ်တကျမြှင့်တင်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မွေးမြူရေးခြံများတွင် ကြက်၊ ဘဲ၊ ငှက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်၊ ခြံများနှင့် ဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်းကို ပုံမှန်ပြုလုပ်ရန်၊ အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းကို ရှောင်ကြဉ်ရန်နှင့် လူ၊ ယာဉ် အဝင်အထွက်ကို တင်းကျပ်စွာ ထိန်းချုပ်ကန့်သတ်ရန် အသိပေး ထားသည်။

ထို့ အပြင် မွေးမြူရေးခြံအတွင်း အပူချိန်၊ စိုထိုင်းဆနှင့် လေဝင်လေထွက် ကောင်းမွန်စေရန် စီမံဆောင်ရွက်ရန်၊ခြံအတွင်းသို့ ဝင်ရောက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း၊ လက်အိတ်စသည့် အကာအကွယ်ပစ္စည်းများကို စနစ်တကျ ဝတ်ဆင်ရန်နှင့် ကြက်၊ ငှက်များကို ကိုင်တွယ်ပြီးတိုင်း သို့မဟုတ် ခြံများမှ ထွက်ခွာသည့်အခါတိုင်း လက်ကို ဆပ်ပြာဖြင့် ဆေးကြောခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ရန် လည်း အသိပေးထားသည်။

အလားတူ အသားနှင့် ဥများကို သေချာစွာ ကျက်အောင် ချက်ပြုတ်ပြီးမှသာ စားသုံးရန်၊ ကြက်၊ ငှက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက် သေဆုံးမှုရှိပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ထံ ချက်ချင်းသတင်းပို့ရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေဖော်ထုတ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တိုက်တွန်း အသိပေးထားသည်။

Zawgyi Version:

ၾကက္ငွက္တုပ္ေကြးေရာဂါ ႀကိဳတင္ကာကြယ္ရန္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၊ ကုသေရးဦးစီးဌာနကအသိေပး တိုက္တြန္းထားသည္။

ၾကက္ငွက္တုပ္ေကြးေရာဂါသည္ ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္ပြားရျခင္းျဖစ္ၿပီး ရာသီမေ႐ြး ကူးစက္ က်ေရာက္ျဖစ္ပြားတတ္သျဖင့္ မိမိတို႔ၾကက္၊ ဘဲ၊ ငုံးၿခံမ်ားတြင္ အဆိုပါေရာဂါ ကူးစက္က်ေရာက္ျခင္း မရွိေစေရးအတြက္ ေမြးျမဴေရးၿခံမ်ား၏ ဇီဝလုံၿခဳံမႈကို စနစ္တက်ျမႇင့္တင္ရန္လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါ ေရာဂါႀကိဳတင္ကာကြယ္ႏိုင္ေရးအတြက္ ေမြးျမဴေရးၿခံမ်ားတြင္ ၾကက္၊ ဘဲ၊ ငွက္ ေမြးျမဴေရးၿခံမ်ား၏ ဇီဝလုံၿခဳံမႈကို အထူးဂ႐ုျပဳေဆာင္႐ြက္ရန္၊ ၿခံမ်ားႏွင့္ ေဈးမ်ားတြင္ စနစ္တက် ပိုးသတ္ေဆးဖ်န္းျခင္းကို ပုံမွန္ျပဳလုပ္ရန္၊ အျခားၿခံမ်ားမွ အသုံးအေဆာင္ပစၥည္းမ်ား ငွားရမ္းသုံးစြဲျခင္းကို ေရွာင္ၾကဥ္ရန္ႏွင့္ လူ၊ ယာဥ္ အဝင္အထြက္ကို တင္းက်ပ္စြာ ထိန္းခ်ဳပ္ကန႔္သတ္ရန္ အသိေပး ထားသည္။

ထို႔ အျပင္ ေမြးျမဴေရးၿခံအတြင္း အပူခ်ိန္၊ စိုထိုင္းဆႏွင့္ ေလဝင္ေလထြက္ ေကာင္းမြန္ေစရန္ စီမံေဆာင္႐ြက္ရန္၊ၿခံအတြင္းသို႔ ဝင္ေရာက္ပါက ပါးစပ္ႏွင့္ ႏွာေခါင္းစည္း၊ လက္အိတ္စသည့္ အကာအကြယ္ပစၥည္းမ်ားကို စနစ္တက် ဝတ္ဆင္ရန္ႏွင့္ ၾကက္၊ ငွက္မ်ားကို ကိုင္တြယ္ၿပီးတိုင္း သို႔မဟုတ္ ၿခံမ်ားမွ ထြက္ခြာသည့္အခါတိုင္း လက္ကို ဆပ္ျပာျဖင့္ ေဆးေၾကာျခင္းႏွင့္ တစ္ကိုယ္ေရသန႔္ရွင္းေရး ျပဳလုပ္ရန္ လည္း အသိေပးထားသည္။

အလားတူ အသားႏွင့္ ဥမ်ားကို ေသခ်ာစြာ က်က္ေအာင္ ခ်က္ျပဳတ္ၿပီးမွသာ စားသုံးရန္၊ ၾကက္၊ ငွက္မ်ား ပုံမွန္မဟုတ္ဘဲ ႐ုတ္တရက္ ေသဆုံးမႈရွိပါက နီးစပ္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႕၊ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံ ေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္တို႔ထံ ခ်က္ခ်င္းသတင္းပို႔ရန္ႏွင့္ ေရာဂါႀကိဳတင္ကာကြယ္ေရးႏွင့္ ရွာေဖြေဖာ္ထုတ္ေရးလုပ္ငန္းမ်ားတြင္ သက္ဆိုင္ရာဌာန၊ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ရန္ တိုက္တြန္း အသိေပးထားသည္။

Related news

© 2021. All rights reserved.