မြဝတီမြို့နယ်အတွင် အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား(၁၅ဝ)ကျော်ကို ဖမ်းဆီးရမိ

250

သန့်မင်းအိမ် (NP News) - ဖေဖော်ဝါရီ ၂၇
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင် အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား (၁၅၀)ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုလုပ်ငန်းများကို ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ယမန်နေ့( ဖေဖော်ဝါရီ ၂၆ ရက်)၊ မွန်းလွဲပိုင်းက မြဝတီမြို့နယ် မေတ္တာလင်းမြိုင် ကျေးရွာအနီးတွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် အွန်လိုင်းလိမ်လည်မှုနှင့်လောင်းကစားမှုများ လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသား (၁၄၈) ဦး၊ ထိုင်းနိုင်ငံသားသုံးဦး၊ ဖိလစ်ပိုင်နိုင်ငံသားသုံးဦး၊ ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးနှင့် ရုရှားနိုင်ငံသားတစ်ဦး စုစုပေါင်း(၁၅၆) ဦးတို့ကို RC ငါးထပ်အဆောက်အအုံတစ်ခုအတွင်း၌ ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့နှင့်အတူ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် All In One ကွန်ပျူတာအလုံး (၁၁၀) မိုဘိုင်းဖုန်း အလုံး (၂၂၀၀) နှင့် လုပ်ငန်းသုံးပစ္စည်းများကို စိစစ်တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း နှင့် ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို မြဝတီမြို့ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ကြောင်းလည်း သိရသည်။
ထို့ပြင် သိမ်းဆည်းရမိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများကိုလည်း ထပ်မံအသုံးပြု နိုင်ခြင်းမရှိစေရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ျမဝတီၿမိဳ႕နယ္အတြင္ အြန္လိုင္းလိမ္လည္မႈလုပ္ကိုင္ေနသည့္ ျပည္ပႏိုင္ငံသား(၁၅ဝ)ေက်ာ္ကို ဖမ္းဆီးရမိ
သန႔္မင္းအိမ္ (NP News) - ေဖေဖာ္ဝါရီ ၂၇
ျမန္မာ-ထိုင္းနယ္စပ္၊ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္အတြင္ အြန္လိုင္းလိမ္လည္မႈလုပ္ကိုင္ေနသည့္ ျပည္ပႏိုင္ငံသား (၁၅၀)ေက်ာ္ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ တရားမဝင္အြန္လိုင္းလိမ္လည္မႈမ်ား၊ အြန္လိုင္းေလာင္းကစားမႈလုပ္ငန္းမ်ားကို ေဖာ္ထုတ္ဖမ္းဆီးလ်က္ရွိရာ ယမန္ေန႔( ေဖေဖာ္ဝါရီ ၂၆ ရက္)၊ မြန္းလြဲပိုင္းက ျမဝတီၿမိဳ႕နယ္ ေမတၱာလင္းၿမိဳင္ ေက်း႐ြာအနီးတြင္ အထက္ပါကဲ့သို႔ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာအနီးတြင္ အြန္လိုင္းလိမ္လည္မႈႏွင့္ေလာင္းကစားမႈမ်ား လုပ္ကိုင္ေနၾကသည့္ တ႐ုတ္ႏိုင္ငံသား (၁၄၈) ဦး၊ ထိုင္းႏိုင္ငံသားသုံးဦး၊ ဖိလစ္ပိုင္ႏိုင္ငံသားသုံးဦး၊ ကေမာၻဒီးယားႏိုင္ငံသားတစ္ဦးႏွင့္ ႐ုရွားႏိုင္ငံသားတစ္ဦး စုစုေပါင္း(၁၅၆) ဦးတို႔ကို RC ငါးထပ္အေဆာက္အအုံတစ္ခုအတြင္း၌ ေဖာ္ထုတ္ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၎တို႔ႏွင့္အတူ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈ က်ဴးလြန္ရာတြင္ အသုံးျပဳသည့္ All In One ကြန္ပ်ဴတာအလုံး (၁၁၀) မိုဘိုင္းဖုန္း အလုံး (၂၂၀၀) ႏွင့္ လုပ္ငန္းသုံးပစၥည္းမ်ားကို စိစစ္ေတြ႕ရွိဖမ္းဆီးရမိခဲ့ေၾကာင္း ႏွင့္ ေဖာ္ထုတ္ရွင္းလင္းျခင္းမ်ားကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ ေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့သည့္ ျပည္ပႏိုင္ငံသားမ်ားကို ျမဝတီၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ ထိန္းသိမ္းထားရွိၿပီး ဌာနဆိုင္ရာပူးေပါင္းအဖြဲ႕မ်ားက လိုအပ္သည့္ ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ မွတ္တမ္းမ်ား စာရင္းေကာက္ယူျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသည့္ တရားမဝင္ အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ားအပါအဝင္ ဒုစ႐ိုက္လုပ္ငန္းမ်ားတြင္ ပါဝင္ခဲ့ၾကသည့္ ျပည္ပႏိုင္ငံသားမ်ားအား လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈတို႔ကို ေရွးရႈ၍ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံးျပန္လည္လႊဲေျပာင္းေပးအပ္ႏိုင္ေရး ေဆာင္႐ြက္သြားမည္ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ သိမ္းဆည္းရမိသည့္ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ ပစၥည္းမ်ားကိုလည္း ထပ္မံအသုံးျပဳ ႏိုင္ျခင္းမရွိေစေရး လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။